Monochrome ဓာတ်ပုံတစ်ပုံအဖြစ်ကိုဆော့ဖ်ဝဲနဲ့ Convert မလုပ်ခင်မှာ ကိုယ့်ရဲ့ဓာတ်ပုံမှာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံစွာ ရိုက်ကူးထားသင့်ပြီး ဘယ်လိုနေရာတွေကို ရိုက်ကူးမယ်ဆိုရင် ပုံကောင်းတွေ ထွက်နိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့အတွက် အောက်မှာ အချက်အလက်အချို့နဲ့ ဖော်ပြပေးသွားပါ့မယ်။၁။ High Contrast မြင်ကွင်တွေကို ရိုက်ကူးခြင်းMonochrome ဓာတ်ပုံဆိုတာဟာ Monotone ဖြစ်တာကြောင့် ကိုယ်ရိုက်ကူးမယ့်မြင်ကွင်းတစ်ခုကို ကြည့်လိုက်တဲ့ အချိန်မှာ မြောက်မြားလှစွာတဲ့ မတူညီတဲ့ အရိပ်ပေါင်းစုံမြင်တွေ့ရမှာပါ။ ဒါကြောင့်မို့ ရိုက်ကူး ဖို့အတွက် ဓာတ်ပုံထဲမှာ အဖြူသန့်သန့်၊ အမည်းသန့်သန့် ထွက်ပေါ်နိုင်လောက်မယ့် အရာတွေ၊ နေရာတွေကို ရွေးချယ်ရိုက်ကူးရမှာ ဖြစ်ပါတယ်။အဲလိုအနေအထားမျိုးတွေ ရိုက်ကူးရတဲ့အခါ High Contrast မြင်ကွင်းတွေက အကောင်းဆုံးပဲဖြစ်ပါတယ်။ High Contrast ဆိုတာက မြင်ကွင်းထဲမှာ အရမ်းမှောင်ပြီး အရမ်းလင်းတဲ့နေရာနှစ်ခု
Creative
Creative – ဖန်တီးတည်ဆောက်မှုများ နှင့် သက်ဆိုင်သော ဆောင်းပါးများ ကြည့်ရန်
Android စမတ်ဖုန်းနဲ့ ကိုယ်ခွဲဓာတ်ပုံတွေ ဘယ်လိုရိုက်မလဲ
ဒီတစ်ခါတော့ Android ဖုန်းတွေနဲ့ ကိုယ်ခွဲဓာတ်ပုံတွေကို ဘယ်လို ရိုက်သလဲ ဆိုတဲ့အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Android ဖုန်းတွေမှာ ကိုယ်ခွဲပုံစံနဲ့ ဓာတ်ပုံရိုက်နိုင်တဲ့စနစ်ပါ တဲ့ဖုန်းတွေက ရှားပါတယ်။ အချို့ Android ဖုန်းတွေမှာဆိုရင်တော့ Panorama စနစ် နဲ့ ကိုယ်ခွဲဓာတ်ပုံတွေ ရိုက်ကြပါတယ်။ ဖုန်းမှာ Default ပါတဲ့ Panorama စနစ်နဲ့ ကိုယ်ခွဲဓာတ်ပုံတွေကို ဖန်တီးမယ်ဆိုရင်လည်းရပါတယ်။ဒါပေမဲ့ Panorama စနစ်နဲ့ ကိုယ်ခွဲပုံတွေ ဖန်တီးမယ်ဆိုရင်တော့ ဂရုစိုက်ရမယ့်အချက်လေးတွေရှိပါတယ်။ Panorama စနစ်နဲ့ ကိုယ်ခွဲ ပုံရိုက်တဲ့အချိန်မှာ ဓာတ်ပုံအရိုက်ခံတဲ့ Subject ဟာ ဓာတ်ပုံရိုက်နေတဲ့ကင်မရာထဲမှာ အလျားလိုက် ကိုယ်ရွှေ့ချင်တဲ့နေရာကို ရွှေ့လို့မရပါဘူး။ Panorama နဲ့ ဓာတ်ပုံရိုက်နေတဲ့ ကင်မရာကို
ကျပ် ၁၀ သိန်း ရရှိမယ့် Map Challenge 2018 – Help Map Yangon
