ရောက်ရှိနေသည့်နေရာ
Home > Buying Guides > အွန်လိုင်းမှာ ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ဈေးဝယ်ခြင်း

အွန်လိုင်းမှာ ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ဈေးဝယ်ခြင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းက ဈေးဝယ်တဲ့ ယဉ်ကျေးမှု လျင်လျင်မြန်မြန်နဲ့ ထွန်းကားလာနေပါတယ်။ အွန်လိုင်းက ဈေးဝယ်မယ်ဆိုရင်ဘာတွေ လိုမယ် ဘာတွေ သိထားသင့်သလဲ။ တကယ်တော့ အသုံးပြုသူ လွယ်လွယ်ကူကူ ဖြစ်အောင် ဈေးရောင်းဈေးဝယ်ဝက်ဆိုဒ်တွေကို ဖန်တီးထားပြီး အွန်လိုင်းက ၀ယ်တာဖြစ်လို့ ထူးထူးထွေထွေ လိုအပ်မယ်ဆိုတာမျိုးတော့မရှိပေမဲ့ အကောင်းဆုံးဝယ်ယူမှု ဖြစ်ဖို့အတွက် သေချာစေမယ့် အချက်လေး တွေ ဖော်ပြလိုက်ပါတယ်။

အကောင်းဆုံးရောင်းချမှုများ

Kaymu.com.mm မှာဆိုရင် အကောင်းဆုံးရောင်းချသူများဆိုတဲ့ ကဏ္ဍရှိပါတယ်။ဒါက ရောင်းအားအကောင်း ဆုံးဆိုင်တွေကို ဆိုလိုတာပါ။ ရောင်းအားအကောင်းဆုံးဆိုင်တွေဖြစ်တဲ့အတွက် သူတို့ဆီက ၀ယ်ယူသူများလို့ ပစ္စည်းဆန်းဆန်းလေတွေကို ရောင်းချပေးနေရလို့ဖြစ်ပါတယ်။ အခြား တစ်ရက်တာအတွင်း အကောင်းဆုံး ရောင်းချမှုများဆိုပြီးတော့လည်း ရှိပါတယ်။ သို့သော်လည်းပဲ အွန်လိုင်းက၀ယ်မယ်လို့ စဉ်းစားထားတဲ့ သင့်အတွက် တကယ့် အကောင်းဆုံးသော ရောင်းချမှုကတော့ အထူးလျော့ဈေးနှုန်းများဆိုတဲ့ ကဏ္ဍဖြစ်နိုင် ပါတယ်။ အဲဒီကဏ္ဍမှာ အထူးလျော့ဈေးပေးထားတဲ့ မျိုးစုံကို တွေ့နိုင်မှာဖြစ်ပြီး သင့်ကြိုက်နှစ်သက်ရာကို ရွေးချယ် ၀ယ်ယူရုံပါပဲ။

Made In China

အွန်လိုင်းဈေးရောင်းဈေးဝယ်တော်တော်များများ အစစ်ကိုပဲ ရောင်းပါမယ်လို့ ကန့်သတ်ထားတာဟာ မသင့်လျှော်ဘူးမဟုတ်လား။ ရောင်းသူနဲ့ ၀ယ်သူအကြားမှာ အရောင်းအ၀ယ်ဖြစ်ဖို့နဲ့ တစ်ချို့ကလည်း ဈေးနှုန်းသက်သက်သာသာနဲ့ ဆင်တူပစ္စည်းလေးတစ်ခုကို ကိုင်ချင်နေတယ်ဆိုတဲ့ ဈေးဝယ်သူတွေလည်း ရှိနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပစ္စည်းအရည်အသွေးနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့ အကန့်အသတ်မလုပ် ကြတာဖြစ်ပါတယ်။ သို့သော်လည်း အတုအပ ကို သတိပြုပါလို့ တိုက်ရိုက်မပြောပေမဲ့ ကိုယ်ဝယ်တဲ့ ပစ္စည်းဟာ အင်ထုထားတယ်၊ အစစ်မဟုတ်ဘူးဆိုရင် တစ်နည်းနည်းနဲ့ သိသာအောင်ဖော်ပြပါလိမ့်မယ်။ Kaymu.com.mm မှာဆိုရင်တော့အဲလိုပစ္စည်းမျိုးကို Made In China ဆိုတဲ့ စကားလုံးလေးနဲ့ ဖော်ပြထားမှာဖြစ်ပါတယ်။ ဈေးနှုန်းကလည်း သင့်သိထားတဲ့ ဈေးနှုန်းထက် အဆမတန် ချိုမြနေမှာဖြစ်ပါတယ်။ အထူးသဖြင့် ဖုန်းအမျိုးအစားတွေအတွက် ရည်ရွယ်သုံးနှုန်းပါတယ်။

နောက်ဆုံးထွက်ပစ္စည်းများ

အွန်လိုင်းကဈေးဝယ်မယ်ဆိုရင် အထူးသဖြင့်တော့ နောက်ဆုံးထွက်ပစ္စည်းများကို ရှာဝယ်ပါ။ မူရင်း ထုတ်လုပ် သူဟာ ဈေးကွက်အတွင်းမှာ သူတို့ရဲ့ ပစ္စည်းသစ်ကို အကောင်းဆုံးဈေးနှုန်းနဲ့ အမြောက်အများရောင်းချဖို့ ကြိုးစားရာမှာ ပထမဆုံး သူကိုယ်တိုင် တိုက်ရိုက်ရောင်းတဲ့ နည်းနဲ့ရောင်းချပြီးနောက် ဒုတိယမြောက် ခြေလှမ်းအဖြစ် အမြောက်အများနဲ့ ဖြန့်ဝေနိုင်မယ့် ဒုတိယနည်းလမ်းတွေကို ရှာဖွေလာချိန်မှာ ၀ယ်သူ တစ်ယောက်အနေနဲ့ အွန်လိုင်းဈေးတွေက အထူးအစီအစဉ်တွေကို ခံစားရဖို့ အသေချာဆုံးအချိန်ဖြစ်လို့ပါပဲ။

ဈေးနှုန်းသက်သာမှုရှိမရှိ သေချာပါစေ

အွန်လိုင်းကနေ ဈေးဝယ်ယူရာမှာ များသောအားဖြင့် ဈေးနှုန်းသက်သာပါတယ်။ အဓိက အချက်နှစ်ချက်ရှိပါ တယ်။ ရောင်းချတဲ့သူအတွက် ပစ္စည်းတစ်ခုရောင်းချရဖို့အတွက် ကုန်ကျစရိတ်နည်းပါးပါလို့ဖြစ်ပါတယ်။ သို့သော်လည်း အွန်လိုင်းက ဈေးနှုန်းသက်သာမှုကို ရှာဖွေဖို့အတွက် ဗျူဟာတစ်ချို့ ချမှတ်ထားဖို့တော့ လိုပါမယ်။ အပြင်မှာလိုပါပဲ အွန်လိုင်းဈေးအများစုဟာ လက်လီရောင်းချမှုမှာ ကျွမ်းကျင်တယ်ဆိုနိုင်ပေမဲ့ တစ်ခုချင်းစီဝယ်တာထက် အုပ်စုလိုက်ဝယ်တာ၊ နှစ်မျိုးသုံးမျိုးဝယ်တာတွေက ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချသူထံက ရရှိနိုင်သလို သယ်ယူပို့ဆောင်စရိတ်မှာလည်း သက်သာပါတယ်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Leave a Reply

Top
%d bloggers like this: