You are here
Home > Posts tagged "How To"

Facebook မှာ ကိုယ့်ရဲ့ Friends list ကို အခြားသူတွေကို ကြည့်လို့မရအောင်

Facebook မှာ ကိုယ့်ရဲ့ Friends list ကို အခြားသူတွေကို ကြည့်လို့မရအောင်

Facebook မှာ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို အခြားသူတွေ ကြည့်လို့မရအောင် လုပ်ချင်တဲ့သူတွေ ရှိမှာပါ။ ဒီ ဆောင်းပါးမှာ Image တွေနဲ့ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ စာတွေတော့ ရှည်ရှည်ဝေးဝေး ရေးမနေတော့ပါဘူး။ PC Browser ကနေ လုပ်မယ်ဆိုရင်တော့ အောက်ပါ Link ကို နှိပ်ပါ။ https://www.facebook.com/settings?tab=privacy&section=friendlist&view ပုံမှာ ပြထားတဲ့အတိုင်း မိမိထားလိုသော Public, Friends, Only me စသည့် တစ်ခုကို ရွေးချယ်ထားလိုက်ပါ။ Mobile ကနေ လုပ်မယ်ဆိုရင်တော့ ပုံတွေအတိုင်း Account settings ကနေ Privacy settings အထိ တဆင့်ချင်း သွားပါ။ Account settings ကို ဖွင့်ပါ။ သော့ခလောက်ပုံလေးနဲ့ Privacy ကို ရှာဖွင့်ပါ။ Privacy

DIY Quadcopter Drone တစ်စင်း တည်ဆောက်ခြင်း ရုပ်သံ

DIY Quadcopter Drone တစ်စင်း တည်ဆောက်ခြင်း ရုပ်သံ

Quadcopter Drone တစ်စင်းကို ကိုယ်တိုင်တည်ဆောက်ဖို့ ဘာတွေ လိုအပ်တယ်။ ဘယ်လိုတည်ဆောက်ရတယ်ဆိုတာ အသေးစိတ်ပြထားတဲ့ ရုပ်သံတစ်ခုပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေတော့ စိတ်မကောင်းစွာပဲ မြန်မာနိုင်ငံမှာ ရှာဖို့ သိပ်မလွယ်လှပါဘူး။ ကျွန်တော့်မှာသာ ငွေကြေးပြည့်စုံခဲ့ရင် DIY သမားတွေအတွက် ပစ္စည်းကိရိယာတွေ အစုံရနိုင်တဲ့ Store တစ်ခုလောက် လုပ်ဖြစ်မှာ သေချာပါတယ်။ ဘယ်သူဖြစ်ဖြစ် DIY သမားတွေအတွက် ပစ္စည်းကိရိယာ အစုံရနိုင်တဲ့ Store ဖွင့်ပေးရင်လည်း အရမ်းကို ဝမ်းသာမိမှာပါ။ ကျွန်တော် သိသလောက်တော့ Phoewa Science ဆိုတဲ့ Store တစ်ခုတော့ ၈ မိုင်ခွဲမှာ ရှိပါတယ်။ ဒီ ရုပ်သံမှာ ကျွန်တော်တို့ မသိသေးတဲ့ နည်းပညာ အနည်းအကျဉ်းကို

Apple Watch နဲ့ IPhone မှာ အရေးပေါ် Contacts နံပါတ်ဘယ် လိုထည့်မလဲ

အရေးပေါ် အခြေအနေတွေမျိုးမှာ Apple Watch ကနေ ဒါမှမဟုတ် iPhone ကနေ မိမိရဲ့ မိသားစုဝင်တွေကို အလွယ်တကူ အသိနိုင်ဖို့ အရေးပေါ် Contacts နံပါတ်ကို ထည့်သွင်းထားနိုင်ပါတယ်။ အရေးပေါ်ဖုန်းခေါ်ရမယ့် နံပါတ်ကို Health app မှာ ထည့်သွင်း ထားမယ်ဆိုရင် ဖုန်း ဒါမှမဟုတ် Apple Watch ကနေ အရေးပေါ် SOS အတွက် ခလုတ်နှိပ်လိုက်မယ်ဆိုရင် ဖုန်းကနေ အလိုအလျောက် ထည့်သွင်းထားတဲ့ အရေးပေါ်နံပါတ်ကို လှမ်းဆက်သွယ်မှာ ဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို ရွေ့လျားတိုင်းမိမိရဲ့ တည်နေရာကို တောက်လျောက်ပေးပို့ ပေးနေမှာလည်း ဖြစ်ပါတယ်။ ဒီ စနစ်ကို အသုံးပြုဖို့အတွက် iPhone မှာ Health

