E3 2019 ပွဲတုန်းက Tesla ကားထဲမှာပါတဲ့ Tablet မှာ ဂိမ်းဆော့လို့ရတဲ့ feature ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် Xbox , Ps4 controller တွေကို သုံးပြီးဆော့လို့ရကြောင်း ပြသခဲ့ပါတယ်။ ဂိမ်းကိုကားထဲမှာ ဆော့ချင်ရင် ကားပါကင်ထိုးထားတဲ့အနေအထားမှာပဲ ဆော့လို့ရမှာ ဖြစ်ပါတယ်။
အားလုံးသိတဲ့အတိုင်း Self-driving car ကို Tesla က စတင်မိတ်ဆက်ခဲ့ပြီး ဒီနေ့ ကမ္ဘာ့ခေတ်အမှီဆုံး ကားစာရင်းထဲမှာ နံပါတ်(၁) နေရာကို ရထားပါတယ်။ Tesla car company ရဲ့ founder ကိုယ်တိုင် Tesla car owners တွေကို မပျင်းအောင် ကားထဲမှာ entertainment system ကို ထည့်ထားပေးပါတယ်။ Tesla ကားထဲမှာ အိမ်မွေးတိရိစ္ဆာန်တွေကို ခေါ်သွားနိုင်အောင်လည်း လုပ်ထားပါတယ်။ ဥပမာ ကိုယ်က store ဆိုင်ထဲကို ဝင်တာမျိုးဖြစ်ဖြစ် ကားကိုခဏရပ်ထားတဲ့အချိန်မျိုးဖြစ်ဖြစ် ခွေးလေး၊ကြောင်လေးတွေ ကားထဲမှာနေနိုင်အောင် aircorn ဖွင့်ထားပြီး ခဏတစ်ဖြုတ်ကားထဲမှာ ထားခဲ့နိုင်တဲ့ mode မျိုးတွေ ပါဝင်ပါတယ်။
ကလေးမိဘတွေ ကျောင်းကြိုတဲ့အချိန် ကားထဲမှာစောင့်နေတဲ့အခါမျိုးမှာ မပျင်းရအောင် ဂိမ်းဆော့နိုင်တာမျိုး နဲ့ အခု Netflix ၊ Youtube တွေကြည့်နိုင်အောင်လည်း ကားထဲက Tablet ထဲမှာ feature အသစ်တွေ ထည့်သွင်းလာပါတယ်။ အဓိကက မိသားစုလိုက် Highway ခရီးသွားနေတဲ့အခါ self-driving mode ကို on ထားပြီး ကားပေါ်မှာ မိသားစုလိုက် TV ကြည့်နိုင်၊ ဂိမ်းဆော့နိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာလာမယ့် 5G network နဲ့ Tesla ကားပေါ်မှာ အစီအစဉ်မပျက် netflix series တွေကိုကြည့်နိုင်ပြီး ဂိမ်းတွေကိုလည်း ဆော့နိုင်မှာ ဖြစ်ပါတယ်။
Comments