Product ReviewsTechnology Explained

Yi 4K Action Cam ဟာ Go Pro ကို အထိတ်တလန့်ဖြစ်စေနိုင်

0
Yi 4K and Hero 4

ရုတ်တရက်ကျော်ကြားလာခဲ့တဲ့ တရုတ်ကုမ္ပဏီဟာ သူတို့ရဲ့ ဒေါ်လာ ၂၄၉ တန် Yi action 4K camera ဟာ သူ့ထက် ဈေး ၂ဆလောက်နဲ့ရောင်းချနေတဲ့ GoPro Hero4 Black ထက် ပိုမိုကောင်းမွန်ပါတယ်လို့ အခိုင်အမာ ကတိပေးခဲ့ပါတယ်။

Go Pro ဆိုတဲ့နာမည်ဟာ action cams တွေနဲ့ အဓိပ္ပာယ်တူပါတယ်။ ဒီတော့ ဘယ် action camera ကိုပဲဖြစ်ဖြစ် Go Pro လို့ခေါ်နိုင်မလားဆိုတာကတော့ စဉ်းစားဖွယ် ဖြစ်ပါတယ်။ ကျွန်တော်ဟာ ရက်ပေါင်းအနည်းငယ်ကြာအောင် Yi 4K action camera ကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီမှာ ဘာတွေ့လဲဆိုတော့ Yi 4K ဟာ GoPro Hero4 Black လောက်ကောင်းတယ်ဆိုတာမဟုတ်ပါဘူး ။ သူ့ထက်ကိုပိုကောင်းတာပါ။

ကောင်းမွန်မှု

 

Touchscreen အလွယ်တကူချိန်ညှိနိုင်ပြီး ရိုက်ချက်တွေကို preview, review လုပ်နိုင်ပါတယ်
ဗွီဒီယိုအရည်အသွေး ွGoPro လောက် အတော်လေးကို ကောင်းမွန်ပါတယ်
ဘတ်ထရီသက်တမ်း action camera အတွက်တော့ ထူးခြားကောင်းမွန်ပါတယ်
ဈေးနှုန်း အဲဒီဈေးနဲ့ရတယ်ဆိုတာ မယုံကြည်နိုင်အောင်ပါပဲ
Android application တမူထူးခြားပြီး မြန်ဆန်ပေါ့ပါးပြီးတော့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ပါတယ်

 

သိပ်မကောင်းတာတွေကတော့

ဆက်စပ်ပစ္စည်းများမပါခြင်း ကင်မရာမှာပါတာကတော့ အားသွင်းကြိုးနဲ့ ဘတ်ထရီပဲ ဖြစ်ပါတယ်
LEDs အရောင်မှိန်ခြင်း ကျွန်တော့အနေနဲ့တော့ နည်းနည်းလေး ပိုလင်းမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်မြင်မိပါတယ်
Memory card slot memory card slot ကလည်း ဘတ်ထရီဘေးမှာရောက်နေတဲ့အတွက် သုံးရတာ အဆင်မပြေပါဘူး
ရေစိုမခံခြင်း အဖုံးအကာမပါတဲ့အတွက်ကြောင့် ကင်မရာဟာ ရေတို့ ဖုန်တို့ဒဏ်ကို မခံနိုင်ပါဘူး
image stabilization ညံ့ခြင်း Yi 4K ရဲ့ electronic image stabilization ဟာ များများစားစားလုပ်မပေးနိုင်ပါဘူး

အသေးစိတ်အချက်အလက်တွေကတော့

Processor Ambarella A9SE
Image Sensor SONY IMX377, 1/2.3″, 12 megapixels
LCD Screen 2.19″, 640×360 resolution touch screen, 330ppi, 16:9
Lens F2.8 aperture / 155°
Wi-Fi 5GHz /2.4GHz
Battery 1430mAH
Weight 3.4oz
Dimensions 65 x 42 x 30 mm
Features Loop recording, time-lapse video, electronic image stabilization, lens distortion correction
4K 30fps
2.5K 30fps
1440p 60, 30fps
1080p 120, 60, 30fps
960p 120, 60fps
720p 240fps

ဒီဇိုင်းနဲ့ တည်ဆောက်ထားပုံတွေကတော့


ကဲ ပြောလို့မကောင်းတာလေးနဲ့ပဲ ပထမဆုံးအနေနဲ့ Yi 4K ဟာ GoPro နဲ့ အတော်လေးကို တူပါတယ်။ Yi 4K ရဲ့ ရေစိုခံကာဗာဟာ GoPro ရဲ့ဟာနဲ့ တစ်ထပ်တည်းနီးပါးကိုတူနေပါတယ်။ သူဟာဆိုရင် GoProရဲ့ mounting system ကို အသုံးပြုထားပါတယ်။ ကင်မရာနှစ်ခုစလုံးရဲ့ UI ဟာဆိုရင်တော့ GoPro နဲ့ တော်တော်လေးကို ဆင်တူပါတယ်။ တုပလုပ်ထားတာကို မြှောက်ပင့်ပြီးတော့ ပြောရမယ်ဆိုရင်တော့ GoPro သုံးစွဲသူတွေအနေနဲ့ Yi 4K ကို ပထမဆုံး မြင်လိုက်ရတဲ့အချိန်မှာ အူကျရောဂါရှိမရှိလာစစ်ဆေးတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လို ရှက်သွေးဖြာသွားသလိုပါပဲ။

ဟုတ်ပါတယ်။ GoPro ကနေ ငှားထားတယ်လို့ပြောလို့ရတဲ့ အချို့အရာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် Yi နဲ့ GoPro ရဲ့ရှေ့နေတွေကို လုပ်ခွင့်ပေးလိုက်ပါမယ်။ ကျွန်တော်ကတော့ အဲဒါတွေကို ဆက်နွေးပြပါမယ်။

ဒါကတော့ နောက်တစ်ခုပေါ့။ 4K ကို Hero5 Black နဲ့မစမ်းဘဲ GoPro Hero4 Black နဲ့ စမ်းသပ်ကြည့်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဒီဟာကို ရေးနေတုန်းက Hero5 Black မရှိလို့ဖြစ်ပါတယ်။ နောက်ပြန်လှည့်ပြီး ပြန်ရေးဖို့လည်း မဖြစ်နိုင်လို့ပါ။ (ဒီအကြောင်းအရာဟာ ကျွန်တော်ရေးခဲ့သမျှတွေထဲမှာ အချိန်အကုန်ဆုံး တစ်ခု ဖြစ်ပါတယ်။) စိတ်ပျက်သွားတယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး။ Hero5 ရဲ့ video quality ဟာ Hero4 လောက်နီးနီး ဆင်တူတယ်ဆိုတာ သင်ဖတ်မိရင်တော့ စိတ်သက်သာရာရမယ်လို့တော့ ထင်မိပါတယ်။ ဒါကြောင့် ကျွန်တော့်နှိုင်းယှဉ်ချက်တွေကတော့ အလုပ်ဖြစ်ပါသေးတယ်။

ဟုတ်ပါပြီ။ Yi 4K action cam ရဲ့ ဆင်တူနေတဲ့အချက်တွေအကြောင်း ပြောပြခဲ့တာပါ။ ကဲ အခု စပြီးတော့ သူ့အကြောင်းကို လေ့လာကြည့်ကြတော့မလား။

အရှေ့ပိုင်း

Yi 4K ရဲ့အရှေ့ဘက်အခြမ်းမှာ သတိပြုမိမဲ့အရာကတော့ တစ်လက်မရဲ့ သုံးပုံတစ်ပုံလောက်ကို ငေါထွက်နေတဲ့ မှန်ဘီလူး ဖြစ်ပါတယ်။ ကင်မရာရဲ့ လက်ရှိအခြေအနေကို ဖော်ပြပေးတဲ့ LED လေးတွေလည်း ပါဝင်ပါသေးတယ်။ သူ့ရဲ့အလင်းရောင်ဟာ သိပ်မလင်းတဲ့အတွက်ကြောင့် နေရောင်ထဲမှာတော့ ကြည့်ဖို့ခက်ပါတယ်။ ရေစိုခံကာဗာထဲမှာ ထည့်ထားတဲ့အချိန်ဆိုရင်တော့ ကြည့်ဖို့ခက်ပါတယ်။

အနောက်ပိုင်း

၂.၂လက်မရှိတဲ့ LCD touch screen ကတော့ Gorilla Glass နဲ့ အနောက်ခြမ်းတစ်ခုလုံးကို နေရာယူထားပါတယ်။ သူ့ရဲ့ screen  အတွက်တော့တော်တော်လေးကြည်လင်တဲ့ 640 x 360 pixels (330ppi) ရုပ်ထွက်ရှိပါတယ်။ သူ့ရဲ့ 16:9 aspect ratio အတွင်းမှာ letter-boxing မပါတဲ့အတွက် ဒီဇိုင်းအရ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ screen ပုံစံဟာ ကင်မရာတစ်ခုလုံးရဲ့ပုံစံနဲ့ ကိုက်ညီပါတယ်။ Hero4 Black နဲ့ အမြင့်၊ အထူ တူပေမဲ့လည်း Yi 4K ကတော့ ၂၅% လောက် ပိုကျယ်ပါတယ်။

Screen ရဲ့ color accuracy ကတော့ ပြီးပြည့်စုံမှုမရှိပါဘူး။ white balance ကတော့ ကျွန်တော့အမြင်မှာ cool side ဘက်ကို တော်တော်လေးရောက်နေတယ်လို့ ထင်ပါတယ်။ နေသာတဲ့အချိန် outdoor ရိုက်မယ်ဆိုရင်တော့ အလင်းမှုန်လေးတွေ သုံးနိုင်ပါတယ်။ ဒါပေမဲ့လည်း တော်တော်လေးကောင်းအောင် လုပ်ထားပါတယ်။

အပေါ်နဲ့အအောက်ပိုင်း

ကင်မရာနဲ့ အပေါ်ပိုင်းမှာတော့ dual microphones, speaker နဲ့ ကင်မရာမှာပါဝင်တဲ့ တစ်ခုတည်းသော physical button ဖြစ်တဲ့ shutter button တို့က နေရာယူထားပါတယ်။ ကင်မရာရိုက်ကူးနေတဲ့အချိန်မှာ shutter button ရဲ့ အလည်က LED မီးလေးက နီနေပြီး screen နဲ့ တခြား LED တွေလိုပဲ အရောင်တော့ မှိန်ပါတယ်။

