You are here
Home > Hardware > Buying Guides > Wai Yan Electronics မှာ iPhone နှင့် အခြားသော လျှပ်စစ်ပစ္စည်း များကို အရစ်ကျ ဝယ်ယူနိုင်

Wai Yan Electronics မှာ iPhone နှင့် အခြားသော လျှပ်စစ်ပစ္စည်း များကို အရစ်ကျ ဝယ်ယူနိုင်

Wai Yan Electronics ရဲ့ Customer များအနေဖြင့် iPhone 7 နှင့် 7 Plus အပါအဝင် မိမိကြိုက်နှစ်သက်တဲ့ Electronics ပစ္စည်းများကို Wai Yan Electronics တွင် ၆ လ မှ ၁၂လအထိ လစဉ်အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်မည့် အကြောင်းလေး ရှင်းပြပေးလိုက်ရပါတယ် ။

လစဉ်အရစ်ကျဝယ်ယူမှုဖြင့် ဝယ်ယူနိုင်မည့် အသေးစား ချေးငွေ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အာမခံပစ္စည်း / ဘဏ်စာရင်းဖွင့်ရန်မလို ၊ ရိုးရှင်းသော ချေးငွေလျှောက်ထားမှု ၊ အဆင်ပြေလွယ်ကူသော လစဉ်ပေးချေမှု တို့ဖြင့် ပစ္စည်း ဝယ်ယူရရှိနိုင်သော အစီအစဉ် တစ်ခုဖြစ်ပါတယ် …

အရစ်ကျဝယ်ယူရန် လိုအပ်ချက်များ

လစဉ်အရစ်ကျ ဝယ်ယူချင်တယ်ဆိုရင်တော့ အောက်ပါ အဆင့်များအတိုင်း လွယ်ကူစွာ ပြုလုပ်ပြီး ချိတ်ဆက် ဝယ်ယူရရှိနိုင်ပါတယ်။
ပစ္စည်းဝယ်ယူတော့မယ်ဆိုလျှင်

(၁) Wai Yan Electronics ဆိုင်များတွင် ထားရှိပေးထားသော လျှောက်လွှာ ကိုရယူပါ ။

(၂) မိမိ လစဉ်ချေးငွေဖြင့် ရယူလိုသော ကုန်ပစ္စည်းကို ရွေးချယ်ပါ ။ လိုအပ်သော စာရွက်စာတမ်းများကို ချေးငွေလျှောက်ထားသူမှ ပြည့်စုံစွာ ပူးတွဲတင်ပါ။

(၃) သက်ဆိုင်ရာဌာနမှ စစ်ဆေးဆုံးဖြတ်ပြီး ပျမ်းမျှ ကြာချိန် ၃ရက်အတွင်း ပြန်လည်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

(၄) အကြောင်းကြားချက်ရရှိပြီးနောက် လျှောက်ထားသူမှ ရွေးချယ်ထားသော ပစ္စည်းကို မိမိ လျှောက်လွှာတင်ထားခဲ့သော ဆိုင်တွင် လာရောက်ထုတ်ယူနိုင်ယူရမှာ ဖြစ်ပါတယ်။

(၅) လစဉ် ၂ ရက်နေ့တိုင်း မိမိရွေးချယ်ထားသော လအလိုက် ချေးငွေနှင့် အတိုးနူန်းကိုပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

လျှောက်ထားသူများအနေဖြင့် ၆လ ၊ ၉လ နှင့် ၁၂လ ငွေပြန်ဆပ်ရန် အချိန်ကာလ ရွေးချယ်နိုင်ပြီး သတ်မှတ်ထားသော အတိုးနူန်း (၁.၄) % ယူ၍ လစဉ် ငွေပေးချေရမှာ ဖြစ်ပါတယ်၊၊
လစဉ် ပုံမှန် ဝင်ငွေရှိသူဖြစ်ပြီး အသက် ၁၈ နှစ်မှ ၆၀နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူများက ဆက်သွယ် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

စုံစမ်းမေးမြန်းရန်

လိုအပ်သော စာရွက်စာတမ်းများကို အသေးစိတ်ဆက်သွယ် စုံစမ်းမေးမြန်းလိုပါက အောက်ပါ ဆိုင်များမှာ ဆက်သွယ် စုံစမ်းမေးမြန်း လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် …
ဒီစနစ်ဖြင့်ယခုချက်ခြင်း ဝယ်နိုင်တဲ့နေရာ များမှာ ရန်ကုန်တစ်မြို့လုံးရှိ အောက်ပါ Wai Yan Electronics ဆိုင်များဖြစ်ပြီးတော့ မန္တလေးမြို့ Wai Yan Electronics ဆိုင်များမှာ လဲ နောက်လမှ စ၍ စတင်ဆောင်ရွက်ပေးသွားမှာပါ။

  • Wai Yan Electronics (PSD) အမှတ်(၁၇၃-၁၇၅)ပန်းဆိုးတန်းအလယ်ဘလောက် ၊ကျောက်တံတားမြို့နယ်။ ဖုန်း ၀၁-၂၅၀၅၉၆၊၂၅၀၅၉၇
  • Wai Yan Electronics (KBA) အမှတ်(90/A,B) ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်။ ဖုန်း ၀၁-၅၄၆၀၀၆ ၊ ၀၁-၄၀၁၄၁၆
  • Wai Yan Electronics (BAK) အမှတ်(၁၁၈-၁၂၂) ဗိုလ်အောင်ကျော်လမ်း(အောက်ဘလောက်)ဗိုလ်တထောင်မြို့နယ်။ဖုန်း ၃၉၈၅၆၆ ၊ ၃၉၈၅၆၅ ၊ ၃၉၈၅၇၁
  • Wai Yan Electronics (MYM) မြယမုံ Waterfront Villa ၊တောင်ဒဂုံမြို့နယ်။ ဖုန်း ၀၁-၈၁၀၀၃၄၃-၄
  • Wai Yan Electronics (Insein) အမှတ်(၃) ၊သီရိလမ်း ၊ အနောက်ဈေးကုန်းရပ်ကွက် ၊ အင်းစိန်မြိုနယ် ၊ အင်းစိန်ဈေးအနီး မဟာမြိုင်ရုပ်ရှင်ရုံဘေး ဖြစ်ပြီး ဖုန်း – 01-642678
  • Wai Yan Mobile ( Myanmar Plaza ) ဖုန်း – 09-26143-1008 ၊ 09-26143-1009 ။

မှတ်ပုံတင်မိတ္တူ ၊ ၁ လ အတွင်းရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၊ ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ ၊ အာမခံသူရဲ့မှတ်ပုံတင် မိတ္တူ ၊ စတာတွေ လိုအပ်ပါမယ် ။

လစဉ်အရစ်ကျဝယ်ယူမှုဖြင့် ပစ္စည်းဝယ်ယူမယ်ဆိုရင်တော့ အများဆုံးငွေကျပ် ၁၀ သိန်းထိသာ ချေးငွေရရှိတာဖြစ်ပြီး ၊ မိုဘိုင်းပစ္စည်းဝယ်ယူမယ်ဆိုရင် လစာရဲ့ တစ်ဆခွဲ ၊ အီလက်ထရောနစ်ပစ္စည်းဝယ်ယူမယ်ဆိုရင်တော့ လစာရဲ့နှစ်ဆ အများဆုံးချေးငွေရရှိမှာဖြစ်ပါတယ်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top