Self Improvement

စမတ်ဖုန်း ပေါက်ကွဲမှု တွေ မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အချက်များ

0
စမတ်ဖုန်း ပေါက်ကွဲမှု တွေ မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အချက်များ

အင်တာနက်စာမျက်နှာတွေမှာ စမတ်ဖုန်း ပေါက်ကွဲမှုကြောင့် အသုံးပြုသူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေ မကြာခဏတွေ့နေရပါတယ်။ ဒီလို စမတ်ဖုန်းပေါက်ကွဲမှု တွေ ဖြစ်ပေါ်နေတာ နှစ်တွေ ကြာမြင့်နေပြီဖြစ်ပါတယ်။ ပေါက်ကွဲတဲ့ စမတ်ဖုန်းတွေဟာ ထုတ်လုပ်သူရဲ့ မှားယွင်းမှုလည်း တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် အသုံးပြုသူရဲ့ မပြုလုပ်သင့် တဲ့ လုပ်ဆောင်ချက်တွေကြောင့်လည်းဖြစ်ပါတယ်။ စမတ်ဖုန်း အသုံးပြုသူတွေ ရှောင်ကြဉ် သင့် တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

စမတ်ဖုန်း အသုံးပြုသူများ ရှောင်ကြဉ်သင့်သည့် အချက်များ

၁။ စမတ်ဖုန်း ကို ဖြစ်စေ ဘက်ထရီ ကိုဖြစ်စေ အပူချိန်များတဲ့ နေရာ မှာ မထားသင့်ပါ။ အထူးသဖြင့် နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
၂။ စမတ်ဖုန်းကို Overclock ပြုလုပ်ပြီး အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ စမတ်ဖုန်း ဟာ အလွန်ပူနေရင် အလုပ်မခိုင်းစေဘဲ အနားပေးထားသင့်ပါတယ်။
၃။ မလိုအပ်ပဲ Wifi, Hotspot, Bluetooth, နဲ့ Mobile Data တွေကို ဖွင့်မထားသင့်ပါဘူး။
၄။ လူတော်တော်များများက ညဘက်အိပ်ရာဝင်ရင် အားသွင်းလေ့ရှိကြပြီး အိပ်ယာနားမှာပဲ အားသွင်းတတ်ကြပါတယ်။ အားသွင်းတဲ့နေရာကို အိပ်ယာနဲ့ဝေးဝေး ထားသင့်ပါတယ်။ အိပ်ယာမဝင်ခင်အားသွင်းသင့်ပြီး အိပ်ယာဝင်မှ အားသွင်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
၅။ ဖုန်းအားသွင်းနေချိန်မှာ Mobile data ဖွင့်၍ ဖုန်းဖြင့်အသုံးပြုခြင်း၊ ဂိမ်းကစားခြင်း၊ Wifi/hotspot ဖွင့်အသုံးပြုခြင်းများကို ရှောင်ကြဉ်သင့်ပါတယ်။
၆။ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ၎င်းနဲ့ကိုက်ညီတဲ့ ၎င်းကုပ္မဏီထုတ် Battery, Charger တွေကို ပဲ အသုံးပြုသင့်ပါတယ်။ အရေးတကြီးလိုအပ်လို့ သုံးမယ်ဆိုရင် Battery, Charger တွေမှာရှိတဲ့ Watt, voltage နဲ့ empire တူညီတဲ့ Adapter ကို အသုံးပြုသင့်ပါတယ်။
၇။ စမတ်ဖုန်းကို ရေမပြောနဲ့ ရေငွေ့တောင် မထိစေသင့်ပါဘူး။ မိုးရာသီမှာ အထူးဂရုပြုသင့်ပါတယ်။

ဒါတွေကတော့ စမတ်ဖုန်း အသုံးပြုသူတိုင်း ဂရုစိုက် သင့် တဲ့ အကြောင်းအရာတွေ ပဲဖြစ်ပါတယ်။
Edited by: Myanmar End User
Ref: Myanmar Digital Life Journal

Facebook မှာ Friend List တည်ဆောက် အသုံးပြုနည်း

Previous article

Windows အတွက် မရှိမဖြစ်လိုအပ်သော System Tool များ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.