
ပန်းသေရောဂါသည်များနှင့် အိမ်ထောင်ရေးသုခ ရဖို့ အခက်အခဲဖြစ်နေသူများ Nitinol ကို တီထွင်ခဲ့ကြသော သိပ္ပံပညာရှင်များကို ကျေးဇူးတင်သင့်ပါတယ်။ အိမ်ထောင်ရေးမှာ အမျိုးသားရဲ့ လိင်စိတ်ဖြစ်ပေါ်လာတဲ့အခါ ထွက်လာတဲ့ အပူချိန်နဲ့ ရွှေပန်းကို တောင့်လာစေမယ့် Bionic penis ခေါ် ဆန့်နိုင်ကျုံ့နိုင်သော ပစ္စည်းတစ်ခုကို Wisconsin-Madison တက္ကသိုလ်ရဲ့ ဆီးလမ်းကြောင်း ဌာန မှ Dr. Brian Le နှင့် အဖွဲ့မှ စမ်းသပ် တီထွင်လျက်ရှိပါတယ်။
အဲဒီပစ္စည်းဟာ Nitinol လို့ ခေါ်တဲ့ တိုက်တေနီယမ် သတ္တုချောင်းဖြစ်ပါတယ်။ သတ္တုချောင်းကို လိင်တံမှာ ခွဲစိတ်ထည့်သွင်းရမှာ ဖြစ်ပါတယ်။ သတ္တုချောင်းဟာ အလွန်ကွေးနိုင် ဆန့်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ သူက လိင်စိတ်ကြောင့် ခန္တာကိုယ် အပူချိန်များလာတဲ့အခါမှာ မာကျောလာမှာ ဖြစ်ပြီး သာမာန်အချိန်မှာတော့ ပျော့ပြောင်းကွေးညွှတ်နေမှာ ဖြစ်ပါတယ်။ လိင်တံ မာကျောမှု မရှိတဲ့ ရောဂါကို အသက် ၄၀ ကျော် ယောင်္ကျားများ အဓိက ခံစားနေရပြီး သူတို့ရဲ့ သုံးပုံပုံ တစ်ပုံဟာ Viagra နဲ့လည်း အလုပ်မဖြစ်ပါဘူး။ အသက်အရွယ်နဲ့ သက်ဆိုင်သလို ကင်ဆာ၊ နှလုံးရောဂါ ဝေဒနာရှင်များလည်း ဖြစ်တတ်ပါတယ်။ အခု နည်းပညာဟာ ခွဲစိတ်ရတာ လွယ်ကူပြီး ကုန်ကျစားရိတ်လည်း သက်သာပါတယ်။
Dr. Brian Le နှင့် အဖွဲ့ဟာ လက်ရှိမှာ စက်ရုပ်ကို ထိန်းချုပ်နိုင်မယ့် Remote Control ကိုလည်း တီထွင်နေပါတယ်။
လက်ရှိအချိန်မှာတော့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေပြီး ဒေါက်တာလီက နောက် ၅ နှစ် ၁၀ နှစ်အတွင်းမှာတော့ ပြီးပြည့်စုံတဲ့ ပစ္စည်းကောင်း တစ်ခုအနေနဲ့ ဈေးကွက်ကို ရောင်းချနိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
Ref: gizmodo