အောက်အခြမ်းမှာတော့ ဘတ်ထရီနဲ့ MicroSD card slot တို့အတွက် အဖွင့်အပိတ်လေး တစ်ခုရှိပါတယ်။ SD card ကတော့ တစ်ကြိမ်ထည့်ပြီးပြီဆိုတာနဲ့ ပြန်ထုတ်ရတာ ခက်ပါတယ်။ လက်သည်းရှည်ရှည် ဒါမှမဟုတ် ချွန်ထက်တဲ့အရာတစ်ခုတော့ လိုပါလိမ့်မယ်။ သုံးချောင်းထောက်တိုင်အပေါက်ကတော့ ကင်မရာရဲ့ အောက်ဘက်ညာထောင့်နားမှာ ရှိပါတယ်။

ဘေးဘက်

ကင်မရာရဲ့ ဘယ်ဘက်အခြမ်းမှာတော့ ဘာမှမပါဘဲ ညာဘက်မှာတော့ MicroUSB အားသွင်းပေါက်ကို ဖုံးအုပ်ထားတဲ့ အပိတ်ကလေးရှိပါတယ်။ Hero4 Black မှာ ကာထားတဲ့ အလွယ်တကူပြုတ်ကျပျောက်သွားနိုင်တာမျိုးမဟုတ်ဘဲ ပလတ်စတစ်အသေးလေးနဲ့ ကင်မရာကို ချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒါကတော့ မတူတဲ့အချက်ပါပဲ။ နေရာတိုင်းမှာအဆင်ပြေနေနိုင်တဲ့ MicroUSB နဲ့ အားသွင်းစနစ်ကတော့ ကြည့်လို့ကောင်းပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ Yi 4K ရဲ့ တည်ဆောက်ထားမှုဒီဇိုင်းဟာ ကောင်းမွန်ပါတယ်။ ကောင်းမွန်စွာတပ်ဆင်ထားပြီး အရည်အသွေးမြင့် ပလတ်စတစ်တွေကိုအသုံးပြုထားတယ်။ ခလုတ်တွေကလည်း ကောင်းမွန်ပြီး နှိပ်လို့ကောင်းပါတယ်။ ကိုင်ရတာလည်း စီးစီးပိုင်ပိုင်ရှိပါတယ်။ GoPro ဟာ ဈေးသက်သာတဲ့အတွက် ကောင်းပါတယ်။ ဒေါ်လာ၂၅၀ ဆိုတာတော့ နည်းနည်းများတဲ့အတွက် အဲဒီငွေနဲ့တန်အောင် အရည်အသွေးကောင်းအောင်လုပ်ပေးဖို့ Yi 4Kကိုဈေးဆစ်ချင်ပါတယ်။

Control အပိုင်း

Hero4 Blackရဲ့ ခလုတ်သုံးခုနဲ့ LCD ထက်တော့ Yi 4K က သူ့ရဲ့ touchscreen နဲ့ဆိုတော့ သုံးရတာပိုကောင်းတယ်ဆိုတာ ငြင်းစရာမရှိသလို ယှဉ်ပြစရာလည်း မလိုလောက်အောင်ပါပဲ။ Hero4 Black ကို ဒီစာမရေးခင်အချိန်အထိ မသုံးဖူးဘူးဆိုတော့ ဘယ်လိုလုပ်ပြီးများ မမြင်လွယ်တဲ့ control ပိုင်းတွေနဲ့ action camera လောကမှာ ထိပ်တန်းရောက်နေလဲဆိုတာ မသိတော့ပါဘူး။

တကယ်တော့ ကျွန်တော်ဟာ အဲလိုကင်မရာတွေမှာ ချိန်ညှိရတာကို အင်မတန် မုန်းပါတယ်။ fps လိုဟာမျိုးတစ်ခုခုကို မှားပြီးတော့ နှိပ်လိုက်မိတယ်ဆိုရင်တော့ အချိန်တိုင်းကို အလွဲတွေ ဖြစ်နေလို့ပါပဲ။ ဒါဟာ GoProသုံးရတာ ပထမဆုံးအတွေ့အကြုံဖြစ်ပါတယ်။ သုံးနေကျသွားရင်တော့လည်း သုံးတတ်သွားမယ်လို့ ထင်ပါတယ်။ ဈေးကြီးတဲ့ Black ကျတော့ ကန်ထုတ်ခံရပြီး ဘာဖြစ်လို့ ဈေးသက်သာပြီး touchscreen ပါတဲ့ Hero4 Silver ကျမှ တင့်တင့်တယ်တယ် ဖြစ်နေရတာလဲဆိုတာတော့ နားကိုမလည်နိုင်ပါဘူး။ GoPro fans တွေအတွက် သတင်းကောင်းကတော့ Hero5 Black မှာ touchscreen ပါဝင်တယ်ဆိုတာပါပဲ။ ဒါဟာ Yi 4K နဲ့ ငြင်းခုံနိုင်တဲ့ အားသာချက်တစ်ချက် ဖြစ်လာပါတယ်။

