You are here
Home > Lifestyle > Entertainment > ကလေးကိုု ဖျက်ဆီးချင်ရင် စမတ်ဖုုန်းလေး ပေးလိုုက်ပါ

ကလေးကိုု ဖျက်ဆီးချင်ရင် စမတ်ဖုုန်းလေး ပေးလိုုက်ပါ

စမတ်ဖုန်းက ကလေးကို ဘာတွေဖြစ်စေလဲ

လက်ကိုုင်ဖုုန်းမိုုလ်ဘိုင်းဖုုန်း (သိုု့) ဟမ်းဖုုန်းစမတ်ဖုုန်း စသည်ဖြင့် အမျိုးမျိုး ခေါ် ကြပါတယ်။ ဖုန်းတွေမှ မဟုတ်ပါဘူး အခြားသော TV, Tablet နဲ့ Digital device တွေအကုန်လုံး ပါဝင်ပါတယ်။ ကလေးတွေ Screen ကို အကြာကြီးကြည့်တာကို အောက်ပါ ထိန်းသိမ်းရမယ့် နည်းလမ်းတွေနဲ့ ထိန်းသိမ်းသင့်ပါတယ်။ 

သုံုးနှစ်သားကလေး ငိုုနေတယ်။ စမတ်ဖုုန်းပေးလိုုက်တယ်၊ အငိုုချက်ချင်းတိတ်သွားပါတယ်။
ကလေး အရမ်းဆော့နေတယ်။ ဘယ်လိုုပြောပြော ဆော့လိုု့ကောင်းဆဲ၊ စမတ်ဖုုန်းလေး ပေးလိုုက်တယ်၊ ချက်ချင်း ထိန်းလိုု့ ရသွားတယ်။
စမတ်ဖုုန်းနဲ့ စိတ်ဝင်စားတာ အမျိုးမျိုးကြည့်လိုု့ရတယ်။ ဂိမ်းအမျိုးမျိုး ဆော့လိုု့ရတယ်။ တစ်ယောက်ထဲဆော့လိုု့ရတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းဆော့လိုု့ ရတယ်။ ဖုုန်းလေးတစ်ခုုပိုုင်ဆိုုင်လိုုက်ရင် ကမ္ဘာကြီးတစ်ခုုကိုု ပိုုင်ဆိုုင်သွားသလိုုပါပဲ။

လူကိုုစွဲလန်းစေတဲ့ စမတ်ဖုုန်း၊ လူကိုု တွေဝေစေတဲ့ စမတ်ဖုုန်း၊ လူကြီးတွေသာ စွဲလန်းနေတာမဟုုတ်ပါ။ ကလေးများပါ စွဲလန်းနေကြတာပါ။ လမ်းမှာ၊ ကားဂိတ်မှာ၊ ကျောင်းမှာ၊ ကစားကွင်းမှာ၊ နေရာတိုုင်းမှာ ကလေးတွေ စမတ်ဖုုန်းဆော့နေတာ တွေနေရတယ်။ အရွယ်မမယ်သေးတဲ့ ကလေးတွေကိုု စမတ်ဖုုန်းပေးဆော့တာ ကလေးကိုု ဘယ်လောက်ထိခိုုက်နိုုင်သလဲဆိုုတာ မိဘများသိကြပါသလား၊ ကလေးများစမတ်ဖုုန်းဆော့တာ လွန်သွားရင်…

၁။ အာရုံုစူးစိုုက်မူ ကျဆင်းလာတယ်။

စမတ်ဖုုန်းမှာ ဂိမ်းအကြာကြီး ဆော့တဲ့ကလေးများဟာ သာမာန်ကလေးများထက် တွေဝေပါတယ်။ အာရုံုပိုုပျံ့ လွင့်ပါတယ်။ အာရုံုစုုစည်းဖိုု့ ခဲရင်းတတ်ပါတယ်။ အာရုံုစူးစိုုက်မူ ကျဆင်းခြင်းဟာ ကလေးကိုု ဘက်ပေါင်းစုံုကျဆင်းမူ ရဲ့ အစပါ။

၂။ စိတ်လုုပ်ရှားမူ များလာတယ်။

အရွယ်နဲ့ မလိုုက်အောင် စိတ်လုုပ်ရှားမူ ဖြစ်ခြင်းကိုု ဆိုုလိုုပါတယ်။ ပျော်လွယ်တယ်၊ စိတ်ဆိုုးလွယ်တယ်။ ထစ်ကနဲဆိုု ဒေါသထွက်လာတတ်တယ်။ စိတ်မထိန်းသိမ်းနိုုင်တော့ဘူး၊

