အားလုံးသိတဲ့အတိုင်း Facebook က ကမ္ဘာမှာနာမည်ကြီး လူမှုကွန်ရက် company အများစုကို ပိုင်ဆိုင်ပါတယ်။ ဒီ company တွေထဲမှာ Instagram, WhatsApp နဲ့ အခြား နာမည်ကြီး company တွေပိုင်ဆိုင်ထားပါတယ်။ WhatsApp ကို ဥရောပနဲ့ အိန္ဒိယမှာ သုံးစွဲတဲ့ လူဦးရေတော်တော်များပါတယ်။ WhatsApp ဆိုတာက Messaging App အမျိုးအစားဖြစ်ပြီး အခု Payment တွေပါ လုပ်လို့ရအောင် လုပ်တော့မှာဖြစ်ပါတယ်။ ဒါကို WhatsApp Pay လို့ခေါ်ပြီး အခု လန်ဒန်မှာ ရုံးထိုင်ဖို့ Facebook က စီစဉ်နေပါတယ်။
ဝန်ထမ်းငှားတဲ့နေရာမှာတော့ Paypal က ဝန်ထမ်းဟောင်းတွေကို လစာကောင်းကောင်းပေးပြီး ငှားရမ်းထားပါတယ်။ ဒီထဲမှာ နာမည်ကြီး Software Engineer နဲ့ ပညာရှင်တော်တော်များများ ပါဝင်ပါတယ်။ Paypal က ကမ္ဘာမှာ ပထမဦးဆုံး Payment Method စတင်မိတ်ဆက်ခဲ့တဲ့ Company တစ်ခုဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Payment Companies တွေက ကမ္ဘာအနှံ့မှာ ပေါ်ပေါက်နေပါပြီ။ တရုတ်ပြည်မှာဆို Ali Pay, wechat Pay တို့က လွှမ်းမိုးထားပါတယ်။ Facebook ကလည်း နောက်ကျမခံ Whatsapp Pay ကို မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာဆို အသေးစားတွေကို ဝယ်တဲ့အခါ ပိုက်ဆံကို လက်နဲ့ကိုင်ပြီး ဝယ်တာထက် ဖုန်းတစ်လုံးတည်းနဲ့ ငွေပေးချေကြပါတယ်။ စတိုးဆိုင် အသေးလေးကအစ ဒီနည်းလမ်းကို အသုံးပြုပြီး ငွေပေးချေလုပ်ကြပါတယ်။
ဒါ့အပြင် Facebook က ကိုယ်ပိုင် Blockchain system နဲ့ Bitcoin ပုံစံ ငွေကြေးတွေလာတော့မယ်လို့လည်း သိရပါတယ်။ အခု လာမယ့် Whatsapp Pay နဲ့ Facebook ရဲ့ကိုယ်ပိုင် ငွေကြေး currency က တစ်ချိန်မှာ link ချိတ်သွားနိုင်ပါတယ်။ အဓိပ္ပါယ်က တစ်ကယ့်ငွေကြေးအစစ်ကို bank card နဲ့ချိတ်ဆက်ပြီးသုံးလို့ရသလို နောက်တစ်ချိန်မှာ ကိုယ်ပိုင်ငွေကြေး currency ကို account အချင်းချင်း ကမ္ဘာ့အနှံ့သုံးလို့ရပါလိမ့်မယ်။ ဒီလိုဖြစ်လာရင်တော့ cryptocurrency ပိုင်ထားတဲ့လူတွေက ငွေကြေးခြားနားမှုကို သိပ်မကြုံရပေမယ့် Cryptocurrency မရှိတဲ့လူတွေကတော့ coin တွေကို ဒေါ်လာနဲ့ပေးချေဝယ်ရတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒေါ်လာစျေးအတက်အကျမှာ Crypto currency စျေးတွေက ပြောင်းလဲလာနိုင်ပါတယ်။ Facebook CEO Zuckerberg က ဘာလုပ်လုပ် လျှို့ဝှက်တဲ့လူဖြစ်ပါတယ်။ သူ့ရဲ့ နောက်ထပ်ခြေလှမ်းတွေကိုတော့ နာမည်ကြီး သတင်းမီဒီယာတွေက မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။
နည်းပညာတိုးတက်လာလေလေ အရေးကြီးဆုံးက လုံခြုံမှုနဲ့ ယုံကြည်စိတ်ချရမှုပဲဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ ကိစ္စတွေပါဝင်လာပြီဆိုရင်တော့ တစ်ကယ်ကျွမ်းကျင်တဲ့ software engineer တွေနဲ့ လုံခြုံရေးကို ဦးစားပေးတင်းကျပ်မှ အောင်မြင်နိုင်မှာပါ။ Facebook ရဲ့ အနာဂတ်က ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ Facebook သုံးရင်းစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Comments