ရောက်ရှိနေသည့်နေရာ
Home > Windows > USB Hidden Folder Fix Tool နဲ့ အသုံးပြုနည်း

USB Hidden Folder Fix Tool နဲ့ အသုံးပြုနည်း

ကျွန်တော် Tool တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ USB Stick (Flash drive) သုံးသူများ Virus ပြဿနာကြောင့် System Hidden ဖြစ်နေတဲ့ Folder များကို ပြန်ဖေါ်ပေးတဲ့ (unhidden) Tool ပဲ ဖြစ်ပါတယ်။ Tool နာမည်ကတော့ USB Hidden Folder Fix ပဲ ဖြစ်ပါတယ်။ အသုံးပြုနည်းကလည်း အရမ်းလွယ်ပါတယ်။ Installation ပြုလုပ်စရာမလိုတဲ့အတွက် သင့် Flash drive ထဲမှာ ထည့်ထားခြင်းဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုနည်းကို ပုံနှင်တကွ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။ အောက်မှာ ဆက်ကြည့်လိုက်ပါ။

ပထမဆုံး Folderfix.exe ကို မိမိ ကွန်ပျူတာပေါ်ကို ဆွဲချပါ။ ပြီးရင် ကလစ်နှစ်ချက်ပေးပြီး ဖွင့်ပါ။ Browse ကို ကလစ်လုပ်ပြီး မိမိ ဖော်လိုတဲ့ Folder ကို ရွေးပေးပါ။ ဥပမာ- Flash drive ဆိုရင် ပုံမှာပြထားတဲ့အတိုင်း My computer အောက်မှာ သင့် Flash drive ကိုရွေးပေးလိုက်ပါ။ ပြီးရင် OK နဲ့ ထွက်ပါ။

Unhidden လုပ်မယ့် Folder ကို ရွေးပြီးပြီဆိုရင်တော့ Yes! Unhidden this folder! ကို ကလစ်ပေးလိုက်ပါက အလုပ်စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။ မှတ်ချက်အနေနဲ့ System folder များလည်း Unhidden ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီအတိုင်းထားလိုက်ပါ ပြဿနာမရှိပါဘူး။ ဒီလိုဆိုရင် အရင် ပျောက်နေတဲ့ Folder တွေ ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။

Download @

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Leave a Reply

Top
%d bloggers like this: