AndroidEntertainmentInternetiPhone & iPadLifestylePC & Mobile

JOOX နဲ့ မြန်မာသီချင်း တွေကို နားထောင်နိုင်ပြီ

0
JOOX နဲ့ မြန်မာသီချင်း တွေကို နားထောင်နိုင်ပြီ

JOOX ဆိုတာ

JOOX ဆိုတာ Music streaming service တစ်ခုဖြစ်ပြီး Tencent က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ JOOX ကို ၂၀၁၅ ဇန်နဝါရီ မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ JOOX ဟာ ကြီးမားတဲ့ Music streaming app အဖြစ် အာရှဈေးကွက် ဖြစ်တဲ့ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများမှာ အခိုင်အမာ ရရှိထားပါတယ်။ ခုတော့ မြန်မာနိုင်ငံ ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ JOOX မှာ သီချင်းတွေကို အခမဲ့ပေးထားပေမယ့် အားလုံးတော့မဟုတ်ပါဘူး။ VIP သီချင်းတွေနဲ့ Hight quality သီချင်းတွေလည်း ရှိပါတယ်။

JOOX မှာ သီချင်းတွေကို အခမဲ့ ရယူနိုင်တယ်

VIP သီချင်းတွေ နဲ့ Hight quality သီချင်းတွေကို လစဉ်ကြေး နဲ့ အခပေး အသင်းဝင်တွေသာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ JOOX ဟာ Streaming service ဖြစ်ပေမယ့် သီချင်းတွေကို Download ပြုလုပ်ပြီး Offline အနေနဲ့ နားဆင်နိုင်အောင် ဖန်တီးပေးထားတဲ့အတွက် အင်တာနက်မရှိလည်း Download ပြုလုပ်ထားတဲ့ သီချင်းတွေကို ပြန်လည်နားထောင်နိုင်ပါတယ်။ JOOX မှာ သီချင်းတွေအပြင် သီချင်းစာသား Lyric တွေကိုလည်း ပြပေးပါသေးတယ်။

JOOX ကို အသုံးပြုမယ်ဆိုရင်တော့ အကောင့်လုပ်ရမှာ ဖြစ်ပါတယ်။ အလွယ်တကူ WeChat သို့မဟုတ် Facebook နဲ့ ချိတ်ဆက်ပြီး Login ပြုလုပ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ JOOX ကို အသုံးပြုမယ်ဆို Free VIP access ၃ လ ရရှိမှာ ဖြစ်ပါတယ်။ Free VIP access ဖြစ်ဖို့အတွက် Profile က DTS Effects မှာ ဝင်ယူ ရမှာ ဖြစ်ပါတယ်။ JOOX က သီချင်းတွေကို Social မှာ ပြန်လည်မျှဝေပေးရင်လည်း ၂၄ နာရီ VIP access ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Internet Radio

JOOX မှာ သီချင်းအမျိုးအစား အလိုက် Internet radio တွေကိုလည်း နားထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ Underground Hip Hop တွေကိုလည်း JOOX မှာ နားထောင်နိုင်မှာ ဖြစ်ပါတယ်။ Share လုပ်တဲ့စနစ်မှာ အကောင့်ကို WeChat နဲ့ လုပ်ထားရင် WeChat ထဲက သူငယ်ချင်းတွေကိုပဲ Share နိုင်မှာ ဖြစ်ပြီး Facebook နဲ့ အကောင့်လုပ်ထားမှသာ Facebook က သူငယ်ချင်းတွေကို Share နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းထဲမှာ ရှိနေတဲ့ သီချင်းတွေကိုလည်း JOOX နဲ့ နားထောင်နိုင်မှာ ဖြစ်တဲ့အတွက် Default music player အနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။

ကဲ အသေးစိတ်ကိုတော့ App ရယူပြီး ကိုယ်တိုင်သာ ကလိပေတော့…

JOOX Web Address

http://www.joox.com/mm/en/

Download JOOX Music

[ap_button button_size=”ap-medium-bttn” button_url=”https://play.google.com/store/apps/details?id=com.tencent.ibg.joox&hl=en” button_type=”ap-bg-bttn” button_color=”ap-black-bttn” button_align=”ap-align-none”]Google Play Store[/ap_button] | [ap_button button_size=”ap-medium-bttn” button_url=”https://itunes.apple.com/id/app/joox-music/id914406371?mt=8″ button_type=”ap-bg-bttn” button_color=”ap-black-bttn” button_align=”ap-align-none”]iOS[/ap_button] | [ap_button button_size=”ap-medium-bttn” button_url=”https://apkpure.com/joox-music-free-streaming/com.tencent.ibg.joox” button_type=”ap-bg-bttn” button_color=”ap-black-bttn” button_align=”ap-align-none”]APKPure[/ap_button]

QR Code

Screenshots

DIY Quadcopter Drone တစ်စင်း တည်ဆောက်ခြင်း ရုပ်သံ

Previous article

TECNO မှ 24MP Selfie ကင်မရာ တပ်ဆင်ထားသည့် CAMON X Pro အား မိတ်ဆက်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android