Tech News

အနာဂတ်စမတ်ဖုန်းများက ကင်ဆာရောဂါကို ရှာဖွေပေးနိုင်မည်

0
အနာဂတ်စမတ်ဖုန်းများက ကင်ဆာရောဂါကို ရှာဖွေပေးနိုင်မည်

ရေခဲသေတ္တာအတွင်း အစားအစာများ လတ်ဆတ်ခြင်း ရှိ၊ မရှိ သတိပေးနိုင်သလို အရေပြားကင်ဆာကိုလည်း ရှာဖွေပေးနိုင်မည့် မိုဘိုင်းနည်းပညာသစ်ကို ဖင်လန်နိုင်ငံရှိသုတေသီများက ဖန်တီးလျက်ရှိကြောင်း သိရသည်။

ဖင်လန်နိုင်ငံရှိ VTT နည်းပညာသုတေသနစင်တာမှ သုတေသီများသည် iPhone ကင်မရာကို optical sensor သစ်တစ်ခုအဖြစ် အသွင်ပြောင်းကာ ကမ္ဘာ့ပထမဆုံး hyperspectral မိုဘိုင်းထုတ်ကုန်ကို တီထွင်လျက်ရှိသည်။ ဈေးနှုန်းမြင့်မားသော hyperspectral ကင်မရာများသည် မြင်ကွင်းကျယ်ပုံများ ရိုက်ကူးပေးနိုင်ပြီး ဓာတ်ပုံ၏ အမှတ်တိုင်းတွင် optical spectrum အား ထောက်ပံ့ပေးသည်။ လက်ရှိတွင် hyperspectral ကင်မရာများကို ဆေးပညာ၊ စက်မှုလုပ်ငန်း၊ အာကာသနှင့် သဘာဝပတ်ဝန်းကျင်နယ်ပယ်များတွင် အသုံးပြုလျက်ရှိသည်။

သုတေသီများသည် iPhone ကင်မရာမှန်ဘီလူးတွင် ဈေးနှုန်းသက်သာသည့် Micro Opto Electro Mechanical Systems (MEMS) ချစ်ပ် ပေါင်းစပ်ရန် ကြိုးစားနေသည်။ သုံးစွဲသူများအနေဖြင့် ဈေးနှုန်းသက်သာသော spectral နည်းပညာကို အသုံးပြုနိုင်သည့် အလားအလာများစွာ ရှိနေကြောင်း သုုတေသီများက ပြောကြားခဲ့သည်။

“သုံးစွဲသူအနေနဲ့ ကျန်းမာရေးကိစ္စတွေမှာ အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်။ အစားအသောက်တွေ စားသောက်ဖို့ သင့်၊ မသင့် ဒါမှမဟုတ် မှ့ဲတွေဟာ အကျိတ် ဟုတ်၊ မဟုတ်ကို မိုဘိုင်းဖုန်းတွေနဲ့ စစ်ဆေးနိုင်မှာပါ။ ဒါ့အပြင် biometric data အခြေခံပြီး သုံးစွဲသူတွေကို ခွဲခြားနိုင်တဲ့အပြင် ထုတ်ကုန်တွေ စစ်မှန်ခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း မောင်းသူမဲ့ကားတွေဟာ ပုံရိပ်က full optical spectrum အပေါ် အခြေခံပြီး ပတ်ဝန်းကျင်ကို သိမြင်ခြေရာခံနိုင်တဲ့ feature တွေပါလာမှာပါ” ဟု VTT သုတေသီအဖွဲ့ခေါင်းဆောင် အင်နာရီဆာနန်ကပြောကြားခဲ့သည်။ VTT အနေဖြင့် hyperspectral ကင်မရာအတွက် application များစွာကို တိုးတက်အောင် ပြုလုပ်ထားကြောင်း သိရသည်။

Ref: PCMag

အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

၆၆ (ဃ) အကြောင်း ဥပဒေ အကြံပြုချက်

Previous article

မိသားစုနဲ့ ချစ်သူရဲ့ တည်နေရာကို ထောက်လှန်းနိုင်မယ့် Trusted Contacts Android App

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Tech News