၁၅၀၀ တန် SIM Card တွေ ပေါများလာတဲ့အနောက်ပိုင်းမှာ Smartphone တွေ အသုံးများလာသလို အင်တာနက်ကိုလည်း လူကြီးလူငယ်မရွေး သုံးလာကြပါပြီ။ အင်တာနက်တွေ အရင်ထက်မြန်ဆန်လွယ်ကူလာတာနဲ့အမျှ လူတိုင်းက အင်တာနက်ကို အားကိုးလာကြပါတယ်။ အင်တာနက် အသုံးပြုခြင်းက အချိန်၊ လူအင်အား၊ နှင့်ငွေကြေးတို့ကို များစွာ သက်သာစေပါတယ်။
အွန်လိုင်းပေါ်က မှတ်ပုံတင်မလား (သို့) သက်ဆိုင်ရာ အရောင်းပြခန်းတွေမှာ မှတ်ပုံတင်မလား
ဒီမေးခွန်းကိုမေးရင် လူတိုင်းနီးပါး အွန်လိုင်းကနေ မှတ်ပုံတင်မယ်လို့ပဲ ပြန်ဖြေကြလိမ့်မယ်ဆိုတာ ၉၉% သေချာပါတယ်။ အကြောင်းရင်းကတော့ အရောင်းပြခန်းကို မသွားရတဲ့အတွက် အချိန်၊ ငွေ၊ နှင့် လူအင်အားကို သက်သာစေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်မှာ သက်တောင့်သက်သာ မှတ်ပုံတင်နည်းကို ရေးသားပေးလိုက်ပါတယ်။
မှတ်ပုံတင်ကို ဓါတ်ပုံရိုက်ယူပါ
ပထမဆုံး အွန်လိုင်းပေါ်မှ ဆင်းမ်ကတ်များ မှတ်ပုံတင်ရန်အတွက် မိမိနိုင်ငံသား မှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်များကို Scan ဖတ်စက်ရှိပါက Scan ဖတ်စက်ဖြင့် JPEG, JPG စသည့် ရုပ်ပုံ Format ပြုလုပ်ထားပါ။ Scan ဖတ်စက် မရှိသူများ မိမိဖုန်းကင်မရာဖြင့် မိမိနိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်ပြားကို ဓါတ်ပုံရိုက်ယူနိုင်ပါတယ်။ ဓါတ်ပုံရိုက်ယူတဲ့အခါမှာ Upload ပမာဏကို အများဆုံး 3 Mb သတ်မှတ်ထားတဲ့အတွက် ဖုန်းကင်မရာရဲ့ Resolution ကိုလျှော့ပြီး ရိုက်ယူရမှာ ဖြစ်ပါတယ်။ နမူနာပုံစံကို အောက်မှာကြည့်နိုင်ပါတယ်။

အပေါ်ပုံကတော့ နိုင်ငံသားစီစစ်ရေးကတ် ရှေ့ဘက်ပုံဖြစ်ပြီး အောက်ကပုံကတော့ နိုင်ငံသားစီစဉ်ရေးကတ် ကျောဘက်ပုံပဲ ဖြစ်ပါတယ်။

နမူနာအားဖြင့် နိုင်ငံသားစီစဉ်ရေးကတ်ဖြင့် ဖော်ပြပေးထားတာဖြစ်ပေမယ့် အခြားသော ပတ်စပို့စ်များနှင့် ယာယီကတ်များကိုလည်း အထက်ပါပုံများအတိုင်း Crop ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
MPT SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း | Ooredoo SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း
Telenor SIM Card မှတ်ပုံတင်ခြင်း
ပထမဆုံး မှတ်ပုံတင်ဖို့အတွက် အောက်ပါ အချိတ်အဆက်ကို သွားပါ။
https://ecaf.telenor.com.mm
အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်ရန် စတင်လုပ်ဆောင်မည်ဆိုပါက စတင်မည်ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ စတင်မည်ကို နှိပ်လိုက်ပါက အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနံပါတ် ဆိုသည့်နေရာမှာ မှတ်ပုံတင်မယ့် Telenor ဖုန်းနံပါတ်ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဖုန်းနံပါတ် ထည့်ပြီးပါက ဝင်လိုက်ပါ ကို နှိပ်ပါ။ တချိန်တည်းမှာပဲ မိုဘိုင်းဖုန်းနံပါတ်နေရာမှာ ထည့်လိုက်တဲ့ ဖုန်းနံပါတ်ကို SMS မှ နံပါတ် ၄ လုံး ပေးပို့မှာ ဖြစ်ပါတယ်။ အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

SMS မှ ပေးပို့လာသော နံပါတ် ၄ လုံးကို SMS မှ မှန်ကန်ကြောင်းအတည်ပြုသော ကုတ်နံပါတ် နေရာမှာ ထည့်ပါ။ ထည့်ပြီးပါက ဝင်လိုက်ပါကို နှိပ်ပါ။ မှတ်ပုံတင်ပြီးသော နံပါတ်ဖြစ်ပါက ပထမပုံကို မြင်တွေ့ရမှာ ဖြစ်ပြီး မှတ်ပုံမတင်ရသေးပါက ဒုတိယပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးကြောင်း မြင်တွေ့ရပါက ဆက်လက်လုပ်ဆောင်ရန် မလိုတော့ပါ။ အကယ်၍ မိမိမှတ်ပုံတင်နံပါတ် မဟုတ်ပဲ အခြားသော မှတ်ပုံတင်နံပါတ် ဖြစ်ပါက Telenor showroom သို့ သွားရောက်ကာ ပြန်လည် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
မှတ်ပုံမတင်ရသေးပါက ဒုတိယပုံအတိုင်း ဆက်လက်လုပ်ဆောင်ပါ။


မှတ်ပုံမတင်ရသေးသော နံပါတ်ဖြစ်ပါက ရှေ့သို့ ကို နှိပ်ပါ။ အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပုံမှာ ပြထားတဲ့အတိုင်း မှတ်ပုံတင်များကို Upload ပြုလုပ်ရန် Browse ကို နှိပ်ပြီး ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အပြာရောင်လေးထောင့်ကွက်လေးတွေကိုတော့ အမှန်ခြစ် ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးပါက အတည်ပြုမည် ကို နှိပ်ပါ။ အောက်က ပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင် Upload ပြုလုပ်ခြင်း ပြီးဆုံးသွားပါက အထက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အတည်ပြုမည် ကို နှိပ်ပြီး Telenor SIM Online Registration ကို ပြီးဆုံးစေမှာ ဖြစ်ပါတယ်။
MPT SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း | Ooredoo SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း