
Telenor SIM Card ကို Messenger မှ မှတ်ပုံတင်နိုင်ပြီ
Telenor SIM Card အသုံးပြုသူများအတွက် သတင်းကောင်းတစ်ခုပါပဲ။ ဆင်းကတ်တွေ မှတ်ပုံတင်ရာမှာ တော်တော်များများ အဆင်မပြေဖြစ်နေကြပါတယ်။ ဒါကြောင့် အော်ပရေတာတွေကလည်း အဆင်ပြေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ခုတော့ တယ်လီနောကလည်း ဆင်းကတ်တွေမှတ်ပုံတင်ရာမှာ ပိုမိုလွယ်ကူစေဖို့ Facebook ရဲ့ Messenger ကနေတဆင့် မှတ်ပုံတင်လို့ရနိုင်အောင် ဆောင်ရွက်ပေးလိုက်ပါပြီဖြစ်ကြောင်း Telenor ရဲ့ Facebook စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
အခုဆိုရင် သင့်ရဲ့ တယ်လီနော ဆင်းကတ် ကို Facebook messenger မှတစ်ဆင့်လည်း အလွယ်တကူ မှတ်ပုံတင်နိုင်ပါပြီ။ မှတ်ပုံတင်မည့်သူ၏ အမည်၊ မှတ်ပုံတင်အမှတ် နှင့် မိမိမှတ်ပုံတင်လိုသည့်ဖုန်းနံပါတ် *97# သို့ခေါ်ဆိုပြီးပြန်လာသော မတ်ဆေ့ချ် ကို screenshot ရိုက်ပေးပါ။ မှတ်ပုံတင်အရှေ့နှင့်အနောက်ကို ကြည်လင်ပြတ်သားစွာ ဓာတ်ပုံရိုက်ပြီး messenger မှတစ်ဆင့် ပေးပိုလိုက်ရုံပါပဲ။ ကဲအခုပဲ သင့်ရဲ့ တယ်လီနော ဆင်းကတ် ကို မှတ်ပုံတင်လိုက်ရအောင်နော် …..
ကဲ ပြုလုပ်နည်းက ဖော်ပြပါအတိုင်းပါပဲ… အဆင်ပြေကြပါစေဗျာ…
ပေးပို့ရမယ့် Messenger link ကတော့ ဒီမှာပါ >> http://m.me/TelenorMyanmar
Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser
နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser
နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://myanmarenduser.com
Comments