ကဲ ဘော်ဒါဒို့ရေ...ပြိုင်ပွဲကတော့ အောက်ပါအတိုင်းပါပဲ...Grab က Phandeeyar နဲ့ ပူးပေါင်းပြီး OpenStreet Map ပေါ်မှာ လိုအပ်နေသေးတဲ့ လမ်းနာမည်တွေ၊ အများနဲ့ဆိုင်တဲ့ အဆောက်အဦးနေရာတွေကို ဝိုင်းဝန်းဖြည့်သွင်းကြမယ့် ပြိုင်ပွဲလေးတစ်ခု စီစဉ်ထားပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၃ ရက်အထိ ကြာမြင့်မယ့် Map Challenge အတွက် ပထမဆုံးရက်မှာ မြေပုံထဲ တည်နေရာတွေ ဘယ်လို ထည့်သွင်းမလဲဆိုတာကို သင်ကြားပေးမှာဖြစ်ပြီး အဲဒီပြိုင်ပွဲကာလ ၈ ရက်အတွင်း အုပ်စုနဲ့ဖြစ်ဖြစ် တစ်ဦးချင်းဖြစ်ဖြစ် ရေးဆွဲပေးရမှာပါ။ပြိုင်ပွဲကာလတွင်း အစဦးရက် ဖေဖော်ဝါရီ ၂၄ ရက်နဲ့ နောက်ဆုံးရက် မတ် ၃ ရက်သာ လာရောက်ဖို့ လိုအပ်ပြီး ကြားရက်တွေမှာ ကိုယ်အဆင်ပြေတဲ့နေရာမှာ ရေးဆွဲနေရုံပါပဲ။
စာရေးခြင်းဖြင့် အပိုဝင်ငွေရှာခြင်း
(Zawgyi) အွန်လိုင်းပေါ်မှ ငွေရှာခြင်း မိတ်ဆက် နဲ့ အွန်လိုင်းအသုံးပြုပြီး Website တွေက ငွေဘယ်လိုရှာလို့ ရနိုင်မလဲ ပြီးသွားတဲ့အခါမှာတော့ မိတ်ဆက်ထဲမှာပါတဲ့ စာရေးခြင်း က ငွေဘယ်လိုရှာလို့ ရနိုင်မလဲဆိုတဲ့ ပို့စ်ကို ထပ်ရေးပေးလိုက်ပါတယ်။ ကျွန်တော် လက်လှမ်းမှီသလေက် ၊ စဉ်းစားမိသလောက် ရေးပေးမှာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိဦးမှာပါ။ လိုအပ်ချက်တွေကို အဆင်ပြေသလို အသစ်ရေးပြီး ထပ်တင်သွားမှာပါ။စာရေးခြင်းဆိုတာ ဝါသနာပါလို့ သုတရသစာပေတွေ ရေးနိုင်သလို၊ ဘာသာပြန်တွေလည်း ရေးနိုင်ပါတယ်။ စာရေးခြင်းအားဖြင့် မိမိဘာသာ Facebook page ၊ Blog ၊ Website လုပ်ပြီး ရေးနိုင်သလို၊ Content writer အဖြစ် အငှားပုံစံ ရေးလို့ရပါတယ်။ နှစ်မျိုးစလုံးကိုလည်း တပြိုင်နက်ထဲ
နည်းပညာ နယ်ပယ်က Senior တစ်ယောက်ရဲ့ အတွေ့အကြုံ
Zawgyi Version ဒီ အကြောင်းအရာကို အရင်ကတည်းက ရေးချင်ခဲ့ပေမယ့် လုပ်သက်ကို ထည့်သွင်း စဉ်းစားနေတာရယ်၊ တခြား အချက်အလက်တွေ လိုအပ်သေးတယ်လို့ ခံယူမိနေတာ ရယ်ကြောင့် မရေးဖြစ်ခဲ့တာပါ။ အခု နိုင်ငံခြား လုပ်သက် ၆ နှစ်ကျော်လာပြီဖြစ်လို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေကို သိသလောက် ပြန်လည်ဝေမျှပေးမှာ ဖြစ်ပါတယ်။စာရေးသူ Stringlive < SE,SG > Programming Wiki ပေးဆပ်သင့်ချိန်မှာ ပေးဆပ်ပါ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်ဝေမျှရရင် တကယ် အတွေ့အကြုံ ရှိတဲ့ Developer တစ်ယောက် ဖြစ်လာဖို့ အတွက် အနည်းဆုံး ၃၊၄ နှစ်လောက် ပေးဆပ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေမှာ ထည့်သွင်း မေ့ပစ်ထားသင့်တဲ့ အရာက
Windows မှ Wifi ပြန်လွှင့်နည်း
ဒီတခါတော့ ကျွန်တော် Windows ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။ Windows 7 နှင့် နောက်ပိုင်း Windows တွေမှာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win