Windows Explorer မှာ Android Icon, iOS Icon တွေကို ပေါ်အောင်လုပ်နည်း

0
1149
Windows Explorer မှာ Android Icon, iOS Icon တွေကို ပေါ်အောင်လုပ်နည်း

ပုံမှန်အားဖြင့် Windows explorer မှာ Mobile application တွေရဲ့ Icon တွေကို မမြင်ရပါဘူး။ ဒါကြောင့် နာမည်သာ မပေးထားရင် ဘာ Application ဆိုတာ မသိရပါဘူး။ ဒါဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့် ပုံမှန်လို့ ပြောရတာလည်းဆိုရင်တော့ Windows မှာ Windows default program တွေကလွဲရင် ကျန်တာအကုန်လုံးက Reader, Player, Viewer တွေလိုပါတယ်။ အဲဒီ Reader, Player, Viewer တွေကသာ သူတို့နဲ့ သက်ဆိုင်တဲ့ ဖိုင်တွေကို Icon ပြောင်းလဲ သတ်မှတ်ပေးပါတယ်။ Mobile application တွေလည်း အတူတူပါပဲ။ Android ရဲ့ apk တွေ၊ iOS ရဲ့ ipa တွေကို မြင်ရဖို့ဆိုရင် သူတို့ကို ဖတ်တဲ့ Application ရှိမှ ရမှာပါ။ ဒါမှမဟုတ် ကြည့်လို့ရအောင် Plugin ပုံစံမျိုး ထည့်ထားပေးမှ ရမှာပါ။ ဒီတော့ ကျွန်တော် ဒီဆောင်းပါးမှာ apkshellext2 ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ApkShellExt2

ApkShellExt2 ဆိုတာ Mobile application icon တွေကို Windows ပေါ်မှာ မြင်တွေ့ရဖို့ ပြုလုပ်ထားတဲ့ Program တစ်ခုလို့ ဆိုနိုင်ပါတယ်။ ApkShellExt2 ကို Install လုပ်ထားမယ်ဆိုရင် .apk (Android), .ipa (iOS), .appx/.appxbundle (Windows phone) တို့ရဲ့ Icon တွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ပြောင်းတာတွေကိုလည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ Application ရဲ့ အချက်အလက်တွေကိုလည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်။

လိုအပ်ချက်များ

ApkShellExt2 ကို သုံးမယ်ဆိုရင်တော့ လိုအပ်ချက်တွေအနေနဲ့ .NET framework လိုအပ်မှာ ဖြစ်ပါတယ်။
ApkShellExt2 နောက်ဆုံး ဗားရှင်းကို ရယူဖို့အတွက် Official site ဖြစ်တဲ့ www.apkshellext.com မှာ ရယူနိုင်ပါတယ်။ Official site မှာ ရယူဖို့ အဆင်မပြေသူများအတွက် ဒီမှာ ရယူနိုင်ပါတယ်။ ရယူပြီးသွားပြီဆိုရင် Zip ဖိုင်ကို ဖြည်လိုက်ပါ။ ပြီးပါက Install လုပ်မယ်ဆိုရင် install.bat ကို Run လိုက်ပါ။

အောက်ပါပုံအတိုင်း Command Prompt တက်လာပြီး Any press key to continue… ဖြစ်တဲ့အထိ စောင့်ပြီး Any press key to continue… တက်လာပါက Keyboard ခလုတ် တစ်ခုခုကို နှိပ်လိုက်ပါ။ ဒါဆို Command Prompt ပိတ်သွားပါလိမ့်မယ်။ ဒါဆိုရင် Install လုပ်တာ ပြီးသွားပါပြီ။ Mobile application တွေထားတဲ့ Folder ကိုဖွင့်ကြည့်လိုက်ပါ။ Icon တွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Uninstall လုပ်မယ်ဆိုရင်

Uninstall လုပ်မယ်ဆိုရင်တော့ Zip ဖြည်ထားတဲ့ Folder ထဲမှာ uninstall.bat ကို ရှာပြီး Run လိုက်ပါ။ Run နေတဲ့အချိန်မှာ Windows ရဲ့ Explorer ကို ပိတ်ထားဖို့ လိုမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.