AndroidHardwarePC & MobileProduct Reviews

၆ လက်မ Screen နဲ့ Snapdragon 630 ပါဝင်တဲ့ Sony Xperia XA2 Plus

0
Sony Xperia XA2 Pluks

Sony Xperia XA2 Plus

ဇန်နဝါရီလက Sony Xperia XA2 နဲ့ Sony Xperia XA2 Ultra တို့ကို မိတ်ဆက်ခဲ့တဲ့ ဂျပန်စမတ်ဖုန်းကုမ္ပဏီဟာ အခုအခါမှာတော့ Xperia XA2 Plus လို့ခေါ်တဲ့ mid-range စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ ဒီစမတ်ဖုန်းမှာ XA2 လိုပဲ 23MP MotionEye ကင်မရာနဲ့ Snapdragon 630 chipset ပါဝင်လာပေမယ့် bezel က ပိုမိုသေးငယ်လာပြီး display က ပိုရှည်လာပါတယ်။

XA2 Plus ဟာ XA2 စီးရီးမှာ 18:9 ratio နဲ့သုံးနိုင်မယ့် ပထမဆုံးထုတ်ကုန် ဖြစ်ပါတယ်။ LCD အရွယ်အစားက ၆ လက်မဖြစ်ပြီး Full HD+ resolution နဲ့ အသုံးပြုနိုင်ပါတယ်။ Display ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

 

Sony Xperia XA2 Plus

Snapdragon 630 chipset မှာ 2.2GHz octa-core CPU နဲ့ Adreno 508 GPU တို့ပါဝင်ပါတယ်။ XA2 Plus ကို 4GB နဲ့ 6GB RAM ဆိုပြီး ရရှိနိုင်သလို storage အနေနဲ့လည်း 32GB နဲ့ 64GB ဆိုပြီး ရရှိနိုင်ပါတယ်။ MicroSD slot ပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။

23MP ကင်မရာမှာ 1/2.3″ Exmor RS sensor နဲ့အတူ 84-degree wide-angle lens နဲ့ f/2.0 aperture ပါဝင်ပါတယ်။ ISO 12,800 ကို ထောက်ပံ့ပေးနိုင်ပြီး ဗီဒီယိုတွေကို 4K နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် 120 fps slow-mo နဲ့လည်း ရိုက်ကူးနိုင်ပါတယ်။

Sony Xperia XA2 Plus

အရှေ့ဘက်မှာလည်း ကင်မရာတစ်ခုတည်းပါဝင်ပါတယ်။ အဲ့ဒီကင်မရာက 8MP 1/4″ Exmor R sensor ဖြစ်ပြီး 120-degree super wide-angle lens, f/2.4 aperture တို့နဲ့ရိုက်ကူးနိုင်ပါတယ်။ Bokeh Mode, Soft Skin နဲ့ အခြား effect တွေအပါအဝင် feature အများအပြားနဲ့လည်း အသုံးပြုနိုင်ပါတယ်။

Sony XA2 Plus ရဲ့ အရွယ်အစားက ၁၅၇ x ၇၅ x ၉.၆ မီလီမီတာဖြစ်ပြီး အလေးချိန်က ၂၀၅ ဂရမ်ဖြစ်တာကြောင့် ထင်ထားတာထက် အနည်းငယ် လေးလံပါတယ်။ နှစ်အစက မိတ်ဆက်ပေးခဲ့တဲံ OmniPresence ဒီဇိုင်းသစ်ကိုလည်း အသုံးပြုထားပါတယ်။ သတ္တုကျောဘက် panel ကြောင့် ဖုန်းရဲ့ အသွင်အပြင်က ပိုကောင်းလာပါတယ်။

Sony Xperia XA2 Plus

ဘက်ထရီက အရွယ်ပိုကြီးတဲ့ XA2 Ultra အတိုင်း 3,580mAh ဖြစ်ပြီး Quick Charge 3.0 ကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့အောက်ခြေဘက်မှာ USB-C charging port, noise-canceling mic နဲ့ speaker တို့ကို ထည့်သွင်းထားပါတယ်။ 3.5mm နားကြပ်ပေါက်လည်း ပါဝင်ပါတယ်။

Sony Xperia XA2 Plus ကို အနက်၊ ငွေ၊ ရွှေနဲ့ အစိမ်းဆိုပြီး အရောင်လေးမျိုးနဲ့ရရှိနိုင်ပါတယ်။

Xperia XA2 Plus ရဲ့တန်ဖိုးကို မသိရသေးပေမယ့် သြဂုတ်လအတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena

Internet Journal မှ ကူးယူဖော်ပြသည်

ဆက်စပ်ဆောင်းပါးများ –

RAM ဆုိတာ

Previous article

5G ဆိုတာဘာလဲ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android