You are here
Home > Hardware > Product Reviews > Xiaomi က Mi Notebook Air 4G ကို မိတ်ဆက်

Xiaomi က Mi Notebook Air 4G ကို မိတ်ဆက်

Xiaomi က Mi Notebook Air 4G ကို မိတ်ဆက်
Xiaomi က Mi Notebook Air 4G ကို မိတ်ဆက်

ရှောင်မီက Mi Notebook Air 4G ကို China Mobile နဲ့ ပူးပေါင်း ရောင်းချပေးလိုက်ပါတယ်။ လက်တော့အသစ်ဟာ ယခင်မော်ဒယ်များနဲ့ ဒီဇိုင်း တူညီပါတယ်။ သတ္တုဖြင့် တည်ဆောက်ထားပြီး ၁၂.၅ လက်မနဲ့ ၁၃ လက်မမော်ဒယ် ၂ ခု ထုတ်လုပ်ပေးထားပါတယ်။

Full HD Display များ တပ်ဆင်ထားပါတယ်။ အရွယ်ကြီး မော်ဒယ်ဟာ စွမ်းဆောင်ရည် ပိုမြင့်ပြီး 3.0GHz Intel Core i7 , 8GB DDR4 RAM, 256GB SSD , GeForce 940MX Graphic Card များ ထည့်သွင်းထားပါတယ်။ အားအပြည့်သွင်းထားရင် ၉.၅ နာရီ အသုံးခံပါတယ်။ AKG စပီကာများ တပ်ဆင်ထားပါတယ်။

၁၂.၅ လက်မမော်ဒယ်မှာ 2.2GHz Intel Core M3-6Y30 Processor, Intel HD Graphics GPU 515, 4GB DDR3 RAM, 128GB SSD တပ်ဆင်ထားပါတယ်။ လက်တော့ ၂ ခုစလုံးအတွက် ရှေနဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ၁၂.၅ လက်မမော်ဒယ်ကို ၆၇၆ ဒေါ်လာ ၊ ၁၃ လက်မမော်ဒယ်ကို ၁၀၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizchina

digitaltimes.com.mm မှ ကူယူဖော်ပြသည်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top