ကင်မရာရဲ့ control တွေဟာ မြင်သာပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ touchscreen ဟာ တုံ့ပြန်မှုကောင်းမွန်ပြီး ခိုင်းစေချက်တွေကိုနားလည်တာနဲ့ပတ်သတ်လို့ ဘာအမှားအယွင်းမှ မရှိပါဘူး။ စိုနေတဲ့လက်နဲ့ သုံးတဲ့အခါမှာဘဲ အဆင်မပြေဖြစ်ပါတယ်။ ဒါဟာလည်း touch screenတိုင်းလိုလို ဖြစ်တတ်ပါတယ်။ settings တွေဟာလည်း အပြောင်းအလဲပြုလုပ်တဲ့အခါမှာ မြင်သာပြီး သွက်လက်လှပါတယ်။ ဓါတ်ပုံအတွက် သုံးခု၊ ဗွီဒီယိုအတွက်သုံးခုဆိုပြီးတော့ shooting modes ခြောက်ခုနဲ့ နှစ်ခုလုံးအတွက် လိုတာထက်ကိုပိုနေတဲ့ settings တွေ ပါဝင်ပါသေးတယ်။

GoPro  မှာ ပါဝင်တဲ့ ဗွီဒီယိုကို ရုပ်ရှင်ဆန်အောင်လုပ်ပေးတဲ့ 24fps လိုအရာမျိုးကို Yi 4K မှာမပါဝင်ပါဘူး။ Hero4 Black မှာ မပါတဲ့ shooting modes တွေတော့ ပါဝင်ပါတယ်။ image stabilization mode (Hero5 Black မှာတော့ ပါပါပြီ) နဲ့ corrects lens distortion (the fish-eye effect လို့ လူသိများပါတယ်) တို့ ပါဝင်ပါတယ်။ ဗွီဒီယိုနမူနာလေးတွေနဲ့ ပိုရှင်းအောင် ပြပေးပါမယ်။

ချိန်ညှိဖို့အတွက် touchscreen ရှိခြင်းဟာ အတော့်ကိုကောင်းမွန်ပါတယ်။ framing shots တွေမှာ viewfinder အနေနဲ့သုံးလို့ရတာကလည်း အံ့သြဖွယ်ဖြစ်ပါတယ်။ ရိုက်ချက်အတွက် angle မမှန်တာတို့ တခြားအရာတွေရန်ကနေ ကာကွယ်ပေးတဲ့အတွက် အတော့်ကိုသက်တောင့်သက်သာ ရှိစေပါတယ်။

Yiရဲ့ controls ကို စမ်းသပ်တဲ့အခါမှာ နေရောင်နဲ့ နေ့အချိန်မှာသာမက အခြားပြဿနာတစ်ခုလည်း ရှိပါသေးတယ်။ Yi 4K ကို ရေစိုခံကာဗာထဲမှာ ထားလိုက်ပြီဆိုတာနဲ့ သူ့ရဲ့အံ့သြဖွယ် touch screen ကိုသုံးလို့မရတော့ပါဘူး။ ရေအောက်ထဲမှာ ဒါမှမဟုတ် စိုစွတ်ညစ်ပတ်တဲ့နေရာမှာ သင်ဟာ ဘာsetting ပြောင်းလဲမှုမှ မလုပ်နိုင်တော့ဘူးလို့ ဆိုလိုလိုက်တာဖြစ်ပါတယ်။ စမတ်ဖုန်း app ကနေပြီးတော့ settings ပြောင်းလို့ရပေမဲ့ ရေအောက်အသက်ရှူပိုက်ကို သုံးထားရတဲ့အခိုက်အတန့်မှာ အခက်အခဲရှိနိုင်ပါတယ်။ ကောင်းပါသေးရဲ့လား။ လူအများစုအတွက်တော့ မဖြစ်နိုင်ပေမယ့် ရေးပြသင့်လို့ပါ။

ဘတ်ထရီသက်တမ်း

Hero4 Black ကတော့ ဘတ်ထရီသိပ်မကောင်းဘူးလို့ သိရပါတယ်။ ဘယ်လောက်ထိလဲဆိုတာတော့ မပြင်ဆင်ရသေးပါဘူး။ ကျွန်တော်စမ်းသပ်နေတုန်းကတော့ GoPro နဲ့ ရိုက်ကူးပြင်ဆင်တာ တစ်နာရီနဲ့ မိနစ်ငါးဆယ်ကျော်ကျော်လောက် ရခဲ့ပါတယ်။ သူ့မှာလည်း LCD screen ပါဝင်တဲ့အတွက် Yi လည်း GoPro လောက် အားခံမယ် ဒါမှမဟုတ် နည်းနည်းလောက်ပဲ လျော့မယ်လို့ ခန့်မှန်းပါတယ်။

touch screen ပါနေတာတောင်မှ အားခံတဲ့အတွက် Yi 4K ကို ကျေနပ်အံ့သြရပါတယ်။ ဘယ်လောက်ပိုကောင်းသလဲ။ အားသွင်းပြီးတာနဲ့ နှစ်နာရီခွဲေလောက် သုံးလို့ရတယ်လို့ နှစ်ဆလောက် ပိုကောင်းတာပေါ့။ Yi မှာ ဘတ်ထရီဟာ အနည်းငယ်ပိုကြီးတဲ့အတွက် GoPro ထက်တော့ ကင်မရာကို ပိုကြီးသွားစေပါတယ်။ ဒါပေမယ့် Hero4 Black ရဲ့ ဘတ်ထရီထက် နှစ်ဆလောက်များတယ်ဆိုတော့ နည်းနည်းလေးကြီးတာ ဖြစ်သင့်ပါတယ်။

