ရောက်ရှိနေသည့်နေရာ
Home > Social Media

MPT က CDMA ဆင်းကတ်နှင့် နံပါတ်တူ GSM ဆင်းကတ်များ ထုတ်ပေးနေ

MPT က CDMA ဆင်းကတ်နှင့် နံပါတ်တူ GSM ဆင်းကတ်များ ထုတ်ပေးနေ

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)သည် CDMAဆင်းကတ်သုံးစွဲသူများ လက်ရှိကိုင်ဆောင်ထားသော နံပါတ်နှင့်တူညီသည့် GSM ဆင်းကတ်များကို မတ် ၂ဝ ရက် မှ စတင်ကာ ထုတ်ပေးနေပြီဖြစ်ကြောင်း MPT ကတာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ GSM ဆင်းကတ်များ ထုတ်ပေးမှုအစီအစဉ်တွင် CDMA ဆင်းကတ်များကို ပြန် လည်သိမ်းဆည်းမည်မဟုတ်ဘဲ နံပါတ်တူ GSM ဆင်းကတ် ထုတ်ပေးခြင်းသာဖြစ်သည်။ ''CDMA ဆင်းကတ်ကိုင်ထားသူတွေက လက်ရှိကိုင်ထားတဲ့နံပါတ်နဲ့ အနည်းဆုံးနောက် ခြောက်လုံးတူတဲ့ GSM ဆင်းကတ်တွေကို ထုတ်ပေးနေတာဖြစ်ပါတယ်။ ထုတ်ပေးတဲ့အခါ မှာလည်း CDMA ဆင်းကတ်တွေကို ပြန်သိမ်းမှာမဟုတ်တဲ့အတွက် CDMA ဆင်းကတ်ကို လည်းဆက်သုံးလို့ရမယ်။ အသစ်ထုတ်ပေးတဲ့ GSM ဆင်းကတ်ကိုလည်းသုံးလို့ရမယ်''ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ အဆိုပါဆင်းကတ်များကို အမ်ပီတီရုံးများအပါအဝင် တစ်နိုင်ငံလုံးရှိနေရာပေါင်း ၂ဝဝ ကျော်တွင် အခမဲ့ထုတ်ယူနိုင်ရန် စီစဉ်ပေးထားပြီး ထုတ်ယူသူများသည် မိမိလက်ရှိ ကိုင်ဆောင်ထားသော စီဒီ အမ်အေဆင်းကတ်နှင့်တကွ

ကဏ္ဍငယ်အောက်တွင်

Menu Bar ထည့်သွင်းလာတဲ့ Messenger နောက်ဆုံးဗားရှင်း

Menu Bar ထည့်သွင်းလာတဲ့ Messenger နောက်ဆုံးဗားရှင်း

Facebook က Messenger ကို Platform အသစ်အနေနဲ့ ခွဲထုတ်ပြီး အပြောင်းအလဲတွေ အများအပြား ဖြစ်သွားခဲ့ပါတယ်။ ခုဆိုရင် Messenger ရဲ့ Version အသစ်မှာ Menu bar ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒီလို ထည့်သွင်းပေးလိုက်တဲ့အတွက် သုံးရတာ အရင်ကလို ရှုပ်မနေတော့ပဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားစေပါတယ်။ Version 110.0.0.14.69 မှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ APK ဖိုင်ရဲ့ ပမာဏကတော့ 55.99 MB ရှိပါတယ်။ မတ်လ ၂၂ ရက်နေ့မှာ Update ပေးခဲ့တာ ဖြစ်ပြီး Android version  4.0.3 နှင့်အထက်မှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Menu bar မှာ

စာရေး ဝါသနာပါသူများအတွက် Samsung Galaxy C9 pro ရရှိနိုင်မယ့် အခွင့်အရေး

စာရေး ဝါသနာပါသူများအတွက် Samsung Galaxy C9 pro ရရှိနိုင်မယ့် အခွင့်အရေး

Samsung Mobile Myanmar မှ မိမိနေထိုင်ရာ မြို့ကို ဂုဏ်ယူစရာတွေ ဖော်ကြူးပြီး မကြာသေးမှီမှ ထုတ်လုပ်လိုက်တဲ့ Samsung Galaxy C9 pro ကို ရရှိနိုင်မည့် အခွင့်အရေးကို ပေးလိုက်ပါတယ်။ စာရေးဝါသနာပါသူများနှင့် မိမိမြို့အကြောင်းကို အကောင်းမွန်ဆုံး ဖော်ပြလိုသူများအနေနဲ့ ယနေ့ ၂၃ ရက်နေ့မှ စပြီး ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအတွင်း ရေးသားပေးပို့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်လိုသူများအနေနဲ့ အောက်ပါ စည်းကမ်းချက်များအတိုင်း Samsung Mobile Myanmar ၏ Facebook page သို့ ရေးသား ပေးပို့ရမှာ ဖြစ်ပါတယ်။ Samsung Mobile Myanmar ရဲ့ Facebook page

