InternetTech News

Pornhub ကို Smartphone မှ ကြည့်ရှုသူများတွင် အမျိုးသားများထက် အမျိုးသမီးများ ပိုများကြောင်း ထုတ်ပြန်

0
Pornhub ကို Smartphone မှ ကြည့်ရှုသူများတွင် အမျိုးသားများထက် အမျိုးသမီးများ ပိုများကြောင်း ထုတ်ပြန်
Pornhub ကို Smartphone မှ ကြည့်ရှုသူများတွင် အမျိုးသားများထက် အမျိုးသမီးများ ပိုများကြောင်း ထုတ်ပြန်

Pornhub ကို Smartphone မှ ကြည့်ရှုသူများတွင် အမျိုးသားများထက် အမျိုးသမီးများ ပိုများကြောင်း ထုတ်ပြန်

အမျိုးသမီး တွေရဲ့ လိင်အသားပေးဗီဒီယိုကြည့်ရှုပုံနည်းလမ်းတွေက အမျိုးသားတွေနဲ့ ကွဲပြားပုံကို Pornhub က ထုတ်ပြန်လိုက်ပါတယ်။

Pornhub ဝက်ဘ်ဆိုက်ကို ကမ္ဘာတစ်ဝန်းက လည်ပတ်ကြည့်ရှုတဲ့ mobile traffic က ၇၂ ရာခိုင်နှုန်းခန့်ရှိပြီး စမတ်ဖုန်းပေါ်ကနေကြည့်တဲ့ အမျိုးသမီးဦးရေက အမျိုးသားတွေထက် ပိုများတယ်လို့ ဆိုပါတယ်။

Pornhub ကို အမျိုးသား၊ အမျိုးသမီး ကြည့်ရှုမှုနှုန်းပြဇယား

Pornhub ကို အမျိုးသား၊ အမျိုးသမီး ကြည့်ရှုမှုနှုန်းပြဇယား

အဆိုပါ လိင်ဖျော်ဖြေရေးဝက်ဘ်ဆိုက်ကို မိုဘိုင်းထုတ်ကုန် (ဖုန်း၊ tablet) များနဲ့လည်ပတ်ကြည့်ရှုတဲ့ အမျိုးသမီးအရေအတွက်က ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသားအရေအတွက်က ၆၉ ရာခိုင်နှုန်းရှိတယ်လို့ Pornhub က ဖော်ပြခဲ့ပါတယ်။

Desktop ကွန်ပျူတာတွေနဲ့ ကြည့်ရှုမှုနှုန်းမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ၃၄ ရာခိုင်နှုန်း လျော့နည်းပါတယ်။

Pornhub ကို လည်ပတ်ကြည့်ရှုသူ အမျိုးသမီးအရေအတွက်ရဲ့ ၇၈ ရာခိုင်နှုန်းနီးပါးက အသက် ၁၈ နှစ်မှ ၃၄ နှစ် ကြားရှိပြီး အသက် ၅၅ နှစ်နဲ့အထက် အမျိုးသမီး ၅၀ ရာခိုင်နှုန်းနီးပါးက မိုဘိုင်းထုတ်ကုန်တွေကို အသုံးပြုကြပါတယ်။

Pornhub ကို ကြည့်ရှုတဲ့ အမျိုးသမီးတို့ရဲ့ အသက်အပိုင်းအခြားနှင့် အသုံးပြုတဲ့ Device အမျိုးအစားပြဇယား

Pornhub ကို ကြည့်ရှုတဲ့ အမျိုးသမီးတို့ရဲ့ အသက်အပိုင်းအခြားနှင့် အသုံးပြုတဲ့ Device အမျိုးအစားပြဇယား

Operating system မှာတော့ desktop အတွက် Windows က ဦးဆောင်နေပြီး မိုဘိုင်းမှာ Android က ဦးဆောင်နေပါတယ်။

Pornhub ကို ကြည့်ရှုတဲ့ အမျိုးသမီးအရေအတွက်အားလုံးရဲ့ ၈၄ ရာခိုင်နှုန်းက Windows user များဖြစ်ပြီး MacOS သုံးစွဲသူအရေအတွက်က ၁၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါ့အပြင် Linux နဲ့ ChromeOS system တွေကနေ Pornhub ကို လည်ပတ်ကြည့်ရှုတဲ့ အမျိုးသမီးအရေအတွက်က အမျိုးသားထက် ပိုများပါတယ်။

Pornhub ကို ကြည့်ရှုတဲ့ အမျိုးသမီးတို့ရဲ့ Desktop System အမျိုးအစားပြဇယား

အမျိုးသမီး မိုဘိုင်းသုံးစွဲမှုနှုန်းမှာ Android က ၅၃ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး iOS က ၄၅ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

Ref: TheNextWeb

အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

Ooredoo SIM Card ကိုလည်း Messenger မှ မှတ်ပုံတင်နိုင်ပြီ

Previous article

Smartphone တွေက IMEI ဆိုတာ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet