You are here
Home > Posts tagged "Aircon"

လေအေးပေးစက် ဘယ်လိုဝယ်သင့်လဲ

BTU ဆိုတာ လေအေးပေးစက်၏ အရွယ်အစားကို BTU (British Thermal Unit) ဖြင့်သတ်မှတ်သည်။ ဆိုလိုသည်မှာ ထိုစက်က စုပ်ယူပေး နိုင်သော အပူပမာဏ ဖြစ်၏။ ဝယ်လိုက်သော စက်သည် မိမိအခန်းအတွက် ငယ်လွန်းနေပါက လိုချင်သလောက် အေးမည် မဟုတ်။ မိမိလိုသည်ထက် ပိုကြီးသည့်စက်ကိုဝယ်လျှင် ဈေးပိုကြီးမည်။ ပိုက်ဆံပိုကုန်မည်။ ထို့ကြောင့် မိမိအတွက် သင့်တော် မည့်စက်အရွယ်ကို ဝယ်တတ်ရန် လိုပါသည်။ သို့ဆိုလျှင် မိမိအခန်း၌ အပူမည်မျှရှိသည်ကို သိထားရမည်ဖြစ်ပါသည်။ အခန်းအကျယ်နှင့် BTU ပမာဏ မိမိအခန်းအကျယ်ကို ပေ (Square footage) ဖြင့်တွက်ပြီး လိုအပ်သည့် BTUအပူပမာဏကို အောက်ပါအတိုင်း ယူဆနိုင်ပါသည်။ အခန်းငယ် - ကြမ်းခင်းအကျယ် ၁၀၀ မှ ၃၀၀ စတုရန်းပေ

လေအေးပေးစက်ကို ပြုပြင်ထိန်းသိမ်းခြင်း


၁။ ဘယ်လောက်ကြာရင် လေအေးပေးစက်ထဲကို ဓါတ်ငွေ့ထပ်ဖြည့်ရမလဲ။ လေအေးပေးစနစ်တွင် ဓါတ်ငွေ့သည် မည်သည့်နေရာသို့မှ မသွား။ လေအေးစနစ်အတွင်း လှည့်ပတ်နေသည်။ ထို့ကြောင့် လေအေးပေးစနစ်မှ ပိုက်များ၊ ပိုက်အဆက်များ လုံနေပါက ပုံမှန်အားဖြင့် ဓါတ်ငွေ့ထပ်ဖြည့်စရာမလိုပါ။ အကြောင်းကြောင်း ကြောင့် ဓါတ်ငွေ့များ ယိုစိမ့်မှသာ ပြန်ဖြည့်ရန်လိုသည်။ သို့သော် အဘယ်ကြောင့် ဓါတ်ငွေ့ယိုစိမ့်ရသနည်း ဟူသော အဖြေကို ရှာကာ အပေါက်ကို ဦးစွာဖာထေးရန် လိုပါသည်။ မဟုတ်ပါက ဓါတ်ငွေ့ထပ်ဖြည့်လျှင်လည်း ခဏသာခံပါလိမ့်မည်။ ၂။ လေအေးပေးစက်ကို စက်ပြင်ဆရာခေါ်ပြီး သန့်ရှင်းရေးလုပ်ဖို့လိုသလား။ လေအေးပေးစက်ကို သုံးလတစ်ခါ ခြောက်လတစ်ခါ စသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်သင့်ပါသည်။ လေအေးပေးစက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီကို အကြောင်းကြားပါက သူတို့လာလုပ်ပေးပါလိမ့်မည်။ များသောအားဖြင့် ကွန်ဒင်ဆာနှင့် အီဗာပိုရေတာ ဆန်ကာပေါက်များ၌ တက်နေသောဖုံများကို

Top