AndroidMobilePC & MobileTechTech News

Xioami က Under Display Camera ရဲ့ လျို့ဝှက်ချက်ကိုပြောပြ

0

Xioami ရဲ့ ဒုဥက္ကဌ Wang Xiang က  Under Display Camera နည်းပညာရဲ့ အလုပ်လုပ်ပုံကို ဇွန်လ ၃ရက်နေ့က သူ့ရဲ့ Twitter အကောင့်တွင် တင်ပြခဲ့ပါတယ်။ ယခုလက်ရှိမှာ Under Display Camera ကို စမ်းသပ်ပြထားတဲ့ ကုမ္ပဏီကတော့ Xiaomi နှင့် Oppo တို့ပဲရှိပါသေးတယ်။ Camera Under Display ဆိုတာက ဖုန်းရဲ့ Screen ပေါ်မှာ Camera နဲ့ Censor တွေအတွက် နေရာမလိုပဲ Full Screen ကိုအသုံးပြုလို့ရမှာဖြစ်တဲ့အပြင် ယခုနောက်ဆုံးထွက်ထားတဲ့ Camera ကို Slide နည်းပညာနဲ့ ဖုန်းထဲမှာ မြှပ်ထားတာမဟုတ်ပဲ ဖုန်း Screen ရဲ့ အောက်မှာပဲ Camera ကို မြှပ်ထားတဲ့နည်းပညာဖြစ်ပါတယ်။ ထို့အပြင် ဖုန်း Screen ပိတ်လိုက်ရင်လည်း Camera ရဲ့ နေရာကျန်နေမှာမဟုတ်ပဲ လုံး၀ အမဲရောင် Screen အပြည့်ဖြစ်နေမှာဖြစ်ပါတယ်။

Wang Xiang ရဲ့ ပြောပြထားချက်အရ အဓိကကတော့ ဖုန်းရဲ့ Screen ပဲဖြစ်ပါတယ်။  Under Display Camera ကိုအသုံးပြုမယ့်ဖုန်းရဲ့ Screen ဟာ သာမန်ဖုန်းScreen ကိုအသုံးပြုလို့မရပဲ သာမန်ဖုန်း Screen ထက်ပိုမို ကြည်လင်ပြတ်သားတဲ့ transparent Screen ကိုအသုံးပြုထားရတာဖြစ်ပါတယ်။ သာမန် Screen နဲ့ဆိုရင် Camera ကို အသုံးပြုတဲ့အခါမှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကိုဖမ်းယူနိုင်မှာမဟုတ်ပါဘူး။  Under Display Camera ကိုအသုံးပြုထားတဲ့ ဖုန်းဟာ ပုံမှန်အသုံးပြုနေတဲ့အချိန်မှာ Full Display ကိုအသုံးပြုလို့ရမှာဖြစ်ပြီး Selfie-Camera ကိုဖွင့်လိုက်တဲ့ အချိန်မှသာလျှင် Camera ရှိတဲ့နေရာ ပေါ်လာမှာဖြစ်ပါတယ်။

ယခုအချိန်အထိတော့ Under Display Camera  နည်းပညာအသုံးပြုထားတဲ့ဖုန်းကို တရားဝင်ကြေငြာနိုင်ခြင်းမရှိသေးပါဘူး။ Wang Xiang က Under Display Camera နည်းပညာရဲ့ အဓိကပြဿနာက ဖုန်း Screen ဖြစ်ကြောင်း Camera နဲ့ ပြင်ပကလာတဲ့ အလင်းကို ထိန်းနိုင်မည့် အလင်းပြန်မှုနည်းနိုင်သမျှနည်းအောင် ပြုလုပ်နိုင်မည့် Screen ပဲဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ယခုအထိတော့ ပြီးပြည့်စုံတဲ့ Under Display Camera ဖုန်းကို ထုတ်လုပ်နိုင်ခြင်းမရှိသေးပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်။

Source : The Verge News

ဖုန်းတစ်လုံးရေထဲကျသွားရင် အမှန်တကယ်လုပ်သင့်သည့်အရာများ။

Previous article

Google Stadia စျေးနှုန်းနဲ့ ရမယ့် date ကို မိတ်ဆက်လိုက်တဲ့ Google

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android