သိပ်မကြာသေးတဲ့ လအနည်းငယ်က Google က သူ့ရဲ့ chrome OS နဲ့ Tablet, Pixel Slate ကို မိတ်ဆက်ခဲ့ပါသေးတယ်။ ထင်သလောက် Google ရဲ့ Tablet ကို ကြိုက်တဲ့လူနည်းပါးလွန်းပြီး အရောင်းမတွင်ခဲ့ပါဘူး။ Google ရဲ့ Tablet တွေက လက်ရှိTablet စျေးကွက်ထဲမှာ ထင်သလောက် နေရာမရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Apple လို iPad Pro နဲ့ အခြား android tablet တွေကို မယှဉ်နိုင်လို့ပဲ ဖြစ်ပါတယ်။ Chrome OS အတွက် apps တွေကလည်း အခုချိန်မှာ limited ဖြစ်နေပြီး အသုံးပြုသူလည်း အင်မတန် နည်းတာကြောင့်ဖြစ်ပါတယ်။ Pixel Slate 2 ကိုလည်း မိတ်ဆက်မဲ့ plan ကိုပါအခု cancel လိုက်ပါပြီ။ ဆိုလိုတာက Tablet စျေးကွက်ထဲကို ခြေမချတော့ပါဘူး။
Tablet က မျှော်မှန်းသလောက် လူတွေမကြိုက်ခဲ့ပေမယ့် Chromebooks တွေကိုတော့ အားပေးတဲ့ ပရိတ်သတ်တွေ ရရှိခဲ့ပါတယ်။ ၂၀၁၇ က Pixel Book က keyboard , lightweight design နဲ့ ထူးခြားတဲ့ style တွေက လူတွေရဲ့ ကောင်းတဲ့ feedback တွေကို ရရှိခဲ့ပါတယ်။ Pixelbook 2 ကိုလည်း ၂၀၁၉ မကုန်မီမှာ မြင်တွေ့ရ့နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ Chrome OS နဲ့ ပူးပေါင်းပြီး ကွန်ပျူတာ hardware companies တွေဖြစ်တဲ့ HP နဲ့ Acerတို့ကလည်း Google နဲ့ ပေါင်းပြီး Chromebooks တွေ ဆက်ထုတ်မှာ ဖြစ်ပါတယ်။ Chromebook အကြောင်းကို သိချင်ရင်တော့ အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
Comments