Xiaomi company က copy ကူးတဲ့နေရာမှာ နာမည်ကြီးတာ အားလုံးအသိဖြစ်ပါတယ်။ စျေးသက်သက်သာသာနဲ့ အခြား electronic ပစ္စည်းတွေမှာ ရတဲ့ quality မျိုးထုတ်နိုင်တာကြောင့် စျေးကွက်တစ်ခွင်မှာ နေရာတော်တော်ရပါတယ်။ Xiamoi က အခုဆို အိမ်သုံး smart electronic device တော်တော်များများမှာပါ နေရာယူလာပါတယ်။
ပထမဦးဆုံးမြင်တွေ့ရတဲ့ ပုံက 3D artist designer Peter Tarka ရဲ့မူရင်းပုံ ဖြစ်ပါတယ်။ Peter Tarka က LG company အတွက် design ကို ပထမဆုံးစရေးဆွဲခဲ့ပေးပါတယ်။ LG ရဲ့ ကြော်ညာမှာ သူ့ art ကို အသုံးပြုပြီး ကြော်ညာခဲ့ပါတယ်။ LG အတွက်ရေးဆွဲခဲ့တဲ့ ကြော်ညာထဲမှာတော့ ပုံထဲကအတိုင်း အသေးစိတ် ဖန်တီးမှုတွေ ပါပါတယ်။
Xiaomi က LG ကြော်ညာမှာပါတဲ့ design ပိုင်းအတိအကျကို အနည်းအကျင်းပြင်ဆင်မှုလေးလုပ်ပြီး designer ရဲ့ခွင့်ပြုချက်မပါပဲ ယူသုံးခဲ့ပါတယ်။ ဒီ ပုံကို spain နိုင်ငံက ကြော်ညာ website ပုံမှာ ထည့်သွင်းထားပါတယ်။ 3D Desinger Peter Tarka ကတော့ ဒီလိုအဖြစ်အပျက်မျိုးကို သည်းမခံနိုင်ကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ မီဒီယာတွေက Xiaomi Company ဆီ ဆက်သွယ်ပြီးစာပို့ခဲ့ပေမယ့် အခုချိန်ထိ ထူးခြားချက်တော့ မရှိလာသေးပါဘူး။
Comments