WK Design ရဲ့ SHD600 ဟာ Wireless Speaker အမျိုးအစားဖြစ်ပြီး Woofer ပါဝင်တာကြောင့် Bass သံပြင်းပြင်း ကြိုက်သူများ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Electric ဂီတာနဲ့ တွဲသုံးနိုင်တဲ့အတွက် ဂီတာ သမားတွေလည်း အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ Wireless Speaker ဖြစ်တဲ့အတွက် ခရီးသွားတဲ့အခါမှာလည်း ယူဆောင်အသုံးပြုနိုင်ပါတယ်။ Trip တွေသွားတဲ့အခါ Bass အသံ ပြင်းပြင်းနဲ့ ဖြဲလိုသူများ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။
Pro Speaker ကြီးတွေလို အသံအနေအထားချိန်ညှိနိုင်တဲ့ ခလုတ်တွေ ပါဝင်လာတဲ့ ခရီးဆောင်ကြိုးမဲ့ Woofer Speaker ဖြစ်ပါတယ်။ Bass သံပြင်းတဲ့ 10″ Woofer + tweeter ပေါင်းစပ်မှုစပီကာဖြစ်ပြီး Wireless mic ၂ လုံး နဲ့ Record function ပါဝင်ပါတယ်။
Bluetooth/SD /USB/AUX ကြိုး နှစ်သက်ရာ တွဲသုံးနိုင်တဲ့ အပြင် Electric ဂီတာနဲ့ပါ တွဲသုံးနိုင်တဲ့ Guitar Input ပါဝင်ပါတယ်။ တစ်နေကုန် အားခံနိုင်တဲ့ Lithium အားသွင်း Battery တပ်ဆင်ပေးထားကာ AC – DC ရွေးချယ်နိုင်ပါတယ်။ ပေါ့ပါးပြီး သယ်ရလွယ်ကူတဲ့ ဘီးလုံးပါ Luggage Design နဲ့ဖြစ်ပြီး စျေးနှုန်း ၁၈၅၀၀၀ ကျပ်နဲ့ WK Design By MZ ဖုန်း ၀၉ ၂၅၃၅၃၄၄၀၀ မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
-ကောင်းမြတ်ထွန်း
အင်တာနက်ဂျာနယ် မှ ကိုးကား ဖော်ပြသည်
Comments