ရောက်ရှိနေသည့်နေရာ
Home > Internet > ဇော်ဂျီ၊ ယူနီကုဒ် နှစ်မျိုးလုံးကို Firefox Browser ပေါ်မှာ ဖတ်နိုင်တဲ့ ကိန္နရီ

ဇော်ဂျီ၊ ယူနီကုဒ် နှစ်မျိုးလုံးကို Firefox Browser ပေါ်မှာ ဖတ်နိုင်တဲ့ ကိန္နရီ

ယခုနောက်ပိုင်း ယူနီကုဒ် တွေကို အသုံးပြုဖို့ Developer တွေက ပြန်လည်ဆော်သြ လာကြပါတယ်။ အမှန်တကယ်လည်း ဇော်ဂျီကို လက်လွှတ်ပြီး ယူနီကုဒ်ကို အသုံးပြုဖို့ အချိန်တန်ပါပြီ။

ယခုအချိန်မှာ Developer တော်တော်များများကလည်းပဲ ယူနီကုဒ်ကိုပဲ အသုံးပြုနေကြပါပြီ။ ဆက်လက်ပြီး Facebook မှ နည်းပညာ စာမျက်နှာများ၊ သတင်းစာမျက်နှာများ၊ ဝဘ်ဆိုက်များ အစိုးရ ဝဘ်ဆိုက်များမှာ ယူနီကုဒ်ကိုပဲ အသုံးပြုထားပါတယ်။ အချို့ ဝဘ်ဆိုက်တွေက Font Face တွေကို ဝဘ်ဆိုက်မှာ တခါတည်း ထည့်သွင်းပေးထားသလို အချို့ ဝဘ်ဆိုက်တွေကတော့ အင်တာနက်ကနေ ဆွဲသုံးထားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် Browser ကနေ ချိန်းသုံးရတဲ့ ဝဘ်ဆိုက်၊ ဘလော့ဂ်တွေက တော်တော်များများ ရှိနေပါသေးတယ်။ အဲဒီအတွက် Mozilla Firefox မှာ Kain Na Yi Plug-in ဆိုတဲ့ Plug-in ဟာ အရမ်းကို အဆင်ပြေပါတယ်။ ဇော်ဂျီရော၊ ယူနီကုဒ်ပါ ဖတ်နိုင်ပါတယ်။ သီးသန့် Font လည်း ထည့်စရာမလိုပါဘူး။ ယူနီကုဒ်ကိုကော ဇော်ဂျီကိုပါ ကောင်းကောင်းမွန်မွန် ဖော်ပြနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Firefox version 15.0 – 43.* အထိပဲ အလုပ်လုပ်တယ်လို့ ဆိုထားပါတယ်။ နောက်ပိုင်းဗားရှင်းတွေတော့ ရမရတော့ မစမ်းကြည့်ရသေးပါဘူး။

ကိန္နရီ

ဇော်ဂျီ မှ ယူနီကုတ်ပြောင်းလိုသူများကို အလွယ်ကူဆုံးဖြစ်စေရန် ဖြစ်ပါတယ်။

– FONT ရှိရန် မလိုပါ။
– ဇော်ဂျီနှင့် ယူနီကုတ် အတူတူတွဲ ကြည့်နိုင်မည်။
– ပုံမှန် သင်ရိုက်နေကြ ဇော်ဂျီကီးဘုတ်ဖြင့် ယူနီကုတ်များ အလွယ်တကူရိုက်နိုင်သည်။
– စာတန်းပေါ်သိုမဟုတ် Ctrl + Alt ဖိလျှက် mouse ဖြင်နိပ်၍ ဇော်ဂျီ <=> ယူနီကုတ် ပြောင်းနိုင်သည်။

Official blog — http://mmfontprefixr.blogspot.com
Facebook — https://www.facebook.com/mmfontprefixr

Plug-in Link >> https://addons.mozilla.org/en-US/firefox/addon/kain-na-yi-plug-in/?src=search

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Leave a Reply

Top
%d bloggers like this: