You are here
Home > Hardware > DIY > Arduino ဆိုတာဘာလဲ?

Arduino ဆိုတာဘာလဲ?

Arduino ဆိုတာ

Arduino ဆိုတာကတော့ open-source platform ပေါ်အခြေခံထားတဲ့ micro-controller လေးပါ။ Micro-controller ဆိုတဲ့အတွက် သူ့မှာ Processor ပါမယ်၊ RAM ပါမယ်၊ ROM ပါမယ်၊ နောက် GPIO pins တွေပါမယ်ပေါ့။  Arduino ကို 2005 ခုနှစ်က Italy နိုင်ငံမှာ Massimo Banzi နဲ့ နောက် co-founder လေးယောက်ကစပြီး introduce လုပ်ခဲ့ပါတယ်။

Arduino ကိုသုံးပြီး ဘာတွေလုပ်လို့ရလဲ ?

 

Arduino ကိုသုံးပြီး motor တွေ sensor တွေကနေတစ်ဆင့် ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို ချိတ်ဆက် ထိန်းချုပ်နိုင်ပါတယ်။ ဥပမာ – Home Automation လို project မျိုးတွေ၊ 3D printer လို project မျိုးတွေ၊ Robotic project မျိုးတွေ အစရှိသဖြင့် project ပေါင်းမြောက်များစွာကိုလဲ Arduino ကိုအသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ Arduino ကို stand-alone project မျိုးတွေမှာ သုံးလို့ရတဲ့အပြင် android apps တွေ computer ကအခြား software တွေ (ဥပမာ – processing) နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

 Arduino board အမျိုးအစားများ

Arduino Board အမျိုးအစားများ
Arduino Board အမျိုးအစားများ

Arduino borad တွေမှာ Uno, Mega, Nano, lily pad အစရှိသဖြင့် board အမျိုးအစားတွေ အများကြီးရှိပါတယ်။ Board အမျိုးအစားတစ်ခုနဲ့ တစ်ခု ဘာကွာသလဲ ဆိုတော့ သူ့မှာပါတဲ့ processor တွေ GPIO pins အရေအတွက် တွေ  storage ပမာဏတွေ စတဲ့ သူ့ရဲ့ specification တွေကွာခြားပါတယ်။

ARDUINO ကိုဘာလို့သုံးသင့်လဲ?

 

Low Cost :    Arduino ရဲ့ အားသာချက်တွေကတော့ boards တွေဟာ ဈေးနှုန်း ချိုသာပါတယ်။
မြန်မာငွေ ၆၀၀၀ လောက်ရှိရင်စပြီး project တွေလုပ်လို့ ရပါပြီ။

Open Source:   နောက် Arduino ဟာ open-source platform ဖြစ်တဲ့အတွက် သူ့ရဲ့ circuit design တွေကို free ချပေးထားပါတယ်။ အဲဒီအတွက် board design တွေကို ကိုယ့် version နဲ့ ကိုယ်ထပ်ပြီး improve လုပ်နိုင်ပါတယ်။ Program ရေးဖို့အတွက် IDE (Integrated Development Environment)ကိုလဲ သူ့ main site  ဖြစ်တဲ့ www.arduino.cc မှာ free download ဆွဲနိုင်ပါတယ်။ Online ပေါ် မှာလဲ project examples တွေ tutorials တွေ အများအပြားရှိတဲ့အတွက် လေ့လာရလွယ်ကူပါတယ်။

Cross platform:    Arduino software တွေဟာ cross-platform ဖြစ်ပါတယ်။ ဆိုလိုတာကတော့ OS မရွေးပါဘူး။ တစ်ချို့ micro-controller တွေဟာ window နဲ့ compatible မဖြစ်တာ အခြား OS တွေနဲ့ compatible မဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ Arduino software တွေကတော့ Window ရော၊ Mac ရော၊ Linux OS တွေမှာပါအသုံးပြုနိုင်ပါတယ်။ 

Easy Programming Environment:    Arduino အတွက် programming environment ကလည်း ရိုးရှင်းလွယ်ကူပါတယ်။ Programming နဲ့ပတ်သတ်တဲ့ အခြေခံ Knowledge လောက်ရှိရင် စရေးလို့ရပါပြီ။ Arduino program တွေကို C language နဲ့ရေးပါတယ်။ ဒါပေမယ့် C language စစ်စစ်မျိုးမဟုတ်ဘဲ သူ့ကို modify ပြန်လုပ်ထားတဲ့ ပုံစံမျိုးပါ။ Arduino program တွေကို sketches လို့ခေါ်ပါတယ်။

 ARDUINO ကို ဘယ်လိုလူမျိုးတွေ သုံးသင့်သလဲ?

Arduino board တွေဟာ လေ့လာရလွယ်ကူခြင်း၊ အသုံးပြုရလွယ်ကူခြင်းတွေကြောင့် အခုမှ စလေ့လာမယ့်သူတွေ၊ စပြီ project တွေလုပ်မယ့် ကျောင်းသူကျောင်းသားတွေ၊ ဝါသနာရှင်တွေအတွက် သင့်တော်ပါတယ်။

Phone Wa Science ကူးယူဖော်ပြသည်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top