AndroidProduct Reviews

၂၀၁၆ ခုနှစ်ရဲ့ဒီဇိုင်းဆန်းသစ်မှုအရှိဆုံးစမတ်ဖုန်း (သို့မဟုတ်) Mi Mix

0
၂၀၁၆ ခုနှစ်ရဲ့ဒီဇိုင်းဆန်းသစ်မှုအရှိဆုံးစမတ်ဖုန်း (သို့မဟုတ်) Mi Mix

ဖုန်းလေးလက်ထဲရောက်လာမှရေးမယ်လို့တွေးတောထားလို့အခု MI MIX အကြောင်း review ရေးပေးလိုက်ပါပြီ။ ဖုန်းမျက်နှာပြင်ရဲ့ ၉၁ ရာခိုင်နှုန်းလောက်ကို Screen အပြည့်နေရာယူထားတဲ့ ဘေးဘောင်အနားသတ်မဲ့ စမတ်ဖုန်းတစ်လုံးပါ ။ ဖုန်းရဲ့ကိုယ်ထည်ကို အပွန်းအစင်းဒဏ်အလွန်ခံနိုင်တဲ့ ကြွေထည်နဲ့တည်ဆောက်ထားပါတယ်။ ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့်နီးပါး Display နဲ့ အလွန်တောက်ပြောင်လှပတဲ့ ကိုယ်ထည်ပေါင်းစပ်လိုက်တော့ အလွန်လှပတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ်ကိုရောက်ရှိလာပါတယ်။ Screen size အားဖြင့် 6.4 လက်မအရွယ် 2048 x 1080 resolution IPS LCD display ကိုတပ်ဆင်ထားပါတယ်။

ဖုန်းရဲ့အပေါ်ဘက်ခြမ်းကိုမျက်နှာပြင်ပြည့်တည်ဆောက်ထားတာကြောင့် ဖုန်း earpiece speaker ကို Screen Display အောက်မှာထည့်သွင်းတည်ဆောက်ထားပါတယ် ။ ဒါကြောင့်ဖုန်းပြောတဲ့အခါ တဖက်လူရဲ့အသံကို ဖုန်း Screen ရဲ့မှန်သားပြင်အောက်ကထွက်လာတဲ့ အသံအနေအထားနဲ့ကြားရမှာဖြစ်ပါတယ်။ ရှေ့ Selfie Camera ကိုတော့ ဖုန်းရဲ့အောက်ခြေနားမှာထည့်သွင်းထားပါတယ်။ MI MIX မှာ ရှေ့ Selfie Camera အနေနဲ့ 5 MP ၊ နောက်ဘက်ခြမ်းကင်မရာအနေနဲ့ 16 MP အရည်အသွေးရှိ Camera များကိုတပ်ဆင်ထားပါတယ်။ 4K Video တွေကိုလည်းရိုက်ကူးနိုင်ပါတယ်။ ကင်မရာအသားပေးဖုန်းမဟုတ်တဲ့အတွက် အခြားထိပ်တန်းစမတ်ဖုန်းတွေနဲ့ယှဉ်ရင်တော့ ကင်မရာပိုင်းမှာပို၍ထူးခြားကောင်းမွန်နေတာမျိုးမရှိပါဘူး ။ ပုံမှန်အဆင့်ပါပဲ ။

Mi Mix မှာ Qualcomm Snapdragon ရဲ့ နောက်ဆုံးထွက်အဆင့်မြင့် Processor ဖြစ်တဲ့ 821 processor ကိုတပ်ဆင်ထားပါတယ်။ Storage အနေနဲ့ 128GB နဲ့ 256 GB ဆိုပြီး မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပါတယ် ။ 128 GB မော်ဒယ်မှာတော့ RAM ပမာဏ 4GB တပ်ဆင်ထားပါတယ် ။ 256GB မော်ဒယ်ကတော့ luxury ပုံစံထုတ်လုပ်ထားတာဖြစ်ပြီး ဖုန်းနောက်ကျောဘက်ခြမ်းက Camera နဲ့ Fingerprint နေရာမှာ 18k ရွှေနဲ့ကွပ်ပေးထားပါတယ်။ 256 GB မော်ဒယ်မှာတော့ RAM ပမာဏအားဖြင့် 6GB တပ်ဆင်ပေးထားပါတယ်။ MI MIX မှာဘက်ထရီပမာဏအနေနဲ့ 4000 mAh Battery တပ်ဆင်ပေးထားတာကြောင့် ဘက်ထရီအားအလွန်ခံတဲ့စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ အမြန်အားသွင်းစနစ် Quickcharge 3.0 လည်းပါဝင်ပါတယ်။

Screen size အနေနဲ့ ၆.၄ လက်မရှိတယ်ဆိုပေမယ့် ဘေးဘောင်အနားသတ်တွေမပါတာကြောင့် အခြား ၆ လက်မ size ဖုန်းတွေလို အရွယ်အစားကြီးတယ်လို့ မခံစားရစေပါဘူး ။ ကိုင်ရတာအနေတော်ပါပဲ ။ ပြုတ်ကျပွန်းပဲ့မှာစိုးရိမ်သူတွေအတွက် ဖုန်းဂျပ်ဗူးထဲမှာ leather Case တစ်ခုလည်းပါဝင်ပါတယ်။ Mi Mix ဟာ Android ဖုန်းကိုင်ရတဲ့ အတွေ့အကြုံတွေထဲမှာတော့ ပထမဦးဆုံးအနေနဲ့ ထူးခြားဆန်းပြားတဲ့ ခံစားချက်ကိုအပြည့်အဝရစေပါတယ် ။ ထိပ်တန်းအဆင့်စမတ်ဖုန်းတွေဟာ တစ်လုံးနဲ့တစ်လုံး specifications သိပ်မကွာ ၊ ဒီဇိုင်းလည်းသိပ်မကွာဘူးလို့ခံစားနေရသူတွေအတွက်ကတော့ MI MIX ဟာရွေးချယ်သင့်တဲ့ ထိပ်တန်းစမတ်ဖုန်းတစ်လုံးပါပဲ။

သက်နိုင်စိုး (Myanmar Mobile App)
www.myanmarmobileapp.com

5 Network ကို AYA Mobile banking မှ သက်တမ်းတိုးခြင်း ပြုလုပ်ပုံအဆင့်ဆင့်

Previous article

Laptop တွေ နှေးကွေးရတဲ့ အကြောင်းပြချက်များ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android