ဆက်စပ်ပစ္စည်းများ

အားသွင်းကြိုးကလွဲပြီးတော့ Yi 4K မှာ မရှိပါဘူး။ (ဒါတောင် adapter က ကိုယ့်ဆီမှာရှိတာနဲ့သုံးရဦးမှာပါ) Hero4 Black မှာ ရေစိုခံကာဗာနဲ့ mounting clips တွေပါတာကတော့ အားငယ်စရာပါပဲ။ GoPro ရဲ့ mount systems နဲ့ကိုက်ညီတဲ့ Yi ရေစိုခံကာဗာကတော့ သင့်ကို ဒေါ်လာ၄၀ ထပ်ကုန်စေဦးမှာပါ။

သင့်အနေနဲ့ ရေစိုခံကာဗာက မရှိမဖြစ်လိုတယ်လို့ တွေးမိရင်တော့ ကင်မရာကို ဒေါ်လာ၃၀၀လောက် ပေးဝယ်ရသလို ဖြစ်ပါလိမ့်မယ်။ ဒါဟာ Hero5 Black (ရေအောက်မှာသုံုးလို့ရတဲ့ဟာတော့မပါပေမဲ့ ရေစိုခံကာဗာတော့ ပါဝင်ပါတယ်)ထက် ၁၀၀ လောက်ပိုများပြီး Yi ကို ဈေးဆစ်အောင် လုပ်နေသလိုပါပဲ။

ဝယ်လို့ရနိုင်တဲ့ Yi ဆက်စပ်ပစ္စည်းတွေကတော့ သိပ်မများပါဘူး။ ဒါပေမဲ့လည်း သူတို့အားလုံးရဲ့ အရည်အသွေးကိုတော့ အာမမခံနိုင်ပါဘူး။ ရေစိုခံအိတ်နဲ့ ထောက်တိုင်ကတော့ third-party ကုမ္ပဏီကဝယ်ပြီး စမ်းသပ်ခဲ့တာပါ။ ကင်မရာနဲ့တော့ သိပ်မကိုက်ပါဘူး။ အဲဒါကြောင်လည်း စမ်းသပ်နေစဉ်အတွင်းမှာ ကာဗာဟာ ခဏခဏပြုတ်ကျပြီး အရမ်းကိုအခက်တွေ့ခဲ့ပါတယ်။

ဈေးကြီးပေမယ့်လည်း Yi’s storefront on Amazon တွေ့နိုင်တဲ့ Yi ရဲ့ ဆက်စပ်ပစ္စည်းတွေကိုသာသုံးဖို့ အကြံပြုချင်ပါတယ်။ ဈေးသက်သာတဲ့ တုပပြုလုပ်ထားတဲ့ဆက်စပ်ပစ္စည်းတွေကို အသုံးပြုချင်တယ်ဆိုရင်တော့  GearBest မှာ သင်ရွေးချယ်နိုင်ပါတယ်။

Android application

Yi 4K ကို အထောက်အကူပေးနိုင်တဲ့ Yi Action Android app ကိုတော့ တော်တော်လေး အထင်ကြီးမိပါတယ်။ ကျွန်တော့်ရဲ့ Nexus 6P နဲ့ ကင်မရာကို WiFi ပထမဆုံးချိတ်ဆက်တုန်းက တော်တော်လေးကို ကြာပါတယ်။ ဒါပေမဲ့လည်း နောက်တစ်ကြိမ်သုံးတဲ့အခါမှာ စက္ကန့်နည်းနည်းသာ ကြာပါတော့တယ်။ GoPro ကတော့ ဖုန်းနဲ့ချိတ်ဆက်တဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။

တစ်ကြိမ်လောက်ချိတ်ဆက်ပြီးတာနဲ့ Yi app ဟာ action cam app အတွက် အရမ်းအရေးကြီးတဲ့ လုပ်ဆောင်ချက်သုံးခုကို အကောင်းဆုံးလုပ်ဆောင်ပေးပါတယ်။ ပထမဆုံးကတော့ ကောင်းမွန်တဲ့ second screen ဖြစ်ပါတယ်။ နှောင့်နှေးခြင်းမရှိဘဲ (fast 5GHz WiFi connectionကြောင့်) လုပ်ဆောင်ချက်တိုင်းကို မြန်မြန်ဆန်ဆန်နဲ့ များများစားစား ကြည့်လို့ရခြင်းပါပဲ။ နောက်တစ်ခုကတော့ ကင်မရာ settings နဲ့ ပတ်သတ်ပြီး app ကနေ အပြည့်အဝအသုံးပြုလို့ရခြင်း ဖြစ်ပါတယ်။ ဖုန်းပေါ်ကနေပြီးတော့ ကင်မရာရဲ့ settings တိုင်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

