Autonomous Vehicle ဆိုတာက မောင်းသူမဲ့ ယာဉ်အမျိုးအစား ဖြစ်ပြီး လျှပ်စစ်စွမ်းအင်သုံး ယာဉ်အမျိုးအစားတွေဖြစ်ပါတယ်။ Autonomous Vehicle တွေမှာ A.I စနစ်တွေ ပါဝင်ပြီး လူတွေက control လုပ်တာဖြစ်ပါတယ်။ ဆိပ်ကမ်းကချတဲ့ containers တွေကို သယ်တဲ့ trucks တွေရဲ့အနာဂတ်ကလည်း ပြောင်းလဲလာပါပြီ။ အရင်တုန်းက container trucks တွေကိုမောင်းတာက လူတွေနဲ့အသုံးပြုပြီး မောင်းနှင်ရပါတယ်။ လူကိုအသုံးပြုပြီး လုပ်ရတာကြောင့် ကြန့်ကြာမှုတွေ၊ မှားယွင်းမှုတွေနဲ့ မတော်တဆ ဖြစ်မှုတွေက များပါတယ်။ လျှပ်စစ်ကားတွေ တစ်ဟုန်ထိုးခေတ်စားလာတဲ့အခါမှာ အိမ်နေလူစီးကားတွေသာမက Bus ကားတွေနဲ့ Trucks တွေမှာပါ လျှပ်စစ်ကားတွေကို စတင်အသုံးပြုလာကြပါတယ်။ ကမ္ဘာမှာ ပထမဆုံးလျှပ်စစ် Truck ကို အသုံးပြုတာက Tesla company ပဲ ဖြစ်ပါတယ်။
အခု Truck တွေ Bus တွေထုတ်တဲ့နေရာမှာ နာမည်ကြီး company တစ်ခုဖြစ်တဲ့ Volvo Truck Company ကလည်း လျှပ်စစ်စွမ်းအင်သုံး Truck ကို ကွန်တိန်နာတွေ သယ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ထူးခြားတာက လျှပ်စစ်Truck တွေကို မောင်းနှင်တဲ့နေရာမှာ လူတွေအသုံးမပြုပဲ အလိုအလျောက်မောင်းနှင်နိုင်တဲ့ truck တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Truck တွေက တစ်နာရီိကို ၄၀ကီလိုမီတာ အထိသွားနိုင်ပြီး အသွားအပြန်လုပ်နိုင်ပါတယ်။ ဒီ Trucks တွေကို ထိန်းချုပ်တဲ့ Tower တစ်ခုရှိပြီး control လုပ်မှာ ဖြစ်ပါတယ်။ Volvo ရဲ့ ဒုဥက္ကဌ ဖြစ်သူ Mikael Karlsson က အခုလို အလိုအလျောက် မောင်းသူမဲ့ Volvo Truck တွေအသုံးပြုခြင်းက အင်ဂျင်သံကျယ်လောင်မှုနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချမှုကို အများကြီးသက်သာနိုင်စေပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Container Trucks တွေကို စတင်အသုံးပြုပေမယ့် Volvo လျှပ်စစ်ကားတွေကို လမ်းပေါ်မှာ မြင်တွေ့ရသေးမှာ မဟုတ်ပါဘူး။ Sweden နိုင်ငံက ကမ္ဘာမှာ Green Country တစ်ခုဖြစ်သလို လျှပ်စစ်ကားတွေအသုံးပြုများတဲ့ နိုင်ငံထဲမှာလည်း ပါပါတယ်။ တစ်ချိန်မှာတော့ container truck တွေရော လမ်းပေါ်မှာသွားတဲ့ ကားတွေပါ အလိုအလျောက်မောင်းသူမဲ့ကားတွေကို မြင်တွေ့ရတော့မှာပါ။ လက်ရှိ Tesla ကားတွေက နည်းပညာမြင့်ကားထဲမှာ ထိပ်ဆုံးဖြစ်ပြီး ပထမဦးဆုံး အလိုအလျောက်မောင်းသူမဲ့ ကားကို စတင်မိတ်ဆက်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ကားတွေရဲ့အနာဂတ်ကလည်း လျှပ်စစ်ကားဘက်ကို ပြောင်းလဲလာနေပါပြီ။ ခ
Comments