ကွန်ပျူတာ အမည် (hostname) ကို ဘယ်လိုကြည့်မလဲ

ကွန်ပျူတာ အမည် (hostname) Computer တိုင်းမှာ နာမည်လေးတွေ ရှိကြပါတယ်။ Network တစ်ခုထဲမှာ ကွန်ပျူတာ အမည် တူနေလို့ မရပါဘူး။ အမည်တူနေရင် ကွန်ယက်ထဲမှာ ပြဿနာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကွန်ယက်တစ်ခုတည်းက ကွန်ပျူတာတွေကို အမည်မတူအောင် ပေးထားရပါတယ်။ ကွန်ပျူတာ အမည် (hostname) သိပါက Network ကနေ အဲဒီ ကွန်ပျူတာရဲ့ Share file တွေကို ယူသုံးနိုင်ပါတယ်။  ဒါမှမဟုတ် IP address နဲ့ ယူသုံးရမှာပါ။ IP address တွေက နံပါတ်တွေ ဖြစ်တဲ့အတွက် မှတ်ရတာ ခက်တယ်။ ပြီးတော့ Auto DHCP ဖြစ်နေရင် IP

Android စမတ်ဖုန်းနဲ့ ကိုယ်ခွဲဓာတ်ပုံတွေ ဘယ်လိုရိုက်မလဲ

ဒီတစ်ခါတော့ Android ဖုန်းတွေနဲ့ ကိုယ်ခွဲဓာတ်ပုံတွေကို ဘယ်လို ရိုက်သလဲ ဆိုတဲ့အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Android ဖုန်းတွေမှာ ကိုယ်ခွဲပုံစံနဲ့ ဓာတ်ပုံရိုက်နိုင်တဲ့စနစ်ပါ တဲ့ဖုန်းတွေက ရှားပါတယ်။ အချို့ Android ဖုန်းတွေမှာဆိုရင်တော့ Panorama စနစ် နဲ့ ကိုယ်ခွဲဓာတ်ပုံတွေ ရိုက်ကြပါတယ်။ ဖုန်းမှာ Default ပါတဲ့ Panorama စနစ်နဲ့ ကိုယ်ခွဲဓာတ်ပုံတွေကို ဖန်တီးမယ်ဆိုရင်လည်းရပါတယ်။ ဒါပေမဲ့ Panorama စနစ်နဲ့ ကိုယ်ခွဲပုံတွေ ဖန်တီးမယ်ဆိုရင်တော့ ဂရုစိုက်ရမယ့်အချက်လေးတွေရှိပါတယ်။ Panorama စနစ်နဲ့ ကိုယ်ခွဲ ပုံရိုက်တဲ့အချိန်မှာ ဓာတ်ပုံအရိုက်ခံတဲ့ Subject ဟာ ဓာတ်ပုံရိုက်နေတဲ့ကင်မရာထဲမှာ အလျားလိုက် ကိုယ်ရွှေ့ချင်တဲ့နေရာကို ရွှေ့လို့မရပါဘူး။ Panorama နဲ့ ဓာတ်ပုံရိုက်နေတဲ့ ကင်မရာကို

ပရိုကင်မရာသမားတစ်ယောက်လိုုမျိုး ဖုုန်းရဲ့ Manual Mode ကိုု သုံုးပြီး ဘယ်လိုုရိုက်မလဲ

