InternetSocial MediaTech News

Tik Tok အကြောင်းပြောရအောင်။

0

Tik Tok က တရုတ်က လာတာဖြစ်ပြီး​  ဒီနေ့မြန်မာပြည်မှာ နာမည်ကြီးအနုပညာရှင်တွေက အစ အသုံးပြုများတာကို အားလုံးအသိဖြစ်မှာပါ။ အခုဆို ကမ္ဘာတစ်လွှားမှာရှိတဲ့ ဆယ်ကျော်သက်လူငယ်တွေကအားလုံးက Tik Tok ရဲ့ရေစီးကြောင်းနဲ့ စီးမျောနေကြပါတယ်။ ဘာလို့လူငယ်တွေက ဒီလောက်ကြိုက်ပြီး Tik Tok ရဲ့နောက်ကွယ်က လူအကြောင်း ပြောကြည့်ရအောင်။

Tik Tok ရဲ့နောက်က company နာမည်က  Bytedance ဖြစ်ပါတယ်။ လက်ရှိ တရုတ်ပြည်မှာ တန်ဖိုးအကြီးဆုံး နည်းပညာ company တစ်ခုဖြစ်ပါတယ်။ Bytedence Company က လက်ရှိ အမေရိကန်နိုင်ငံက နည်းပညာ company တွေဖြစ်တဲ့ Uber ထက်တောင် တန်ဖိုးများပါတယ်။ Zhang Yiming ဆိုတဲ့တရုတ်အမျိုးသားက Byedence Company ကို စတည်ထောင်ခဲ့တဲ့လူပါ။ Tik Tok ရဲ့နောက်ကွယ်က ခေါင်းဆောင်ဆိုလည်း မမှားပါဘူး။ Company စတည်ထောင်ခဲ့တုန်းက အသက် ၂၉ နှစ်ပဲရှိပြီး ရင်းနှီးမြှုပ်နှံသူတွေက မယုံကြည်ခဲ့ပါဘူး။ Company စတည်ထောင်ခဲ့ပြီး ခုနှစ်နှစ်ကြာတဲ့အခါမှာတော့ media app  တွေအပါအဝင် product ပေါင်း ၇၅ ခုကို ဘာသာစကားပေါင်း ၁၅၀နဲ့ ထုတ်ခဲ့ပါတယ်။ ဒီထဲမှာ ကလေးတွေအတွက် လေ့လာစရာ app တွေနဲ့ သတင်း​ app တွေလည်း ပါဝင်ပါတယ်။ Tik Tok ကတော့ Bytedance Comapany ရဲ့ products တွေက အောင်မြင်တဲ့ app တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး download လုပ်တဲ့သူပေါင်း ၁ ဘီလီယံမှာ ၂၅ရာခိုင်နှုန်းက အိန္ဒိယကဖြစ်ပြီး ၉ရာခိုင်နှုန်းက အမေရိကန်နိုင်ငံက ဖြစ်ပါတယ်။ လက်ရှိ Apple CEO ဖြစ်တဲ့ Tim Cook က Beijing ကိုအလည်လာတုန်းကလည်း  Bytedance Company ကို လာရောက်လည်ပတ်ခဲ့ပါတယ်။

၂၀၁၇မှာ Bytedance Company က ကာရာအိုကေ app ဖြစ်တဲ့ musical.ly ကိုအပြီးပြတ်ဝယ်ယူခဲ့ပြီးတော့ Tik Tokထဲမှာ ပူးပေါင်းခဲ့ပါတယ်။ Bytedance ရဲ့ product တစ်ခုဖြစ်သေးတဲ့ Toutiao ကလည်း တရုတ်ပြည်မှာ နာမည်ကြီးလူကြည့်အများဆုံး media တစ်ခုဖြစ်ပါတယ်။  Toutiao က အခြား သတင်းတွေကို ကူးယူတယ်လို့လည်း နာမည်ဆိုးတွေနဲ့ ကျော်ကြားခဲ့ဖူးပြီး တရားစွဲခံရခဲ့ဖူးပါတယ်။ ဒီလိုဖြစ်လာတော့ Company က အခြား media တွေကို အမြတ်ငွေတွေမျှဝေပေးမယ်လို့ သဘောတူညီမှု ယူခဲ့ပါတယ်။

တရုတ်ပြည်ရဲ့ အင်တာနက်လောကမှာ ကျားတွေဖြစ်တဲ့ Baidu, Alibaba နဲ့ Tencent တို့က Bytedance နဲ့လုံး၀ကွဲပြားပါတယ်။ ပြောရမယ်ဆို ပြိုင်ဖက်တွေဖြစ်ကြပါတယ်။ တရုတ်ပြည်လို အင်တာနက်တင်းကြပ်တဲ့နိုင်ငံမှာ အပေါ်က company သုံးခုနဲ့ ပတ်သတ်ခြင်း၊ ကျောရိုးနောက်ခံမရှိရင် ကြာကြာရပ်တည်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် Bytedance Company က အချို့သူ့ရဲ့ product တွေဖြစ်တဲ့ app အချို့ကို တရုတ်အစိုးရက ပိတ်ခဲ့ခြင်း ခံခဲ့ရပါတယ်။ တစ်လောကလည်း အိန္ဒိယနိုင်ငံမှာ လူတွေက Tik Tok အသုံးများပြီး အလုပ်ကိုထိခိုက်လာတာကြောင့် အိန္ဒိယ အစိုးရကိုယ်တိုင် Tik Tok ကို ပိတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Company ရဲ့ဝင်ငွေအများစုက ကြော်ညာကရတာကြောင့် Company က နလန်ထူခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ Tik Tok က အမေရိကန်နိုင်ငံက ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တရားမဝင် ယူထားတယ်ဆိုပြီး အမေရိကန် အစိုးရက တရားစွဲဆိုခဲ့ပါတယ်။ ဒါကြောင့် အမေရိကန် ဒေါ်လာ ၅ မီလီယံကျော် အစိုးရကို လျော်ကြေးပေးခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Tik Tok က ယနေ့တစ်ကမ္ဘာလုံးက လူငယ်တွေအကြားမှာ ရေပန်းအစားဆုံးဖြစ်ပြီး ဝင်ငွေအကောင်းဆုံးနဲ့ ရပ်တည်နေပါတယ်။ တရုတ်ပြည်က ပြိုင်ဖက်အကြီးစားတွေကို အံတုပြီး တစ်သီးတည်း ရပ်တည်နေတာကတော့ တော်တော်လေး ချီးကျူးစရာကောင်းပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Pinterest ဆိုတာဘာလဲ။ ပိုက်ဆံ ဘယ်လိုရှာပါသလဲ။

Previous article

Tesla ရဲ့ အလိုအလျောက်မောင်းနိုင်တဲ့ ကိုယ်ပိုင် Chipset အသစ်။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet