You are here
Home > Steam Cache Server
Steam Cache Server
Steam Cache Server

Zawgyi Version








ဆက်သွယ်ရန် –

Myanmar End User

Phone: 09262705237
Viber: 09796820340

THA PYAY PWINT



Unicode Version

Steam Cache Server ဆိုတာ Cache Server သာ ဖြစ်ပါတယ်…  Steam မှာ ရှိတဲ့ မည်သည့် ဂိမ်း၊ မည်သည့် application ကိုမဆို Download ပြုလုပ်ပါက ပထမ တစ်ကြိမ်သာ Internet ကို ထွက်ပြီး Steam server က ဂိမ်း၊ Update ၊ Application စသည်တို့ကို Download လုပ်မှာ ဖြစ်ပါတယ်။

Cache file တွေကို မဖျက်မခြင်း တည်ရှိနေမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Cache server က ISP တွေ အတွက်ဖြစ်တာကြောင့်ပါ။ ISP လက်အောက်မှာ ရှိတဲ့ Client တွေ အကုန်လုံးဟာ Steam ကို သုံးပြီဆို Download လုပ်တဲ့အခါ ISP ကနေ ဖြတ်ပြီး နီးစပ်ရာ Steam server တွေကို သွားရပါတယ်။ Steam server က ပြန်ပို့ပေးတဲ့ Download data တွေကို ISP က Cache နဲ့ ဖမ်းထားမယ်ဆိုရင် နောက်ထပ် Download လုပ်တဲ့ Client တွေဟာ Steam server ကို သွားစရာမလိုပဲ ဖမ်းထားတဲ့ Cache ကနေ ထုတ်ပေးမှာ ဖြစ်ပါတယ်…

ဒီ Steam cache server ကို ISP မှာ သုံးနိုင်သလို ဂိမ်းစင်တာတွေမှာလည်း သုံးနိုင်ပါတယ်။
ဂိမ်းစင်တာတွေ အနေနဲ့ကတော့ Gamer က Steam က ဘယ်ဂိမ်းကို ကစားမယ်ဆိုတာ မသိနိုင်ပါဘူး။ မရှိသေးတဲ့ ဂိမ်းကို ကစားမယ်ဆို Download လုပ်ရမှာပါ။ အဲလို Download လုပ်တဲ့အခါမှာ Cache က ဖမ်းထားပေးမှာပါ။ နောက်တစ်နေ့မှာ Gamer က သူဆွဲထားတဲ့ ဂိမ်းရှိတဲ့ စက်မရရင် အသစ်ပြန်ဆွဲရမှာပါ။ အဲဒီအခါ Download က အင်တာနက်ကို မထွက်တော့ပဲ Cache ကနေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ Game Update တွေလည်း ဒီအတိုင်းပါပဲ။ ပထမဆုံး Update ကို အင်တာနက်ကထွက်ပြီး သက်ဆိုင်ရာ Server ကနေ ဆွဲချမှာပါ။ ဒါပေမယ့် နောက်မှ ဆွဲတဲ့ PC တွေကတော့ Cache ကနေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

Diskless စနစ် သုံးထားရင် Steam cache server လိုမလား??

Install မလုပ်ထားတဲ့ Steam ဂိမ်းတွေအတွက် သုံးမယ်ဆို ရပါတယ်…

Steam cache server က ဘာတွေကို လုပ်ပေးလဲ?? ဘာကောင်းလဲ??

Steam က Download အကုန်လုံးကို Cache ဖမ်းထားပေးပါတယ်…
Download လုပ်ပြီးသမျှ ဂိမ်းတွေ၊ Steam data တွေအကုန်လုံး Cache ထဲမှာ သိမ်းထားပြီး လိုအပ်ရင် ထုတ်ပေးတဲ့အတွက် Internet အသုံးပြုမှုကို လျော့ချပေးပါတယ်… ဂိမ်းဆော့နေတဲ့အချိန်တွေ အခြားဂိမ်းတွေက Update ကျရင် ဆော့နေတဲ့ ဂိမ်းတွေအတွက် အင်တာနက် Bandwidth ကို အများအပြား မထိခိုက်စေပါဘူး… PC တိုင်းက Update ကို အင်တာနက်က ဆွဲရင် ဆော့နေတဲ့ PC တွေကို ထိခိုက်စေတာမျိုး မရှိပါဘူး… Update တွေကို Manual backup and restore လုပ်နေစရာမလိုပါဘူး…

ဒါကြောင့် တကယ်ကောင်းမွန်တဲ့ E-sport center တစ်ခု ဖြစ်ဖို့ဆိုရင် Steam Cache Server မရှိမဖြစ် လိုအပ်ပါတယ်။ Steam Cache Server ကို ပုံစံနှစ်မျိုးနဲ့ Myanmar End User နဲ့ Tha Pyay Pwint (Computer Sales, CCTV Services, and Networking) မှာ ရရှိနိုင်ပါတယ်။ ပထမတစ်မျိုးက Physical server ဖြစ်ပြီး၊ ဒုတိယတစ်မျိုးကတော့ VMware server ဖြစ်ပါတယ်။ Performance ကောင်းကောင်းအသုံးပြုချင်တယ်ဆိုရင် Physical ကို အသုံးပြုသင့်ပြီး ဘတ်ဂျတ်ချွေတာ ချင်တယ်ဆိုရင်တော့ VMware ကို အသုံးပြုနိုင်ပါတယ်။

ဆက်သွယ်ရန် –

Myanmar End User

Phone: 09262705237
Viber: 09796820340

THA PYAY PWINT

COMPUTER SALES, CCTV SERVICES, AND NETWORKING

Phone: 01-385501, 09-73048948, 09-8752348
E-mail: tppcomputersales@gmail.com
Facebook: https://www.facebook.com/ThaPyayPwint.TPP/
Address: No (214), Seik Kan Thar St; (Middle), Kyauktada Tsp; Yangon.

Top
Skip to toolbar