UncategorizedWindows

USB Drive နဲ့ လွယ်လွယ်ကူကူ Window 10 ဘယ်လိုတင်မလဲ။

0

USB drive နဲ့ Window 10 ကို အချိန်တိုအတွင်းမှာ တင်နိုင်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်ဖို့ပဲ လိုပါတယ်။

USB Drive ကို အရင် Format ချပါ။ Right click ထောက်ပြီး format ချပါ။ အနည်းဆုံး သင့် USB Drive က​ 8GB နဲ့အထက် ရှိဖို့လိုပါတယ်။ USB Drive နဲ့ Window 10 တင်တာက DVD ခွေနဲ့တင်တာထက် ပိုမြန်ပြီး safe ဖြစ်ပါတယ်။ များသောအားဖြင့် DVD Drive တွေက ခွေဖတ်နေတဲ့အချိန်မှာ ရပ်​ပြီး မပြီးတာမျိုး တစ်ဝက်တစ်ပြတ်နဲ့ ဖြစ်သွားတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် USB က တစ်ဆင့် Window 10 တင်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

USB Drive ထဲကို Window 10 သွင်းခြင်း။

ပထမဆုံး https://www.microsoft.com/en-us/software-download/windows10ISO

ဒီ link က တစ်ဆင့် Window 10 ကို download လုပ်ပါ။ အခု link က microsoft  က တရားဝင် link ဖြစ်ပါတယ်။ သင့်ကွန်ပျူတာက 64 bit လား 32 bit လားဆိုတာ အရင်သိအောင်လုပ်ပါ။ Download လုပ်တဲ့အခါမှာ မှန်မှန်ကန်ကန် ရွေးချယ်ဖို့လိုပါတယ်။

Install လုပ်တဲ့အဆင့်။

ကွန်ပျူတာကို စ boot လုပ်တဲ့အခါမှာ UEFI နဲ့ BIOS နှစ်မျိုးရွေးတဲ့အဆင့်ထိ ရောက်အောင် လုပ်ပါ။ သင့်ကွန်ပျူတာကလည်း USB Drive ကို ဖတ်ဖို့လိုပါတယ်။ ကွန်ပျုတာက USB ကို ဖတ်ရင်တော့ Main Boot Device အနေနဲ့ select လုပ်ပြီး install လုပ်ပါ။ Installation အဆင့်ကတော့ အချိန်နည်းနည်းယူရပါတယ်။ နာရီကွက် နဲ့ တစ်နာရီကြားလောက်တော့ သင် စောင့်ရမှာပါ။

သင်လုပ်ရမှာက အားလုံးက ဒီအဆင့် သုံးဆင့်ပါပဲ။

၁။ USB Drive ကို Format ရိုက်ပါ။ (အနည်းဆုံး 8G နဲ့ အထက်ရှိရပါမယ်။)

၂။ Window 10 media creation tool ကို Microsoft website က download လုပ်ပါ။

၃။ ပြီးရင် download လုပ်ထားတဲ့ ဟာကို run ပါ။

 

Instruction နဲ့ အသေးစိတ်ကိုတော့ Youtube က တစ်ဆင့်လေ့လာနိုင်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Mario Game ကို ဘယ်လိုစတင်ခဲ့တာလဲ။

Previous article

Dell Computer အကြောင်း တစ်စေ့တစ်စောင်း။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.