SecurityTech News

Password နှင့် account များ ခိုးယူနိုင်သည့် scam တစ်ခု Facebook Messenger တွင် ပျံ့နှံ့နေ

0
Password နှင့် account များ ခိုးယူနိုင်သည့် scam တစ်ခု Facebook Messenger တွင် ပျံ့နှံ့နေ

Facebook သုံးစွဲသူများသည် username များ၊ password များနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ အပါအဝင် အရေးကြီးသောအချက်အလက်များ ခိုးယူရန် ကွန်ပျူတာအတွင်း ဆော့ဖ်ဝဲများ ထည့်သွင်းသော  scam တစ်ခု၏ အန္တရာယ်နှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။

အဆိုပါ scam သည် Messenger ရှိ link တစ်ခုမှတစ်ဆင့် Facebook သုံးစွဲသူ အနှံ့အပြားထံ ပျံ့နှံ့လျက်ရှိသည်။ ၎င်း link ကို ခိုးယူခံထားသော account များရှိ သူငယ်ချင်းများထံ ပေးပို့ခြင်းဖြင့် ပျံ့နှံ့စေခြင်းဖြစ်သည်။

အဆိုပါ link သည် ဓာတ်ပုံတစ်ပုံကို SVG format သစ်ဖြင့် သိမ်းဆည်းရန်အတွက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းသည် အန္တရာယ်ရှိပြီး click နှိပ်လိုက်သည့်အခါတွင် သုံးစွဲသူများကို YouTube ဝက်ဘ်ဆိုက်အတုတစ်ခုထံ ခေါ်ဆောင်သွားပြီး ဗီဒီယိုကြည့်ရှုရန်အတွက် Chrome extension တစ်ခုကို ထည့်သွင်းခိုင်းမည်ဖြစ်သည်။

Chrome extension ကို ထည့်သွင်းလိုက်သည့်အခါတွင် ၎င်းက သုံးစွဲသူ လည်ပတ်ကြည့်ရှုသော ဝက်ဘ်ဆိုက်များရှိ အချက်အလက်အားလုံးကို ဖတ်နိုင်၊ ပြောင်းလဲနိုင်မည်ဖြစ်သည်။

Chrome toolbar တွင် ဖုံးကွယ်နေသော အန္တရာယ်ရှိသည့် browser add-on သည် login အချက်အလက်များနှင့် password များအပါအဝင် သုံးစွဲသူလည်ပတ်ကြည့်သော ဝက်ဘ်ဆိုက်တိုင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို ခိုးယူနိုင်၊ ပြောင်းလဲနိုင်မည်ဖြစ်သည်။ ဆိုက်ဘာဒုစရိုက်သမားများသည် သုံးစွဲသူ၏ အွန်လိုင်း login အချက်အလက်များနှင့် ဘဏ္ဍာရေး အချက်အလက်များကို ရယူခြင်းအတွက် ၎င်း add-on ကို အသုံးပြုနိုင်သည်။

တစ်ချိန်တည်းမှာပင် အဆိုပါ extension သည် သုံးစွဲသူ၏ Facebook account ကို အပိုင်စီးပြီး account ပိုင်ရှင်၏ သူငယ်ချင်းအားလုံးထံ malware များပျံ့နှံ့စေရန်အတွက် link ကို ပေးပို့မည်ဖြစ်သည်။

အဆိုပါ scam ကို ကာကွယ်ရန်အတွက် Facebook သုံးစွဲသူများက သူငယ်ချင်များပေးပို့သည့် link များကိုပင် သတိနှင့် နှိပ်ရန်လိုအပ်မည်ဖြစ်သည်။ ထို့အပြင် လုံခြုံစိတ်ချရသည့် password များကို တစ်ခုထက်ပိုသော နေရာများတွင် တူညီစွာအသုံးပြုခြင်းကိုလည်း ရှောင်ရှားသင့်ကြောင်း လုံခြုံရေးကျွမ်းကျင်ပညာရှင်များက အကြံပြုထားသည်။

Ref: Telegraph

အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

UNiQUE IT & Mobile Center တွင် လစဉ်ငွေပေးချေမှုစနစ်ဖြင့် IT ပစ္စည်းများ ဝယ်ယူနိုင်ပြီ

Previous article

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ မှာ ပြသမယ့် Nokia ရဲ့ အမိုက်စား စမတ်ဖုန်း အသစ်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Security