စမတ်ဖုန်းတွေ အသုံးပြုမှုများလာတဲ့နောက်ပိုင်း လူတိုင်းနီးပါး မိမိဖုန်းနဲ့ မိမိဓာတ်ပုံတွေ ရိုက်လာကြပါတယ်။ ဒီလို ဓာတ်ပုံ ရိုက်ကူးရာမှာ အချို့ကတော့ မှတ်တမ်းသဘောမျိုး ရိုက်ပါတယ်။ အချို့က အလှဓာတ်ပုံအနေနဲ့ ရိုက်ကြတယ်။ အချို့ကဖုန်းနဲ့ ဓာတ်ပုံရိုက်တာကို ဝါသနာပါလွန်းတဲ့အတွက် ရောက်လေရာမှာ ပုံကောင်းလေးတွေ ရအောင်လို့ ကြိုးစားကြပါတယ်။ ၁။ ကိုယ့်ဖုန်းကင်မရာရဲ့ Setting တွေကို သေချာနားလည်အောင် လုပ်ထားပါ Auto နဲ့ပဲ ရိုက်မယ်ဆိုရင်တော့ settings တွေအကြောင်း အများကြီး သိထားဖို့ မလိုအပ်ဘူး ပြောနိုင်ပါတယ်။ ဒါပေမဲ့ အနုပညာမြောက်တဲ့ ဓာတ်ပုံကို ဖန်တီးချင်တယ်ဆိုရင်တော့ Auto mode ကိုပဲ အားကိုးနေလို့ မရပါဘူး။ Manual mode ကို သုံးတတ်ဖို့ လိုပါတယ်။ ဒါကြောင့်

လေအေးပေးစက် ဘယ်လိုဝယ်သင့်လဲ

BTU ဆိုတာ လေအေးပေးစက်၏ အရွယ်အစားကို BTU (British Thermal Unit) ဖြင့်သတ်မှတ်သည်။ ဆိုလိုသည်မှာ ထိုစက်က စုပ်ယူပေး နိုင်သော အပူပမာဏ ဖြစ်၏။ ဝယ်လိုက်သော စက်သည် မိမိအခန်းအတွက် ငယ်လွန်းနေပါက လိုချင်သလောက် အေးမည် မဟုတ်။ မိမိလိုသည်ထက် ပိုကြီးသည့်စက်ကိုဝယ်လျှင် ဈေးပိုကြီးမည်။ ပိုက်ဆံပိုကုန်မည်။ ထို့ကြောင့် မိမိအတွက် သင့်တော် မည့်စက်အရွယ်ကို ဝယ်တတ်ရန် လိုပါသည်။ သို့ဆိုလျှင် မိမိအခန်း၌ အပူမည်မျှရှိသည်ကို သိထားရမည်ဖြစ်ပါသည်။ အခန်းအကျယ်နှင့် BTU ပမာဏ မိမိအခန်းအကျယ်ကို ပေ (Square footage) ဖြင့်တွက်ပြီး လိုအပ်သည့် BTUအပူပမာဏကို အောက်ပါအတိုင်း ယူဆနိုင်ပါသည်။ အခန်းငယ် - ကြမ်းခင်းအကျယ် ၁၀၀ မှ ၃၀၀ စတုရန်းပေ

လေအေးပေးစက်ကို ပြုပြင်ထိန်းသိမ်းခြင်း


၁။ ဘယ်လောက်ကြာရင် လေအေးပေးစက်ထဲကို ဓါတ်ငွေ့ထပ်ဖြည့်ရမလဲ။ လေအေးပေးစနစ်တွင် ဓါတ်ငွေ့သည် မည်သည့်နေရာသို့မှ မသွား။ လေအေးစနစ်အတွင်း လှည့်ပတ်နေသည်။ ထို့ကြောင့် လေအေးပေးစနစ်မှ ပိုက်များ၊ ပိုက်အဆက်များ လုံနေပါက ပုံမှန်အားဖြင့် ဓါတ်ငွေ့ထပ်ဖြည့်စရာမလိုပါ။ အကြောင်းကြောင်း ကြောင့် ဓါတ်ငွေ့များ ယိုစိမ့်မှသာ ပြန်ဖြည့်ရန်လိုသည်။ သို့သော် အဘယ်ကြောင့် ဓါတ်ငွေ့ယိုစိမ့်ရသနည်း ဟူသော အဖြေကို ရှာကာ အပေါက်ကို ဦးစွာဖာထေးရန် လိုပါသည်။ မဟုတ်ပါက ဓါတ်ငွေ့ထပ်ဖြည့်လျှင်လည်း ခဏသာခံပါလိမ့်မည်။ ၂။ လေအေးပေးစက်ကို စက်ပြင်ဆရာခေါ်ပြီး သန့်ရှင်းရေးလုပ်ဖို့လိုသလား။ လေအေးပေးစက်ကို သုံးလတစ်ခါ ခြောက်လတစ်ခါ စသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်သင့်ပါသည်။ လေအေးပေးစက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီကို အကြောင်းကြားပါက သူတို့လာလုပ်ပေးပါလိမ့်မည်။ များသောအားဖြင့် ကွန်ဒင်ဆာနှင့် အီဗာပိုရေတာ ဆန်ကာပေါက်များ၌ တက်နေသောဖုံများကို

