You are here
Home > Posts tagged "Computer History"

ကွန်ပျူတာ သမိုင်း အကျဉ်း

ကွန်ပျူတာ သမိုင်း အကျဉ်း

ကွန်ပျူတာ တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင် သင်္ချာတွက်စက်ဖြစ်ပါသည်။ တနည်းအားဖြင့်၎င်းမှာ လျှပ်စစ်စွမ်းအားနှင့် သင်္ချာပညာရပ်များအား အသုံးပြု၍ လုပ်ငန်းရပ်များအား အဆင်ပြေချောမွေ့လွယ်ကူစေရန် ဖန်တီးယူထားသည့် စက်အမျိုးအစား တခုဖြစ်ပါသည်။ မှတ်တမ်းများ သိမ်းဆည်းခြင်း (Data Storage)၊ ပြန်လည်ခေါ်ယူခြင်း (Retrieve)၊ အစီအစဉ်များ ထည့်သွင်းခြင်းနှင့် ထုတ်ယူခြင်း(l/O Device)၊ စဉ်းစားတွက်ချက်ပေးခြင်း (Calculate) တို့အား လုပ်ငန်းစဉ်များအလိုက် အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။ ကွန်ပျူတာအားတီထွင်ရန် စတင်စဉ်းစားခဲ့စဉ်ထဲကပင် လုပ်ငန်းရပ်အသီးသီး၌ အသုံးပြုနိုင်ရန် ရည်ရွယ်၍ တီထွင်ခဲ့ခြင်းဖြစ်သည်။ စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့် (Digital Computer) ဟူ၍ တည်ဆောက်ပုံနှစ်မျိုး ရှိခဲ့ပါသည်။ (Analog Computer)သည် လျှပ်စစ်စွမ်းအားရရှိမှုပမာဏ အနည်းအများပေါ် မူတည်၍ အနီးစပ်ဆုံး ဖော်ပြပေးခြင်းဖြင့် လုပ်ဆောင်ပါသည်။

Top