
သတင်းအချက်အလက်တွေနဲ့ အခြားနည်းပညာတွေကို အင်တာနက်မှ စောင့်ကြည့်ချင်သူတွေအတွက် ပေါ့ပါးသက်သာပြီး အသုံးတည့်စေမယ့် T95D Android TV Box တစ်မျိုးဖြစ်ပါတယ်။ TV Box လေးရဲ့ Device ကိုတော့ ROCKCHIP RK3229 နဲ့ ထုတ်လုပ်ပေးထားတယ်လို့ သိရပါတယ်။ CPU ကတော့ Quad
ရုပ်ထွက်အားကောင်းမွန်အောင် HDMI နဲ့အဓိက အသုံးပြုရမှာဖြစ်သလို HDMI မပါတဲ့ TV တွေနဲ့အသုံးပြုနိုင်စေဖို့ AV out တစ်ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။ USB နှစ်ပေါက်ပါဝင်ပြီး HDD, DVD ROM, Keyboard, Mouse, Wireless game pad တို့နဲ့ လွယ်ကူစွာချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Android version 6.0 ပါဝင်ပြီး မိမိကြိုက်နှစ်သက်ရာ application များလည်း ထည့်သွင်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ တန်ဖိုး ၄၃,၈၀၀ ကျပ် ဖြစ်ပြီး [email protected] Engineering & Electric ဖုန်း ၀၁- ၂၅၂၆၂၇၊ ၀၂- ၆၉၂၈၉ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။
-ဝေဝေ
Internet Journal မှ ကူးယူဖော်ပြသည်
Comments