You are here
Home > Posts tagged "Online"

Telenor SIM Card ကို Messenger မှ မှတ်ပုံတင်နိုင်ပြီ


Telenor SIM Card အသုံးပြုသူများအတွက် သတင်းကောင်းတစ်ခုပါပဲ။ ဆင်းကတ်တွေ မှတ်ပုံတင်ရာမှာ တော်တော်များများ အဆင်မပြေဖြစ်နေကြပါတယ်။ ဒါကြောင့် အော်ပရေတာတွေကလည်း အဆင်ပြေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ခုတော့ တယ်လီနောကလည်း ဆင်းကတ်တွေမှတ်ပုံတင်ရာမှာ ပိုမိုလွယ်ကူစေဖို့ Facebook ရဲ့ Messenger ကနေတဆင့် မှတ်ပုံတင်လို့ရနိုင်အောင် ဆောင်ရွက်ပေးလိုက်ပါပြီဖြစ်ကြောင်း Telenor ရဲ့ Facebook စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ အခုဆိုရင် သင့်ရဲ့ တယ်လီနော ဆင်းကတ် ကို Facebook messenger မှတစ်ဆင့်လည်း အလွယ်တကူ မှတ်ပုံတင်နိုင်ပါပြီ။ မှတ်ပုံတင်မည့်သူ၏ အမည်၊ မှတ်ပုံတင်အမှတ် နှင့် မိမိမှတ်ပုံတင်လိုသည့်ဖုန်းနံပါတ် *97# သို့ခေါ်ဆိုပြီးပြန်လာသော မတ်ဆေ့ချ် ကို screenshot ရိုက်ပေးပါ။

Top