တတိယတစ်ချက်ကတော့ ကင်မရာကနေ ဖုန်း၊ tablet ဆီသို့ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို wireless ပို့ပေးနိုင်တာပါပဲ။ download မလုပ်မီမှာပဲ ဗွီဒီယိုတွေကိုဖြတ်ကြည့်တာ၊ filter ထည့်တာ၊ သီချင်းထည့်တာတွေကို စမ်းကြည့်လို့ရပါတယ်။ အဲဒီလိုလုပ်တဲ့အခါ နည်းနည်းလောက်မြန်စေချင်ပါတယ်။ 4K ဗွီဒီယိုတွေဆိုတော့ ဆိုဒ်ကြီးနိုင်လို့ပါ။ သိပ်များများစားစားတော့ ပြောစရာမရှိပါဘူး။

Yi action cameras ကနေ ရိုက်ကူးထားသမျှကို လူမှုကွန်ရက်တွေပေါ်ကိုလည်း မျှဝေနိုင်ပါသေးတယ်။ အရိုးသားဆုံးပြောရမယ်ဆိုရင် သင်စိတ်ဝင်စားမလားတော့မသိပေမဲ့ ဒီအချက်ကို နည်းနည်းပါးပါးလောက်ပဲ ပြောသွားပါမယ်။ ကျွန်တော်ပြောနိုင်တဲ့အကောင်းဆုံးအရာကတော့ ဒီဟာကိုသုံးဖို့ အကောင့်ဖွင့်စရာမလိုဘူးဆိုတာပါပဲ။

ဗွီဒီယိုအရည်အသွေး

အရေးအကြီးဆုံးအပိုင်းကို ရောက်လာပါပြီ။ ဘယ်အရာတွေ ဘယ်လိုပဲကောင်းကောင်း အရေးကြီးတာကတော့ ဗွီဒီယိုဘယ်လောက်ကောင်းကောင်း ရိုက်နိုင်သလဲဆိုတာကတော့ အရေးပါလှပါတယ်။ ဓါတ်ပုံအရည်အသွေးသာကောင်းမယ်ဆိုရင် ပြစ်ချက်အများကြိးကိုလည်း မသိကျိုးကျွန်ပြုနိုင်ပါတယ်။

ဗွီဒီယိုတွေကို နှိုင်းယှဉ်မပြခင်မှာ ကျွန်တော်အသုံးပြုတဲ့နည်းကို အရင်ပြောပြချင်ပါတယ်။ ကျွန်တော်ပြုလုပ်ခဲ့တဲ့ Action-Camera-Comparisonator ဆိုတဲ့ဆောင်းပါးရဲ့ တုံ့ပြန်ချက်တွေကို အခြေခံထားပါတယ်။

ကျွန်တော့ရဲ့ ACC (Action-Camera-Comparisonator) လေးနဲ့ ကင်မရာနှစ်ခုကို တစ်နေရာတည်း တစ်ချိန်တည်းမှာပဲ ဗွီဒီယိုုရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒီမှာပြထားတဲ့ နှိုင်းယှဉ်ချက်တွေဟာ ACC နဲ့ ကိုက်ညီပါတယ်။ ရိုက်ချက်တိုင်းကို အဲဒီ ACCလေးပေါ်မှာ ရိုက်ခဲ့တာဖြစ်ပါတယ်။

GoPro Hero4 Black ကို အသုံးပြုတဲ့အချိန်မှာ သူရဲ့ ကာဗာထဲကိုထည့်ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့အသံကောင်းမွန်မှုကို ရရှိဖို့အတွက် တံခါးဖွင့်ထားပါတယ်။

ကင်မရာနှစ်ခုစလုံးမှာ default color-balance mode ကို အသုံးပြုခဲ့ပါတယ်။ ရုပ်ထွက်ကလွဲပြီး တခြားဘာကိုမှ မချိန်ထားပါဘူး။ တည်းဖြတ်တဲ့အချိန်မှာလည်း ဘာမှမပြောင်းလဲထားပါဘူး။ ပေးထားတဲ့ ဗွီဒီယိုမှတ်တမ်းလေးတွေကို ကြည့်ကြည့်ပါ။ ကျွန်တော်ဟာ ဗွီဒီယိုသမားတစ်ယောက်မဟုတ်တဲ့အတွက် အကျင့်ဖြစ်နေကျမျက်စိက မြင်သလောက်တော့ ကျွန်တော်မမြင်နိုင်ပါဘူး။

1080p

နှစ်ခုစလုံးဟာ ထပ်တူနီးပါး ကျပါတယ်။ light, color balance, sharpness, နဲ့ contrast အားလုံးအတူတူပါပဲ။ ဘယ်ကင်မရာက ဘယ်ဗွီဒီယိုထွက်လာသလဲဆိုတာမှားလောက်အောင် တူနေပါတယ်။

အသံကိုလည်း နှိုင်းဖို့ခက်ပါတယ်။ Yi microphones ကတော့ ပိုပြီးတော့ ညင်သာတဲ့အသံဖမ်းနိုင်ပါတယ်။ ဒါပေမဲ့လည်း လေတိုက်သံတွေ မပါဝင်ပါဘူး။ ဒါဟာ စမ်းသပ်စဉ်မှာ ကွဲပြားတဲ့ပုံစံကြောင့် ဖြစ်နိုင်ပါတယ်။

