HardwareLifestyleTech NewsTechnology Explained

Tesla ရဲ့ အလိုအလျောက်မောင်းနိုင်တဲ့ ကိုယ်ပိုင် Chipset အသစ်။

0

၂၀၁၇ နောက်ပိုင်းမှာ Tesla က ကိုယ်ပိုင်ကွန်ပျူတာ chipset အသစ်မိတ်ဆက်မယ်လို့မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ ၂၀၁၈ နှစ်ကုန်ခါနီးမှာ Tesla ကား အသစ်တွေဖြစ်တဲ့ model s နဲ့ model x ကိုမိတ်ဆက်ခဲ့ပါတယ်။ အဆိုပါကားတွေမှာ အလိုအလျောက် ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ စနစ်တွေပါဝင်ပြီး အခု model 3 မှာပါ ကိုယ်ပိုင်ကွန်ပျူတာ chipset အသစ်ကိုထည့်သွင်းထားပြီး ဖြစ်ပါတယ်။

မနေ့က Tesla ရဲ့ မိတ်ဆက်ခဲ့တဲ့ပွဲမှာ ကိုယ်ပိုင်ကွန်ပျူတာ Chipset ရဲ့လုပ်ဆောင်ချက်နဲ့ အသေးစိတ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ Tesla ကားရဲ့ Chipset ကို design ဆွဲပြီးလုပ်ဆောင်ပေးတဲ့ engineer ကတော့ အရင်က apple ရဲ့ iPhone 5 ကို ဒီဇိုင်းဆွဲပေးခဲ့တဲ့ engineer ဟောင်းပဲဖြစ်ပါတယ်။

ဒီနေ့ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာမှာ အလန်းဆုံးဆိုတဲ့ chipset တွေက အကြမ်းဆုံးဆိုတဲ့ ဂိမ်းကိုပဲဆော့နိုင်ပါတယ်။ အခု Tesla CEO, Elon Musk ပြောတဲ့ ကိုယ်ပိုင် chipset ကတော့ လက်ရှိကမ္ဘာမှာကောင်းတယ်ဆိုတဲ့ Nvidia Chips ထက် ၂၁ဆ စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ တစ်ကယ်ရောဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းတော့ ရှိပါတယ်။ တစ်ကယ်ကို ဖြစ်မှ ရမှာပါ။ ဘာလို့လဲဆိုတော့ ကားမောင်းတဲ့လူက ကားလက်ကိုင်ကို လုံး၀လွှတ်ထားပြီး ကားကိုယုံကြည်စိတ်ချစွာ အလိုအလျောက် မောင်းခိုင်းရမှာ ဖြစ်လို့ပါပဲ။ ဒီလိုအချိန်မျိုးမှာ Chipset က ကိုယ်ပိုင်စဉ်းစားဉာဏ်သုံးပြီး အလုပ်ကို  လူတစ်ယောက်ကိုယ်တိုင် ကားမောင်းနေတာထက် ပိုစဉ်းစားသုံးသပ်နိုင်မှ ရမှာပါ။

ဒါဆို Chipset က ဘယ်လိုတွေဖွဲ့စည်းထားတာလဲ?

Tesla ရဲ့ board ပြားမှာဆို Chipset နှစ်ခုပါဝင်ပါတယ်။ တစ်ခုချင်းစီက လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပါတယ်။ ဆိုလိုတာက ကားမှာတပ်ထားတဲ့ camera, gps, sensor နဲ့ အခြား တွက်ချက်ပေးတဲ့အရာအားလုံးကို လက်ခံပြီး decision ချပေးတဲ့ လုပ်ဆောင်ချက်တွေလုပ်ပါတယ်။ ဒီလိုလုပ်တဲ့အချိန်မှာ သာမန် chipset တစ်ခုဆိုရင်တော့ ပါဝါပြတ်တာနဲ့ အားလုံးငြိမ်းသွားမှာ ဖြစ်ပါတယ်။ ဒီ Chipset နှစ်ခုကတော့ တစ်ခု ပြတ်သွားပြီး အလုပ်မလုပ်တော့ရင်တောင် နောက်တစ်ခုက လုပ်ဆောင်ပေးနေပြီး auto pilot on ထားရင် ကားက ဆက်မောင်းနေမှာ ဖြစ်တယ်လို့ CEO , Elon Musk ကပြောခဲ့ပါတယ်။ Camera, Sensor နဲ့ အခြား မည်သည့်လုပ်ဆောင်ချက် တစ်ခုခုပြတ်တောက်သွားသည်ဖြစ်စေ ကားရဲ့လုပ်ဆောင်ချက်တွေက မရပ်သွားပဲ ဆက်လက်လုပ်ဆောင်နေမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အခုပြောပြတာက Hardware အပိုင်းပဲ ဖြစ်ပါတယ်။ အကယ်၍ကားရဲ့ software ကို upgrade လုပ်ချင်ရင်တော့ ဖုန်းတွေလိုပဲ software upadate လုပ်လို့ရပါတယ်။

Tesla ရဲ့သမိုင်းကြောင်းနဲ့ သတင်း

Tesla လျှပ်စစ်ကား company ကို အမေရိကန်နိုင်ငံသား Elon Musk က စတင်တည်ထောင်ခဲ့ပြီး နည်းပညာလောကမှာ သူ့ကို မသိတဲ့လူမရှိပါဘူး။  မြေအောက်လှိုင်ခေါင်းမှာ ကားတွေကို အလိုအလျောက် အိမ်ပြန်ရောက်အောင် မောင်းပို့ပေးနိုင်တဲ့ project တွေနဲ့ အာကာသကို လွှတ်တင်တဲ့ ဒုံးပျံ Falcon X တွေနဲ့အတူ Elon Musk ကို လူတော်တော်များများ သိကြပါတယ်။  Tesla က ကမ္ဘာမှာ အကောင်းဆုံး လျှပ်စစ်ကားထုတ်တဲ့ company ဆိုလည်း မမှားပါဘူး။ အရင်က အလိုအလျောက် မောင်းနှင်နိုင်တဲ့ စနစ်ကို company က မိတ်ဆက်ခဲ့ပြီးမှာတော့ လူတွေက စမ်းမောင်းကြပါတယ်။ ဒီအချိန်မှာ အချို့က  accident တွေနဲ့ကြုံခဲ့ရပြီး နာမည်ဆိုးသတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း Tesla သာ ဒီလိုပထမဆုံး ကမ္ဘာမှာ စတင်မိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Auto Pilot System ကြောင့် ကား accident ဖြစ်တဲ့ရာခိုင်နှုန်းက လူကိုယ်တိုင်မောင်းပြီးဖြစ်တဲ့ accident ထက် အင်မတန်နည်းပါးပါတယ်။ ပြီးတော့ သေကြေပျောက်ပျက်တာလည်း သမိုင်းကြောင်းမှာ မရှိခဲ့ပါဘူး။ ဒီလိုအဖြစ်အပျက်တွေ ကြုံခဲ့ရပြီးမှာတော့ Elon Musk က အခု လူတွေအားလုံး ပိုပြီး safe ဖြစ်အောင် ကိုယ်ပိုင် chipset အသစ်နဲ့ မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။

Tesla ကားတွေရဲ့အကြောင်းကို လေ့လာချင်ရင်တော့ https://www.tesla.com/ မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Tik Tok အကြောင်းပြောရအောင်။

Previous article

SmartPhone နဲ့ ဓါတ်ပုံရိုက်တဲ့ လူတိုင်းမှာ ရှိသင့်တဲ့ Snapseed

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware