You are here
Home > Posts tagged "Grab"

ကျပ် ၁၀ သိန်း ရရှိမယ့် Map Challenge 2018 – Help Map Yangon

ကဲ ဘော်ဒါဒို့ရေ...ပြိုင်ပွဲကတော့ အောက်ပါအတိုင်းပါပဲ...Grab က Phandeeyar နဲ့ ပူးပေါင်းပြီး OpenStreet Map ပေါ်မှာ လိုအပ်နေသေးတဲ့ လမ်းနာမည်တွေ၊ အများနဲ့ဆိုင်တဲ့ အဆောက်အဦးနေရာတွေကို ဝိုင်းဝန်းဖြည့်သွင်းကြမယ့် ပြိုင်ပွဲလေးတစ်ခု စီစဉ်ထားပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၃ ရက်အထိ ကြာမြင့်မယ့် Map Challenge အတွက် ပထမဆုံးရက်မှာ မြေပုံထဲ တည်နေရာတွေ ဘယ်လို ထည့်သွင်းမလဲဆိုတာကို သင်ကြားပေးမှာဖြစ်ပြီး အဲဒီပြိုင်ပွဲကာလ ၈ ရက်အတွင်း အုပ်စုနဲ့ဖြစ်ဖြစ် တစ်ဦးချင်းဖြစ်ဖြစ် ရေးဆွဲပေးရမှာပါ။ပြိုင်ပွဲကာလတွင်း အစဦးရက် ဖေဖော်ဝါရီ ၂၄ ရက်နဲ့ နောက်ဆုံးရက် မတ် ၃ ရက်သာ လာရောက်ဖို့ လိုအပ်ပြီး ကြားရက်တွေမှာ ကိုယ်အဆင်ပြေတဲ့နေရာမှာ ရေးဆွဲနေရုံပါပဲ။

Top