4K


ဒီမှာလည်း တူပါတယ်။ ဓါတ်ပုံအရည်အသွေးလည်း တူပါတယ်။ ဒါပေမဲ့ ကင်မရာက ဗွီဒီယိုတွေဟာ Youtube ပေါ်မှာ၊ ကျွန်တော့်ရဲ့ကွန်ပျူတာမှာ နဲ့ မတူတာကို တွေ့ရပါတယ်။ သင်သဘောပေါက်မယ်လို့ ထင်ပါတယ်။

Slow motion 720p 240fps


အနှေးရိုက်ချက်တွေမှာတော့ Yi 4K က ပိုသာတယ်ဆိုတာ ရှင်းပါတယ်။ အဲဒီလို frame-rate မြန်မြန်နဲ့ ဗွီဒီယိုရိုက်တဲ့အခါမှာ sharpness နဲ့ contrast လျော့သွားတာကတာ့ ကင်မရာနှစ်ခုလုံးမှာ တွေ့ရပါတယ်။ GoPro ဟာ ဖြတ်လိုက်ပေမဲ့ Yi ကတော့ ၁၅၅ ဒီဂရီအပြည့်ကျန်သေးတဲ့အတွက် ဒီနေရာမှာလည်း သာပါတယ်။

နောက်ဆုံးရိုက်ချက်ဖြစ်တဲ့ တုတ်ချောင်းချိုးတာကို ရိုက်တဲ့အခါမှာတော့ Yi မှာ တုတ်ချောင်းဟာ အလည်ကျနေပြီး GoPro မှာတော့ တစ်ဝက်လောက်ပဲ ပေါ်ပါတယ်။ GoPro မှာ screen မပါတဲ့အတွက် အိမ်ရောက်မှ အဲလိုဖြစ်တာကို သိခဲ့ပါတယ်။

Time lapse


ဒီမှာလည်း တူနေပြန်ပါတယ်။

Electronic stabilization and fish-eye reduction


ဒီအပိုင်းမှာတော့ Yi နဲ့ GoPro ကိုယှဉ်မပြတော့ပါဘူး။ Yi 4K ဘယ်လိုကောင်းအောင် ရိုက်နိုင်သလဲဆိုတာကို ရိုက်ပြမှာပါ။ ပထမပိုင်းမှာ electronic stabilization ပါတာနဲ့ မပါတာ ဘယ်လိုကွာလဲဆိုတာပြထားပြီး ဒုတိယပိုင်းမှာ fish-eye reduction ကဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပြထားပါတယ်။

. electronic image stabilization ရဲ့ သက်ရောက်မှုကို မြင်လိုက်ပါသလား။ ကျွန်တော့်အမြင်ကတော့ သိပ်မကွာသလိုပါပဲ။ Hero5 Black မှာ  EIS အတော်လေးကောင်းတယ်လို့ ဖတ်ထားဖူးတော့ စိတ်တော့ဘဝင်မကျပါဘူး။ fish-eye reduction ကတော့ ကောင်းပါတယ်။ အစွန်းထွက်လေးတွေကို ညီညီညာညာ သပ်သပ်ရပ်ရပ် ဖြတ်တောက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပထမဗွီဒီယိုက ပိုကောင်းတယ်လို့ ထင်တုန်းပါပဲ။

Demonstration of full capabilities

ဗွီဒီယိုလေးတွေနဲ့ နှိုင်းယှဉ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်လှုပ်ရှားစရာမကောင်းသေးပါဘူး။ ဆန့်ကျင်ဘက်အခြေအနေတွေမှာ ဘယ်လိုဖြစ်မလဲဆိုတာကမှ သင့်ကိုပြချင်တဲ့ စိတ်လှုပ်ရှားစရာစမ်းသပ်မှုဖြစ်ပါတယ်။ ကံကောင်းပါတယ်။ ကျွန်တော့်ညီဝမ်းကွဲ Joe က လွန်ခဲ့တဲ့လတုန်းက သူနဲ့ တူနာငါးဖမ်းဖို့ ဖိတ်ခဲ့ပါတယ်။ Yi 4K ကိုစမ်းသပ်ဖို့ အခွင့်အရေးဖြစ်ပါတယ်။ အဲဒီခရီးမှာ ခြောက်နာရီလောက် ရိုက်ကူးခဲ့ပြီး အိမ်မှာ နာရီပေါင်းများစွာ တည်းဖြတ်ထားတဲ့ ဗွီဒီယိုလေးကို မျှဝေပေးချင်ပါတယ်။ တူနာငါးဖမ်းတဲ့အချိန်ကို ရိုက်ထားတာဖြစ်လို့ သင်ဟာ ငါးတွေကိုအကြမ်းဖက်တာကို မနှစ်သက်ဘူးဆိုရင်တော့ 2:20 ကနေ 4:03 ထိ ကျော်ကြည့်ပါလို့ သတိပေးချင်ပါတယ်။

