AndroidLifestylePC & MobileProduct Reviews

SmartPhone နဲ့ ဓါတ်ပုံရိုက်တဲ့ လူတိုင်းမှာ ရှိသင့်တဲ့ Snapseed

0

ဒီတစ်ခေါက်တော့ စာဖတ်သူပရိတ်သတ်ကြီးအတွက် Photo Editing App တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ တစ်ချို့လည်း ဒီ App ကို သိပြီးသားဖြစ်မှာပါ။ Snapseed App ကို မကြာသေးမီ နှစ်ကပင် Google မှ အပိုင်ဝယ်လိုက်ပြီး Google ရဲ့ ကိုယ်ပိုင် product တစ်ခုဖြစ်လာခဲ့ပါတယ်။ Snapseed App က ဓါတ်ပုံကို အသေးစိတ်ပြင်လို့ရပြီး Photoshop မှာပြင်တဲ့ပုံစံ brush တွေ Tools တွေလည်း စုံတာကြောင့်​ edit လုပ်တဲ့အခါမှာ အဆင်ပြေပါတယ်။ Contrast, Exposure တွေလည်း သေချာ ချိန်လို့ရပြီး အသုံးပြုရလည်း လွယ်ပါတယ်။ Company ကို Google က အပိုင်ဝယ်ပြီး ကိုယ်တိုင် develop လုပ်လိုက်တဲ့ နောက်ပိုင်းမှာတော့ App က သိသိသာသာ ပြောင်းလဲတိုးတက်လာပါတယ်။ ဘယ်လိုအသုံးပြုရလဲဆိုတာ တစ်ဆင့်ချင်းပြောပြပေးသွားပါမယ်။

ဖုန်းထဲက ပုံကို add လုပ်ပြီးတဲ့အခါမှာတော့ အောက်မှာ function သုံးခုပေါ်လာပါမယ်။ Looks, Tools နဲ့ Export ဆိုပြီး အဓိက သုံးခုကို အောက်​မှာ မြင်ရပါလိမ့်မယ်။ Looks မှာ ၁၁မျိုးရှိပြီး သင်ပြောင်းချင်တဲ့ ပုံစံကို အလွယ်ပြောင်းလို့ရပါတယ်။ ​ဒါမှ မကျေနပ်ပဲ detail ပြောင်းမယ် အသေးစိတ် ခြယ်သလုပ်မယ်ဆိုတဲ့ လူတွေအတွက်က Tools ကို သွားပါ။

Tools မှာ စာတွေထည့်တာမျိုးတွေ Healing လုပ်တာမျိုးတွေ ပါဝင်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် အသေးစိတ် လုပ်လို့ရတာမျိုး ၂၈ခုလောက်ပါဝင်ပါတယ်။ တစ်ဆင့်ခြင်းမှာ သင့်စိတ်တိုင်းကျ လုပ်လို့ရပြီး သင်သာ ဓါတ်ပုံဝါသနာအိုးဆိုရင်တော့ အကြိုက်တွေ့မှာ ဖြစ်ပါတယ်။ ကွန်ပျူတာမှာ Photoshop သုံးပြီး ပြင်တဲ့ ဓါတ်ပုံတွေနီးပါး ဖုန်းနဲ့လုပ်လို့ရတာကြောင့် တော်တော်လေး အဆင်ပြေပါတယ်။ ဒါ့အပြင် အသုံးပြုရတာ ရိုးရှင်းပြီး Tools ကောင်းကောင်းတွေကို သင်အသုံးပြုရတာ ကျေနပ်မှာ ဖြစ်ပါတယ်။ ပုံကို Crop  လုပ်တာနဲ့ black and white လုပ်လို့ရတာတွေကိုတော့ အထူးတစ်လည် ပြောစရာမလိုတော့ပါဘူး။ Healing လုပ်တယ်ဆိုတာက Photoshop သုံးတဲ့လူတွေအတွက်တော့ အထူးတစ်လည်ပြောစရာမလိုပေမယ့် ဖုန်းသုံးတဲ့လူတွေအတွက်တော့ Tool ကောင်းကောင်းတစ်ခု ပိုင်ဆိုင်ရသလိုပါပဲ။ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ သင့်ပုံထဲက Background မှာတစ်ခုခုကို ဖျောက်ချင်တာဖြစ်ဖြစ် Background ကို ပြန်ညှိတာဖြစ်ဖြစ် လုပ်ဆောင်လို့ရတာကြောင့် တော်တော်အသုံးဝင်ပါတယ်။

နောက်တစ်ခုက​ သင် edit လုပ်နေရင်းနဲ့ မှားသွားရင် အရင်အဆင့်ကို ပြန်သွားလို့ရတဲ့ undo အဆင့်ကိုပြန်သွားလို့ရတာကြောင့် correction လုပ်ရတာ လွယ်ပါတယ်။ အမှားလုပ်မိမှာလည်း ပူစရာမလိုတော့သလို သင်လိုချင်တဲ့ပုံကို အသေးစိတ် ပြင်လို့ရပါတယ်။ အခုပြောပြတာထက် ပိုစုံတဲ့ function တွေကို သုံးကြည့်ချင်ရင်တော့ Google ရဲ့ snapseed ကိုအခုပဲ down လိုက်ပါ။

Win Thet Oo
Think Different! Do what you love! Love what you do!

Tesla ရဲ့ အလိုအလျောက်မောင်းနိုင်တဲ့ ကိုယ်ပိုင် Chipset အသစ်။

Previous article

iPhone စွဲနေသူတွေကို သတိပေးလိုက်တဲ့ Apple CEO Tim Cook

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android