Tech News

ဒီနှစ်အကုန်အတွက် Tim Cook ခန့်မှန်းလိုက်တဲ့ iPhone 7 Plus ရဲ့ ဝယ်လိုအား

0
iPhone 7 Plus
iPhone 7 Plus
Apple ဟာ iPhone 7 Plus ရဲ့ဝယ်လိုအားနဲ့ညီအောင် အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် စီအီးအို Tim Cook ကတော့ ရင်းနှီးမြုပ်နှံသူအစည်းအဝေးမှာ ဒီနှစ်ရဲ့နောက်ဆုံးသုံးလအတွက်ဝင်ငွေဟာ မျှော်မှန်းထားသလို မရနိုင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။နောက်ဆုံးသုံးလအဆုံးမှာ ထောက်ပံ့/ဝယ်လိုအားဟာ မျှခြေမှာ ရှိနိုင်မလားဆိုတဲ့ ရင်းနှီးမြုပ်နှံသူတစ်ယောက်ရဲ့ အမေးကိုတော့ ဖြေဖို့ရာခက်ခဲတယ်လို့ဆိုခဲ့ပါတယ်။ iPhone 7 အတွက်ကတော့ ဖြစ်နိုင်ပေမယ့် iPhone 7 Plus အတွက်ကိုတော့ မသေချာဘူးလို့ ဆိုခဲ့ပါတယ်။ Product နှစ်ခုလုံးဟာ ဝယ်လိုအားတော်တော်ကောင်းတယ်ထင်ရပေမဲ့ iPhone 7 Plus နဲ့ ကျွန်တော်တို့ မှန်းခြေကြားမှာ ကွာဟချက်ရှိတယ်ထင်ရတဲ့အတွက် အခုအခြေအနေမှာ ဘာမှမပြောနိုင်သေးတာပါ လို့ Cook ကပြောကြားခဲ့ပါတယ်။
ဒါဟာ Apple အတွက် ဒီနှစ်ရဲ့ ပထမသုံးလမှာ ရောင်းအားတက်ခဲ့သလို မျှော်လင့်နေတဲ့ ကိစ္စတစ်ရပ်ပါပဲ။
holiday သုံးလဟာ Apple အတွက် အရေးကြီးတဲ့ကာလဖြစ်ပါတယ်။ ဒါ့ပြင် Galaxy Note 7 ကျရှုံးတာဟာ Apple အတွက် ကြီးမားတဲ့အခွင့်အရေးကြီးဖြစ်နေတဲ့အတွက် ဒီကာလအတွင်း Apple ကဝယ်လိုအားတွေတက်လာဖို့ မျှော်လင့်နေမှာပါ။
“ကျွန်တော်တို့ထုတ်သမျှတိုင်းကို ရောင်းနေတဲ့အချိန်မှာ ဝယ်လိုအားကိုခန့်မှန်းဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီသုံးလအတွက် တော်တော်ကြိုးစားရမှာဖြစ်ပေမယ့် ရောင်းအားတက်ဖို့နည်းလမ်းတွေကို ကောင်းကောင်းလမ်းညွှန်ပေးနိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်”
လို့ဆိုပါတယ်။
Apple ရဲ့ iPhone ရောင်းအားက နှေးသွားတာမျိုးမဟုတ်ပေမဲ့ နှစ်တိုင်းနှစ်တိုင်းရဲ့ တစ်ဖြတ်တစ်ဖြတ်ရောင်းအားတွေနဲ့ ယှဉ်ရင်တော့ကျသွားပါတယ်။ Apple က ဈေးကွက်မှာ ထိပ်ဆုံးပိုင်းနေရာလောက်မှာရှိဖို့ မှန်းထားတဲ့အတွက် စမတ်ဖုန်းတွေရဲ့ အခြေအနေအားလုံးပေါ်မှာ အရမ်းမူတည်နေပါတယ်။ Apple ကတော့ တခြားသော ပြိုင်ဘက်ထုတ်လုပ်သူတွေက ၎င်းကိုကျော်တက်နိုင်အောင် ဈေးနှုန်းတွေလျှော့နေတယ်ဆိုတာ မြင်ပါတယ်။
“ကျွန်တော်တို့ iPhone 7 , iPhone 7 Plus တို့ပေါ်မှာ အာရုံစိုက်နေပါတယ်။ ခုချိန်မှာ ကျွန်တော်တို့ ထုတ်ထားသမျှကိုရောင်းဖို့က အရေးကြီးတာကြောင့် ပြိုင်ဘက်တွေအကြောင်း စိတ်မဝင်စားနိုင်သေးပါဘူး။ ”
လို့ Apple ရဲ့ CFO Luca Maestri ကပြောကြားခဲ့ပါတယ်။ ကုမ္ပဏီအတွက်ခြုံစဉ်းစားပြီးလုပ်မယ်ဆိုရင် ဝင်ငွေတိုးလာမယ်ဆိုတာယုံကြည်ပါတယ်။ ဒါကြောင့်လမ်းညွှန်တဲ့အခါ ပစ္စည်းတစ်မျိုးတည်းအတွက် ဦးစားပေးမှာမဟုတ်ဘဲ အကုန်လုံးကိုဦးတည်ပါတယ်။ ဒါကြောင့် iPhone ရဲ့ ရှေ့ဆက်မယ့် နည်းလမ်းအတွက် လုံးဝယုံကြည်မှုရှိပါတယ်လို့ ဆိုပါတယ်။
iPhone 7 Plus ရဲ့ ဝယ်လိုအားဟာ သူထောက်ပံ့ပေးတာထက် ကျော်လွန်တဲ့အတွက် တင်ပို့မှုမှာ ကြန့်ကြာနေတာဖြစ်ပါတယ်။ iPhobe 7 Plus ကို ဝယ်မယ်ဆိုရင်တော့ တင့်ပို့မှုက ရက်သတ္တပတ်ပေါင်းများစွာ စောင့်ရမှာဖြစ်ပါတယ်။ Apple ကတော့ iPhone 7 Plus ကို ခန့်မှန်းထားတဲ့ ဝယ်လိုအားကိုရောက်ဖို့ နည်းလမ်းတစ်ခုကို တတ်နိုင်သလောက်ရှာဖွေနေပါတယ်။

ဆန်းစစ်သူတယောက်ကတော့ ” ထောက်ပံ့မှုများများသာပေးနိုင်ရင် ဒီနှစ်အကုန်မှာ မျှခြေမှာရောက်နိုင်မှာလား ” လို့ မေးခွန်းထုတ်ထားပါတယ်။

Myanmar Mobile App မှ ကူးယူဖော်ပြသည်

Xiaomi Phone တစ်လုံး ဝယ်ယူရာတွင် သတိထားရမည့် အချက်များ

Previous article

အွန်လိုင်း ရှော့ပင်းများနဲ့ ပတ်သက်ပြီး သင်မသိသေးသော အချက် ၆ ချက်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Tech News