Computer မှ Facebook Live Broadcasting ပြုလုပ်နည်း

Computer မှ Facebook Live Broadcasting ပြုလုပ်နည်း

  OBS Streaming လို့ ခေါ်ပါတယ် ဒီ software လေးဟာဆိုရင် ကျတော်တို့ အသုံးပြုနေကျ social page computer ပေါ်တွင်ကိုယ်တိုင်တိုက်ရိုက် Live လွှင့်ချင်သူများ အတွက်ကို လုပ်ပုံလုပ် နည်းအဆင့်ဆင့်ဖြင့် မိတ်ဆင်ပေးချင်ပါတယ်ခင်ဗျာ။ ပထမဦးဆုံးအနေနဲ့ အောက်ပါ Link တွင် software လေး download လုပ်ပေးပါ။ Download OBS Software မိမိ facebook page ကို login လုပ်ထားရမှာ ဖြစ်ပြီး page ရဲ့  ထိပ်ဆုံး bar လေးမှာရှိတဲ့ Publishing Tools ထဲ ကိုအရင်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ လုပ်ပုံ နည်းလေးကို အောက်ပါပုံလေးအတိုင်းဖော်ပြပေးထားပါတယ်။   ပြီးရင်တော့ Live ဆိုတဲ့ button ကိုနှိပ်လိုပါ အဲ့ ကနေ streamkey လေး ပေးပါလိမ့်မယ်။ Live ပြသမဲ့

အသက် ၃၀ အရွယ်မှာ ချမ်းသာဖို့ ဆိုရင်

အသက် ၃၀ အရွယ်မှာ ချမ်းသာဖို့ ဆိုရင်

💰ငွေနောက်ကိုလိုက်ပါ ကနေ့ ခေတ်စီးပွားရေးအရဆိုရင် သမရိုးကျနည်းတွေနဲ့ ချမ်းသာဖို့ ကခက်ခဲလွန်းပါတယ်။ပထမဆုံးခြေလှမ်းကတော့သင့်ဝင်ငွေတိုးလာဖို့ အာရုံစိုက်ရမယ်။ငွေတွေထပ်ခါ ထပ်ခါဝင်နေဖို့ အာရုံစိုက်နေရမယ်။ခုငွေနောက်ကိုစလိုက်ပါ။ဒီလိုလုပ်ခြင်းအားဖြင့်သင်ဟာ ငွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိလာပြီး အခွင့်အလမ်းတွေကိုမြင်လာမှာဖြစ်ပါတယ် 💰မကြွားဝါပါနဲ့ ။ တိတ်တဆိတ်ကြိုးစားပါ သင်ရဲ့လုပ်ငန်း သင့်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါသေးဘဲနဲ့ တန်ဖိုးကြီးကားတွေ, တန်ဖိုးကြီးနာရီတွေဝယ်မဝတ်ပါနဲ့ ။သင့်အလုပ်ကြောင့်လူသိပါစေ။သင်ဝယ်တဲ့အရာတွေကြောင့်လူမသိပါစေနဲ့ ။ 💰ရင်းနှီးမြှပ်နှံဖို့ ငွေစုပါ။ ငွေစုဖို့ အတွက်ငွေမစုပါနဲ့  ငွေစုဖို့ အတွက်တစ်ခုထဲတော့အကြောင်းပြချက်က ရင်းနှီးမြှပ်နှံဖို့ပါဘဲ။ငွေစုပြီးဆိုတာနဲ့ စုတဲ့ငွေကိုလူံးဝမထိပါနဲ့ ။ဘာအတွက်မှလည်းမသုံးပါနဲ့ ။အရေးပေါ်အတွက်ဆိုရင်တောင်မသုံးပါနဲ့ ။ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ဝင်ငွေကိုတိုးလာစေပါတယ်။ 💰အကြွေးယူတာကိုရှောင်ပါ သင်ဘယ်တော့မှငွေမချေးရအောင် အကောင်းဆူံးငွေကြေးကိုထိန်းချုပ်ပါ။စည်းကမ်းတွေသတ်မှတ်ထားပါ။ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှုအသစ်တွေပြုလုပ်ဖို့ ငွေကြေးစီးဆင်းမှုတိုးတတ်ဖို့ အတွက်သာအကြွေးယူကြတာပါ။ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့ ငွေချေးကြတယ်။ဒီတော့ ဆင်းရဲတဲ့သူတွေကပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ် 💰ငွေကို သဝန်တိုတတ်တဲ့ချစ်သူတယောက်လိုပြုမူဆက်ဆံပါ ငွေတွေပေါများလာပါစေလို့ ဘယ်လောက်ဆုတောင်းနေနေ အချည်းနှီးပါဘဲ။ငွေကြေးပိုင်းဆိုင်ရာလွပ်လပ်မှုရှိရမယ်ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားပါ။ချမ်းသာဖို့ ဆိုရင် ငွေကိုဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားရမယ်။ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ။သင်ကသူမကိုဂရုမစိုက်ရင် သူမကလည်းသင့်ကိုဂရုစိုက်မှာမဟုတ်ပါဘူး။ဒီထက်ဆိုးလာရင်