တော်တော်လေးတော့ အန္တရာယ်များတယ်လို့ ပြောချင်ပါတယ်။ Adobe Premier ကို တည်းမဖြတ်ခင် အချိန်အထိ မသုံးဖူးသေးတဲ့ ကျွန်တော့်ကို စဉ်းစားသာကြည့်ပါတော့။ တကယ့်အတွေ့အကြုံရှိတဲ့သူဆို ပိုကောင်းအောင်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ရုပ်ငြိမ်ဓါတ်ပုံအရည်အသွေး

Action camera တွေဟာ ပြင်းထန်တဲ့အခြေအနေတွေမှာ ဗွီဒီယိုရိုက်ဖို့ထုတ်ထားတာဖြစ်ပါတယ်။ ရုပ်ငြိမ်ဓါတ်ပုံတွေအတွက် ဒီဇိုင်းထုတ်ထားတာ မဟုတ်ပါဘူး။ Yi 4K နဲ့ GoPro နှိုင်းယှဉ်ချက်အရ အတည်ပြုထားတာပါ။ lighting ကောင်းကောင်းနဲ့ 12MP လောက်ကို ရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့လည်း အခုခေတ် စမတ်ဖုန်းကင်မရာတွေက အဲထက်ပိုကောင်းပါတယ်။

နှစ်ခုစလုံးရဲ့ရုပ်ငြိမ်ပုံတွေရဲ့အရည်အသွေးကလည်း ဆင်တူပါတယ်။ noisy, grainy, နဲ့ fish-eyed ဖြစ်တဲ့ ပုံတွေသာ ထွက်ပါတယ်။ GoPro ရဲ့ ပုံတွေကတော့ အရောင်တိကျပြီး အမှုန်နည်းလို့ ကျွန်တော့်အတွက်တော့ ပိုကောင်းပါတယ်။

ရုပ်ငြိမ်ပုံတွေအတွက်တော့ အဲဒီကင်မရာတွေကို ကျွန်တော်သာဆိုရင်တော့ မဝယ်ပါဘူး။ သင်ကြည့်နိုင်အောင်လို့ ပြထားပေးပါတယ်။ ပထမပုံတွေက Hero4 Black နဲ့ရိုက်ထားတာဖြစ်ပြီး ဒုတိယပုံတွေကတော့ Yi 4K နဲ့ ဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ကတော့

Yi 4K ကို GoPro Hero4 Black နဲ့ နှိုင်းယှဉ်ဖို့ဖိတ်ကြားချက်ကို လက်ခံလိုက်တုန်းကတော့ မယုံကြည်နိုင်ခဲ့ပါဘူး။ ဈေးပေါတဲ့ GoPro အတုတွေလည်း ရှိပြီး အများစုက မကောင်းပါဘူူး။ Yi ကလည်း ဈေးများတဲ့အတွက် ရှုံးတော့မယ်လို့ တွက်လိုက်မိပါတယ်။ ကင်မရာနှစ်ခုကို သုံးပြီးတဲ့အချိန်မှာတော့ အဲဒီအတွေးတွေ ပျောက်ကွယ်သွားပါတယ်။ ဒီကင်မရာလေးက ကောင်းပါလား။ ဈေးတူတာတွေလောက် ကောင်းတာမဟုတ်ဘဲ ပိုကောင်းနေပါလား။

ကင်မရာနှစ်ခုစလုံးရဲ့ ဓါတ်ပုံအရည်အသွေးတွေ mobile app တွေဟာ ညီတူညီမျှဖြစ်ပါတယ်။ ဘတ်ထရီနဲ့ controls တွေကတော့ Yi 4Kက သာပြီး တန်ဖိုးမြင့်ပါတယ်။ GoPro မှာတော့ ကျွန်တော်မသိတဲ့ အချက်တွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့စွန့်စားခရီးကို မှတ်တမ်းတင်ချင်တဲ့ သာမန်လူတစ်ယောက်အတွက်တော့ ဈေးနည်းနည်းနဲ့ Yi က လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ အခုတော့ Hero5 Black ကိုမသုံးဖူးတဲ့အတွက် Yi 4K က ပိုကောင်းတယ်လို့တော့ မပြောနိုင်သေးပါဘူး။ ဈေးသက်သာတယ်လို့တော့ ပြောနိုင်ပါတယ်။ ဈေးတူတယ်ဆိုရင်တော့ Yi 4K ဟာ Hero4 ထက်သာတယ်လို့ပဲ ပြောချင်ပါတယ်။

သင်ဟာ Yi 4K action camera ကို ဝယ်ယူချင်တယ်ဆိုရင်တော့ Gearbest.com ဒါမှမဟုတ် Amazon မှာ အခွန်အခမဲ့နဲ့ ဝယ်နိုင်ပါတယ်။ ဒေါ်လာ၂၄၉နဲ့ အနက်၊အဖြူရောင်နဲ့ ပန်းရောင်ဖျော့လေးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

အောင်ဖြိုးဦး (Myanmar Mobile App)

4K Displays လေးခုကို တစ်ချိန်တည်းမှာ လုပ်ဆောင်နိုင်မဲ့ ၁၅လက်မ MacBook Pro

Previous article

Apple’s MacBook event ရဲ့ ကြေညာချက်ကြီး ခြောက်ချက်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.