ကမ္ဘာမှာ အမြန်ဆုံး အားသွင်းနိုင်တဲ့ဖုန်းက မထွက်သေးပါဘူး။ လက်ရှိ အမြန်ဆုံး အားသွင်းနိုင်တဲ့ samsaung က ထုတ်တဲ့ fast charging phone တွေတောင် ထင်သလောက် speed မရသေးပါဘူး။ Vivo ရဲ့ product manager က နောက်ထွက်လာမယ့် vivo super flashcharge ဖုန်းက ၁၃မိနစ် အားသွင်းလိုက်ရုံနဲ့ 4000mAh ရှိတဲ့ battery ကို ၁၀၀ရာခိုင်နှုန်းအားပြည့်အောင် သွင်းနိုင်တဲ့ video concept တစ်ခုကို အင်တာနက်ပေါ်တင်ခဲ့ပါတယ်။ ၁၆ စက္ကန့်အားသွင်းရုံနဲ့ ၁၀ မှ ၁၄ ရာခိုင်နှုန်းထိ တက်တဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အလားတူ အမြန်အားသွင်းနိုင်မယ့် superfast charging ဖုန်းအမျိုးအစားကို Xiaomi ကလည်း March လက မိတ်ဆက်ခဲ့ပါတယ်။ တစ်ကယ့် product ကတော့ အသုံးပြုသူတွေလက်ထဲ ရောက်မလာသေးပါဘူး။ လက်ရှိ ကမ္ဘာမှာ အမြန်ဆုံး fast charging ဖုန်းဝယ်ချင်တယ်ဆိုရင်တော့ Oppo ကထုတ်တဲ့ Find X Lamborghini Edition ကို ဝယ်ယူနိုင်ပါတယ်။ ၃၅ မိနစ်အတွင်းမှာ 3400mAh Battery ကို ၁၀၀ရာခိုင်နှုန်းအပြည့် သွင်းနိုင်ပါတယ်။
Vivo ကတော့ ဒီစံချိန်ကိုချိုးပြီး Super Flash Charge 120W ကိုတော့ နောက်အပတ် ရှန်ဟိုင်းမှာ ကျင်းပမယ့် electronic ပွဲမှာ မိတ်ဆက်သွားမယ်လို့လည်း သိရပါတယ်။ 5G connection ကို support လုပ်မယ်လို့လည်း သိရပါတယ်။
Comments