ဖုန်းကံထူးတယ်ဆိုပြီး အယုံသွင်းခြင်း (သို့မဟုတ်) Social Engineering

ဖုန်းကံထူးတယ်ဆိုပြီး အယုံသွင်းခြင်း (သို့မဟုတ်) Social Engineering

ကျွန်တော်တို့ IT လောကမှာဆိုရင် SE လို့ခေါ်တဲ့ Social Engineering ဆိုတာ ရှိပါတယ်။ Computer လုံခြုံရေးကို ထိုးဖောက်ဖို့ သို့မဟုတ် တစ်ကိုယ်ရေ လုံခြုံရေးကို ထိုးဖောက်ဖို့အတွက် သတင်းအချက်အလက်ကို အယုံသွင်းပြီး လှည့်ဖျားရယူတာဖြစ်ပါတယ်။ တကယ်တော့ Social Engineering ဟာ IT လောကထဲမှာချည်း ရှိတာမဟုတ်ပါဘူး။ အပြင်လောကမှာလည်း ရှိပါတယ်။ လက်တလော ရေပန်းစားနေတဲ့ ဖုန်းလိမ်ရောင်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ လူကြီးမင်းရဲ့ ဖုန်းနံပါတ် ကံစမ်းမဲပေါက်လို့ဆိုပြီး ဖုန်းဝင်လာပါလိမ့်မယ်။ ပြီးပါက ၃ သိန်းကျော်တန်တဲ့ ဖုန်းကို ၁ သိန်း ၃ သောင်းနဲ့ ရပါမယ်။ အပိုအနေနဲ့ ၅ သောင်းတန် လက်ပတ်နာရီတစ်လုံးပါ လက်ဆောင်ပေးဦးမှာ ဖြစ်ပါတယ်ဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်။

Facebook မှာ Video တင်ပြီး ဝင်ငွေရှာနိုင်တော့မည်

Facebook မှာ Video တင်ပြီး ဝင်ငွေရှာနိုင်တော့မည်

Facebook က ရသမျှဝင်ငွေတွေကို အရင်က တစ်ဦးတည်းမူပိုင်သိမ်းနေပေမယ့် မကြာခင်မှာ Facebook က အသုံးပြုသူတွေကို ဝင်ငွေတွေ ပြန်လည်မျှဝေပေးတော့မှာ ဖြစ်ပါတယ်။ ဒီစနစ်ကို YouTube က အစောကတည်းက လုပ်ဆောင်ပေးနေခဲ့တာဖြစ်ပါတယ်။ ခုတော့ Facebook ကလည်း စတင်အကောင်အထည်ဖော်လို့ ဆုံးဖြတ်လိုက်ပါပြီ။ Facebook မှာ Video တင်ဆက်နေတဲ့ Facebook Cele တွေနှင့် Publisher တွေတော့ ဝင်ငွေကောင်းတော့မှာ ဖြစ်ပါတယ်။ Facebook က Video မှ ရတဲ့ ကြော်ငြာခ အကျိုးအမြတ် ၄၅ ရာခိုင်နှုန်းကိုသာ ရယူမှာဖြစ်ပြီး ၅၅ ရာခိုင်နှုန်းကိုတော့ Video တင်သူမှ ရရှိမှာ ဖြစ်ပါတယ်။ YouTube မှာကဲ့သို့ Copyright ကို ထိန်းချုပ်မှုရှိမရှိကိုတော့

Top