Google ရဲ့ wireless earbuds တွေက လက်ရှိ wireless earbuds စျေးကွက်ထဲမှာ နေရာတစ်ခုရထားပြီးသား ဖြစ်ပါတယ်။ ပြိုက်ဖက်တွေဖြစ်တဲ့ airpods နဲ့ sony ရဲ့ wireless earbuds တွေနီးပါး quality ကောင်းမွန်ပါတယ်။ အထူးသဖြင့် android ဖုန်းတွေနဲ့ အရမ်းသင့်လျော်တဲ့ wirelss earbud ဆို မမှားပါဘူး။
နောက်ထပ် ထပ်ထွက်မယ့် Google wireless earbuds တွေမှာဆို android ဖုန်းနဲ့ pairing လုပ်ရတာ မြန်ပြီး Battery percentageကို လွယ်လွယ်ကူကူမြင်ရမယ့် feature တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ Google ရဲ့ Find my Device App ကို ဖုန်းထဲမှာ install လုပ်ထားမယ်ဆိုရင်လည်း နားကြပ်တစ်ဖက် ပျောက်သွားရင်ဖြစ်ဖြစ် အလွယ်တကူ ပြန်ရှာနိုင်ပါတယ်။ ဒါ့အပြင် Google Assistant ကို သုံးရတာ ပိုမိုလွယ်ကူပြီး အဆင်ပြေလာမှာ ဖြစ်ပါတယ်။ Google မှ ပြောရေးဆိုခွင့်ရှိသူက အပေါ်က ပြောပြခဲ့တဲ့ feature တော်တော်များများက Google Pixel Buds, Libratone နဲ့ Bose နားကြပ်တွေမှာ ပါဝင်လာနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Comments