ငွေကိုချွေတာဖို့အတွက် LAPTOP ဝယ်ရာမှာ ထည့်သွင်းမစဉ်းစားဘဲ ဝယ်သင့်တဲ့ LAPTOP အင်္ဂါရပ် ၁ဝ မျိုး


[ Zawgyi ] လက်ရှိ ပြည်တွင်းဈေးကွက်မှာ မိမိအနေနဲ့ Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ကိုယ့်စိတ်ကြိုက် အမှတ်တံဆိပ်နဲ့ စွမ်းဆောင်ရည်ကို ရွေးချယ်ဝယ်ယူနိုင်တဲ့ အခြေအနေမှာ ပိုက်ဆံကိုများများစားစား သုံးနိုင်ရင် သုံးနိုင်သလောက် စွမ်းဆောင်ရည်မြင့် နောက်ဆုံးပေါ် Laptop အမျိုး အစားကို ဝယ်ယူနိုင်ပါတယ်။ မိမိအနေနဲ့ သုံးမယ့်ငွေကြေးအခြေ အနေအရ လိုချင်တာကို မတတ်နိုင်ဘူး။ ဒါမှမဟုတ် ထိုက်သင့်သလောက်သာ ပိုက်ဆံကို သုံးပြီး Laptop ဝယ်ချင်တယ်ဆိုရင်တော့ ခုဖော်ပြပေးမယ့်အချက်တွေကို ထည့်သွင်းမစဉ်းစားဘဲ ဝယ်ယူနိုင်ပါတယ်။ မြန်ဆန်ကောင်းမွန်လှတဲ့ CPU, များပြားတဲ့ သိုလှောင်နိုင်မှု၊ နောက်ဆုံးပေါ် အရည်အသွေးမြင့် ဂရပ်ဖစ်စတာတွေနဲ့ တချို့ Laptop အင်္ဂါရပ်တွေက Laptop ဝယ်ယူမှုအတွက် အပိုငွေကုန်ကျမှုကို လျှော့ချပေးနိုင်မယ့် အင်္ဂါ

Facebook account တစ်ခုကို ဘယ်လို Hack မလဲ??

Facebook account တစ္ခုကို ဘယ္လုိ Hack မလဲ??

လူတော်တော်များများ စိတ်ဝင်စားတဲ့ ခေါင်းစဉ်လို့ ယူဆပါတယ်။ ဒီဆောင်းပါးဟာ Hacking ကို သင်ပေးတဲ့ ဆောင်းပါးတစ်ပုဒ်မဟုတ်ဘူးဆိုတာ ကြိုတင် အသိပေးပါရစေ။ ဘာကြောင့်လည်းဆိုတော့ ခုတလော Facebook ပေါ်က နည်းပညာဂရုတွေမှာ Facebook အကောင့် Hack တယ်ဆိုပြီး တော်တော်များများ ပို့စ်တွေ မြင်နေရလို့ပါ။ ပထမဆုံး Hacking, Hacker ဆိုတာ သိထားဖို့လိုအပ်ပါတယ်။ Hacking, Hacker ဆိုတာ နည်းပညာ နယ်ပယ်ထဲမှာပဲ ရှိတာမဟုတ်ပါဘူး။ နည်းပညာမဟုတ်တဲ့ အခြားနယ်ပယ်တွေမှာလည်း ရှိကြပါတယ်။ Hacking, Hacker ဆိုတာ နယ်ပယ်တစ်ခုမှာ အရမ်းကျွမ်းကျင်ပြီး တော်တဲ့သူတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ နည်းပညာနယ်ပယ်မှာ Hacking လုပ်တယ်ဆိုတာ စနစ်တစ်ခုကို တစ်ဦးတစ်ယောက်ကမှ မသိရှိသေးတဲ့ စနစ်တစ်ခုကို လေ့လာသိရှိသွားတာကို Hacking လုပ်တယ်လို့ ဆိုနိုင်ပါတယ်။ Hacker ဆိုတာကလည်း အဲလို လုပ်တဲ့သူ

Top