၃။ ပညာသင်ကြားရေးမှာ ကျဆင်းလာတယ်။

အာရုံုမစူးစိုုက်နိုုင်ဘူး၊ စာသင်ခန်းထဲမှာ အာရုံုမဝင်စားနိုုင်တော့ ဆရာဆရာမ ဘာသင်သင်၊ သိပ်မသိတော့ပါ။ ဖုုန်းအဆော့မက်တဲ့ ကလေးများဟာ စာညံ့လာတတ်ပါတယ်။

၄။ မျက်စိထိခိုုက်လာပါတယ်။

သုုတေသနအရ ကလေးတစ်ယောက် လက်ကိုုင်ဖုုန်းကိုု ဆက်တိုုက် မိနစ် ၂၀ ကစားခဲ့ရင် တစ်မိနစ်တိုုင်းမှာ မျက်တောင် ၇.၆၇ ကြိမ်ခတ်ပါတယ်။ အမြင်အာရုံုကျဆင်းမူ ၄၃.၈ ဒီဂရီ ရှိပါတယ်။ အနီးမူန်ဖြစ်လွယ်တဲ့ သဘောပါ။

၅။ အထီးကျန်ပိုုဆန်လာပါတယ်။

လက်ကိုုင်ဖုုန်းပေးဆော့တဲ့ကလေးများဟာ အိမ်ထဲကနေ အိမ်ပြင်ကိုု သိပ်မထွက်ချင်တော့ပါ။ ဖုုန်းတအားစွဲနေတဲ့ကလေးအချို့ ဆိုုရင် ပွဲထဲကိုုတောင် ခေါ်လိုု့မရတော့ပါ။ သူတိုု့မှာ ဖုုန်းတစ်လုံုးရှိနေရင်တော်ပါပြီ၊ သူငယ်ချင်းလည်း မလိုုတော့ပါ။ အပေါင်းအသင်းလည်း မမက်မောတော့ပါ။

၆။ အသိုုင်းအဝိုုင်းဆိုုများနဲ့ ထိတွေ့လွယ်ခြင်း

ပြင်ပမှာ သူငယ်ချင်းနည်းပေမဲ့ on line သူငယ်ချင်းတွေ များနေတတ်တယ်။ အရွယ်နဲ့ မလိုုက်အောင် သိသင့်တာရော၊ မသိသင့်တာရော အကုုန်သိနေတတ်တယ်။ စိတ်မဝင်စားသင့်တာတွေကိုုလည်း အရွယ်နဲ့ မလိုုက်အောင် စိတ်ဝင်စားနေတတ်တယ်။

၇။ စိတ်ဓါတ်အားနည်းလာတယ်။

တရုုတ်ပြည်မှာ မိဘဖြစ်သူက သားတစ်ဦးရဲ့ လက်ကိုုင်ဖုုန်းကိုု လုုပြီး ကိုုးထပ်မြင့်တဲ့ အိမ်ပေါ် ကနေ အောက်ကိုု လွင့်ပစ်လိုုက်ပါတယ်။ သားဖြစ်သူက အကြီးအကျင်တုုန်လုုပ်ပြီး ဖုုန်းနောက်ကနေ ခုုန်ချပြီး သေဆုံုးသွားတဲ့ ဖြစ်ရပ်တစ်ခုု ဖြစ်ပေါ် ခဲ့ဖူးပါတယ်။ ဖုုန်းသိမ်းဆည်းခံရလိုု့ အကြမ်းဖက်တဲ့ ကိစ္စ ခဏခဏ ကြားရပါတယ်။

စမတ်ဖုုန်းဆော့ခြင်းရဲ့ ဆိုုးကျိုးတွေ အများကြီးရှိပါသေးတယ်။ ဆိုုပါစိုု့၊ အပြာကားခိုုးကြည့်တာမျိုး၊ ဖုုန်းကိုုအသုံုးပြုပြီး စာမေးပွဲမှာ ခိုုးချတာမျိုး၊ ဖုုန်းထဲမှာ လောင်းကစားလုုပ်တာမျိုး၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဖုုန်းထဲမှာရည်းစားဖြစ်သွားတာမျိုး၊ ဖုုန်းနဲ့ အလိမ်ခံရ တာမျိုး စသည်ဖြင့် တစ်ခုုချင်း ဖေါ် ပြမနေတော့ပါ။ အရေးကြီးတာ မိဘများအနေနဲ့ ဘယ်လိုု ကိုုင်တွယ်သင့်သလဲဆိုုတာကိုု အကြံနည်းနည်း ပေးချင်ပါတယ်။

