You are here
Home > Hardware > Buying Guides > အဝတ်လျှော်စက် ဝယ်တော့မယ်ဆိုရင်

အဝတ်လျှော်စက် ဝယ်တော့မယ်ဆိုရင်

(၁) အဝတ်လျှော်စက် အရွယ်အစားနှင့် ထားမည့်နေရာ

အဝတ်လျှော်စက် အမျိုးအစားပေါ်မူတည်ပြီး အရွယ်အစားတွေကွဲပြားမှုရှိပါတယ်။ များသောအားဖြင့် အလျား ၂၇”-၂၈”ခန့် အနံ ၃၀”-၃၅” ရှိတတ်ပြီး အမြင့်အရွယ်အစားအမျိုးမျိုးရှိနိုင်ပါတယ်။ အဝတ်လျှော်စက်ထားရှိမယ့် နေရာအနေအ ထား၊အကျယ်အဝန်း ၊ ရေသွယ်တန်းမည့်နေရာကို မဝယ်ယူခင် ကြိုတင်စဉ်းစားထားဖို့လိုပါတယ်။ ထားရှိမယ့်နေရာရဲ့ အလျား၊အနံ၊အမြင့်အပြင် အဝတ်လျှော်စက်အဖုံးဖွင့်တဲ့အခါ လွတ်ကင်းမှုရှိစေရန်အတွက် တိုင်းတာထားသင့်ပါတယ်။ အဝတ်လျှော်စက်ရဲ့ နောက်ဘက် ရေပိုက်သွယ်တန်းမယ့်နေရာကနေ ၆ လက်မခန့်ခွာထားသင့်ပါတယ်။ ထိုကဲ့သို တိုင်းတာထားမှသာ လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်မယ့် Compact size အမျိုးအစား၊ Full size အမျိုးအစားစသဖြင့် ရွေးချယ်ဝယ်မှာဖြစ်ပါတယ်။ အဝတ်လျှော်စက်မှ ထွက်မည့်အသံ (Noise)၊ တုန်ခါမှု (Vibration) ကိုလည်း ထည့်သွင်းစဉ်းစားပြီး ထားရှိမယ့်နေရာကို ရွေးချယ်ရန်လည်းလိုအပ်ပါတယ်။

(၂) အဝတ်လျှော်စက် အမျိုးအစား

ဝယ်ယူတဲ့အခါမှာ ဆုံးဖြတ်ချက်ချရမှာကတော့ အပေါ်အဖုံးဖွင့် (Top-load) နဲ့ အရှေ့အဖုံးဖွင့် (Front-load) အမျိုးအစားများပဲဖြစ်ပါတယ်။ အပေါ်အဖုံးဖွင့် (Top-loader) အမျိုးအစားကို ရွေးချယ်မည်ဆိုပါကလည်း High Efficient အမျိုးအစား (သို့) အလယ်မှာတိုင်ပါတဲ့ agitator အမျိုးအစားကိုရွေးချယ်ရမှာဖြစ်ပါတယ်။ High Efficient (HE) အမျိုးအစားတွေကတော့ ရေသုံးစွဲမှု၊ စွမ်းအင်သုံးစွဲမှုကို ချွေတာစေနိုင်မှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း ရေသုံးစွဲမှုနည်းပါးတဲ့အတွက် လျှော်ဖွပ်ရာမှာတော့ Special Detergent လိုအပ်မှာဖြစ်ပါတယ်။

Top-loading with agitators (အပေါ်ဖွင့်အဖုံးနှင့် အလယ်မှာတိုင်ပါသောအမျိုးအစား)

ဈေးအသက်သာဆုံးအမျိုးအစားဖြစ်ပါတယ်။ ပုံမှန်အဝတ်အစားတွေကိုလျှော်ဖွပ်ရာမှာ အသုံးဝင်ပေမယ့် အစွန်းအထင်း ရှိတဲ့အဝတ်အစားအတွက် အနည်းငယ်အခက်အခဲရှိပါတယ်။ အသံဆူညံမှုရှိနိုင်ပြီး ရေသုံးစွဲမှု၊ စွမ်းအင်သုံးစွဲမှုပိုမိုပါတယ်။ လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။

– High Efficient with top loader (အပေါ်ဖွင့်အဖုံးနှင့် စွမ်းအင်သုံးစွဲမှုလျော့နည်းသော အမျိုးအစား)

အလယ်မှာတိုင်မပါဝင်တဲ့အတွက် အဝတ်အစားပိုမိုဆန့်ဝင်နိုင်ပြီး အဝတ်အစားကို ထိခိုက်မှုလျော့နည်းစေပါတယ်။ အစွန်းအထင်း ရှိတဲ့အဝတ်အစားအတွက် ပိုမိုသန့်စင်စွာ လျှော်ဖွပ်ပေးနိုင်သော်လည်း အချိန်ကြာမြင့်နိုင်ပါတယ်။ လည်ပတ်တဲ့အချိန် မြန်ဆန်တဲ့အတွက် အဝတ်အစားကို ရေပိုမိုညှစ်နိုင်ပြီး စွမ်းအင်ချွေတာမှုလျော့နည်းစေပါတယ်။

