You are here
Home > Posts tagged "Washing Machine"

အဝတ်လျှော်စက် ဝယ်တော့မယ်ဆိုရင်

အဝတ်လျှော်စက် ဝယ်တော့မယ်ဆိုရင်

(၁) အဝတ်လျှော်စက် အရွယ်အစားနှင့် ထားမည့်နေရာ အဝတ်လျှော်စက် အမျိုးအစားပေါ်မူတည်ပြီး အရွယ်အစားတွေကွဲပြားမှုရှိပါတယ်။ များသောအားဖြင့် အလျား ၂၇”-၂၈”ခန့် အနံ ၃၀”-၃၅” ရှိတတ်ပြီး အမြင့်အရွယ်အစားအမျိုးမျိုးရှိနိုင်ပါတယ်။ အဝတ်လျှော်စက်ထားရှိမယ့် နေရာအနေအ ထား၊အကျယ်အဝန်း ၊ ရေသွယ်တန်းမည့်နေရာကို မဝယ်ယူခင် ကြိုတင်စဉ်းစားထားဖို့လိုပါတယ်။ ထားရှိမယ့်နေရာရဲ့ အလျား၊အနံ၊အမြင့်အပြင် အဝတ်လျှော်စက်အဖုံးဖွင့်တဲ့အခါ လွတ်ကင်းမှုရှိစေရန်အတွက် တိုင်းတာထားသင့်ပါတယ်။ အဝတ်လျှော်စက်ရဲ့ နောက်ဘက် ရေပိုက်သွယ်တန်းမယ့်နေရာကနေ ၆ လက်မခန့်ခွာထားသင့်ပါတယ်။ ထိုကဲ့သို တိုင်းတာထားမှသာ လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်မယ့် Compact size အမျိုးအစား၊ Full size အမျိုးအစားစသဖြင့် ရွေးချယ်ဝယ်မှာဖြစ်ပါတယ်။ အဝတ်လျှော်စက်မှ ထွက်မည့်အသံ (Noise)၊ တုန်ခါမှု (Vibration) ကိုလည်း ထည့်သွင်းစဉ်းစားပြီး ထားရှိမယ့်နေရာကို ရွေးချယ်ရန်လည်းလိုအပ်ပါတယ်။ (၂)

Top