မိဘများ ကိုုင်တွယ်တဲ့ နည်းလမ်းများ

ကလေးက စမတ်ဖုုန်းစွဲလန်းနေပြီဆိုုရင် တုုန်းတိတိကြီး သွားမဖြတ်လိုုက်ပါနှင့်၊ မလိုုအပ်သော ပြသနာ ပေါ်ပေါက်လာနိုုင်တယ်။ အောက်ပါနည်းလမ်းများကိုု အသုံုးပြုကြည့်ပါ။

၁။ သဘောတူညီမူ ကြိုတင်ရယူပါ။

ကလေးကိုု လက်ကိုုင်ဖုုန်းပေးဆော့တော့မဲ့ အခါတိုုင်းမှာ ကလေးနဲ့ သဘောတူညီမူ အရယူပါ။ ဥပမာ အိမ်စာအရင်ပြီးရင် ဖုုန်းခဏပေးဆော့တာမျိုး ပြုလုုပ်သင့်ပါတယ်။

၂။ အချိန်ကိုု ကန့်သတ်ခြင်း

ကလေးကိုု ဖုုန်းပေးဆော့ရင် အချိန်ကန့်သတ်သင့်ပါတယ်။ တစ်ခါဆော့လျင် ဆယ်မိနစ်။ တကယ်လိုု့ ကာတွန်းကား ကြည့်တယ်ဆိုုရင် တစ်ခါကြည့်ရင် တစ်ကားသာကြည့်ခွင့်ပေးသင့်ပါတယ်။

၃။ အကြောင်းအရာကိုု ရွေးချယ်ခြင်း

ကလေးဆော့ဖိုု့ လက်ကိုုင်ဖုုန်းတစ်ခုု သီးသန့်ထားသင့်ပါတယ်။ ကလေးနဲ့ သင့်တော်တဲ့ App ကိုုရွေးထည့်ပေးလိုု့ ရပါတယ်။

၄။ သင့်တော်တဲ့ အချိန်ကိုု ရွေးချယ်ခြင်း

ထမင်းစားချိန်၊ အိပ်ယာဝင်ခါနီးအချိန် ကလေးကိုု ဖုုန်းပေးမဆော့သင့်ပါ။ စာမေးပွဲနီးနေတဲ့ အချိန်မျိုး၊ ကျောင်းသွားခါနီး အခါမျိုး စသည်ဖြင့် သင့်မသင့် မိဘများဆုံုးဖြတ်နိုုင်မှာပါ။ ပြီးရင် ကလေးကိုု ချော့တဲ့အခါမျိုးမှာလည်း ပေးမဆော့သင့်ပါ။ ကလေးက စိတ်ဆိုုးရင် ဖုုန်းဆော့လိုု့ရတယ်ဆိုုပြီး ထင်သွားမှာစိုုးလိုု့ပါ။

၅။ လူကြီးက စံပြအဖြစ် ရပ်တည်ခြင်း

ကလေးကိုု ဖုုန်းပေးမဆော့ချင်ရင် လူကြီးလည်း ကလေးရှေ့ မှာ မဆော့ဖြစ်ရင် အကောင်းဆုံုးပါ။ အထူးသဖြင့် ကလေးများ စာကျက်နေတဲ့ စားပွဲဝိုုင်းဘေးမှာ ဖုုန်းဆော့တာမျိုး လုံုးဝရှောင်ကျဉ်သင့်ပါတယ်။

Credit >> Aung Ko Latt (Ayeyarwaddy International School)

Keywords: kids using smartphone, kid and smartphone, kid and phone, kid using phone, ကလေးကျန်းမာရေး

[Unicode]
































Credit >> Aung Ko Latt (Ayeyarwaddy International School)

Keywords: kids using smartphone, kid and smartphone, kid and phone, kid using phone, ကလေးကျန်းမာရေး

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top