– High Efficient with front loader (အရှေ့ဖွင့်အဖုံးနှင့် စွမ်းအင်သုံးစွဲမှုလျော့နည်းသော အမျိုးအစား)

လုပ်ဆောင်မှု (Performance) အကောင်းဆုံးဖြစ်ပြီး ဈေးနှုန်းအများဆုံးဖြစ်ပါတယ်။ ရေသုံးစွဲမှုနည်းပါးသလို စွမ်းအင်သုံးစွဲမှုနည်းပါပြီး လျှော်ဖွပ်ပြီး အဝတ်အစားမှာ ရေအနည်းငယ်သာကျန်ပါတယ်။ အရှေ့ဖွင့်အမျိုးအစားဖြစ်တဲ့အတွက် အပေါ်ဘက်မှာ အဝတ်ခြောက်စက်ဖြစ်ဖြစ် ထားနိုင်ပြီး နေရာထားသိုမှုကို စနစ်ကျစေပါတယ်။ လျှော်ဖွပ်တဲ့အချိန် အနည်းငယ်ကြာမြင့်နိုင်ပြီး တုန်ခါမှုများစေသလို အဝတ်အစားထည့်တဲ့အချိန်မှာ ခါးကုန်းပြီးဖြစ်စေ ဒူးထောက်ပြီးဖြစ်စေ ထည့်ရန်လိုအပ်ပါတယ်။

(၃) အဝတ်ဆန့်ဝင်နိုင်တဲ့ ပမာဏ (Capacity)

ပုံမှန် အဝတ်အရေအတွက် ဘယ်လောက် လျှော်ဖွပ်တဲ့အပေါ်မှာမူတည်ပြီး အဝတ်လျှော်စက်ရဲ့ ဆန့်ဝင်နိုင်တဲ့ ပမာဏ (Capacity) ကိုရွေးချယ်သင့်ပါတယ်။ ပုံမှန်အိမ်သုံးအရွယ်အစား အတွင်းခန်းအရွယ်အစားကတော့ ၃ – ၄ ကုဗပေ လောက်ရှိနိုင်ပြီး အလေးချိန် 7 kg to 8 kg လောက်ဆိုရင်တော့ သင့်တော်ပါတယ်။ အတွင်းမှာ ပြုလုပ်ထားတဲ့ ပစ္စည်းအမျိုးအစားပေါ်မှာ မူတည်ပြီး ဈေးနှုန်းကွဲပြားမှုရှိနိုင်ပါတယ်။ စတီးလ် (Steel) ဖြင့်ပြုလုပ်ထားသော အမျိုးအစားကတော့ အကောင်းဆုံးဖြစ်ပြီး Porcelain သုတ်လိမ်းထားတဲ့ Steel အမျိုးအစား (a porcelain-coated steel) ၊ အရည်အသွေးမြင့် ပလတ်စတစ်အမျိုးအစား (high-grade plastic tub) တို့လည်း ရှိပါတယ်။

(၄) လုပ်ဆောင်နိုင်မှု (Options & Features)

Brand အမျိုးအစား၊ Model ပေါ်မူတည်ပြီး အပိုပါဝင်တဲ့ လုပ်ဆောင်ချက်တွေ ဖွဲ့စည်းပုံးတွေ များစွာကွဲပြားနိုင်ပါတယ်။ Digital Display ပါဝင်တဲ့အမျိုးအစားလား၊ ပုံမှန် ခလုတ်တွေနဲ့ အမျိုးအစားလား စသဖြင့် ဈေးနှုန်းပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ တခြား Function တွေဖြစ်တဲ့ Automatic Dispenser, Water Level Adjustment, Extra Rinse Cycle, Steam Option စသဖြင့်လည်း များစွာကွဲပြားနိုင်မှုရှိပါတယ်။
အဝတ်လျှော်စက်ဝယ်ယူမယ့်သူများ ယေဘူယျလေ့လာနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။ သုံးစွဲလိုတဲ့ ငွေပမာဏ၊ လိုအပ်ချက်၊ ထားရှိမည့်နေရာပေါ်မူတည်ပြီးတော့ အကောင်းဆုံးရွေးချယ်နိုင်ကြပါစေ။

Electronic City Facebook page မှ ကူးယူဖော်ပြသည်

Electronic City

One-Stop IT, Mobile and Electronic Shopping Mall
အမှတ် ၆၀၊ ဝေဇယန္တာလမ်း (သစ္စာလမ်းနှင့် ရတနာလမ်းကြား) ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (City Mart ဝေဇယန္တာဘေး)
ဖုန်း – ၀၉ ၇၈၈ ၇၆၆ ၇၉၉

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top