You are here
Home > PC & Mobile > Android > ကလေးငယ် ရှိတဲ့ မိဘတွေအတွက် Screen Lock Timer

ကလေးငယ် ရှိတဲ့ မိဘတွေအတွက် Screen Lock Timer

Screen Lock Timer

Screen lock timer ဟာ Android app တစ်ခု ဖြစ်ပါတယ်။ ဒီ App လေးကို ကလေးရှိတဲ့ မိဘတွေ ရည်ရွယ်ပြီးတော့ မျှဝေပေးလိုက်ပါတယ်။ ခုခေတ် ကလေးတွေကို Smartphone သာ ပေးလိုက် ငြိမ်ဆေး ကျွေးလိုက်သလိုပါပဲ။ ဒါဟာ ကောင်းသလားဆိုတော့ ကောင်းတဲ့အချက်လည်း ရှိသလို မကောင်းတဲ့အချက်လည်း ရှိပါတယ်။ အဲဒီအတွက် ကျွန်တော် ဆောင်းပါးတစ်ပုဒ် မျှဝေပေးထားပါသေးတယ်။ ကလေးကိုု ဖျက်ဆီးချင်ရင် စမတ်ဖုုန်းလေး ပေးလိုုက်ပါ ဆိုတဲ့ ဆောင်းပါးလေးပဲ ဖြစ်ပါတယ်။

Screen Time ကို အချိန်နဲ့ သတ်မှတ်လိုက်ပါ

ကလေးတွေကို ဖုန်းပေးသုံးပြီးရင် ပြန်တောင်းတဲ့အခါမှာ မိဘတွေနဲ့ ပြဿနာဖြစ်လေ့ ရှိပါတယ်။ ဘယ်ကလေးမှ လိုလိုလားလား သိပ်မပေးချင်ပါဘူး။ ဒါကြောင့် ဖုန်းကို အချိန်နဲ့ ပေးသုံးပြီး အချိန်ပြည့်တဲ့အခါမှာ Auto screen lock ဖြစ်စေတဲ့ Screen lock timer app ကို မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ App သုံးတဲ့အခါ Screen lock တွေကို PIN, Password, Pattern lock တွေ ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Screen lock timer app ဟာ သုံးရတာ လွယ်ကူ ရိုးရှင်းလှပါတယ်။

Screen Lock Timer Download

Google Play Store | APKPure

Screen Lock Timer အသုံးပြုနည်း

Screen lock timer ကို သွင်းပြီးပါက Lock Timer ဆိုတဲ့ Icon လေး ပေါ်လာမှာ ဖြစ်ပါတယ်။ Icon လေးကို နှိပ်လိုက်တဲ့အခါ အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါက ဖွင့်ဖွင့်ချင်း Disable ဖြစ်နေတဲ့ ပုံကို မြင်ရမှာ ဖြစ်ပါတယ်။ သူ့ကို Device administrator access ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်းထားတဲ့ အမဲရောင် ခလုတ်လေးကို နှိပ်လိုက်ပါ။ ဒါဆို Enable ကို ပြောင်းသွားပြီး အောက်ပါ ပုံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Enable ကို နှိပ်လိုက်တဲ့အခါမှာ Activate device administrator မှာ Activate လုပ်ပေးရမှာ ဖြစ်ပါတယ်။ Activate လုပ်ပြီးတဲ့အခါမှာတော့ အောက်ပါ ပုံအတိုင်း Enable အမြဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ Disable ဖြစ်သွားတဲ့အခါ အပေါ်က Enable ပြုလုပ်တဲ့ ပုံစံအတိုင်း ပြန်ပြီးတော့ Device administrator မှာ Activate ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် Setup အနေနဲ့ ပြီးသွားပါပြီ။ အချိန်သတ်မှတ်ဖို့အတွက် mins နေမှာမှာ အသုံးပြုစေချင်တဲ့ မိနစ်ကို ရိုက်ထည့်ပြီး အစိမ်းရောင် Activate ခလုတ်ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရောင် Activate ခလုတ်ကို နှိပ်ပြီးတဲ့အခါမှာ ပြန်ပြင်လို့မရတော့ပါဘူး။ Exit ကိုလည်း နှိပ်လို့ရတော့မှာ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားမှ Activate ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိမ်းရောင် Activate ခလုတ်ကို နှိပ်ပြီးတဲ့အခါ ဖုန်းရဲ့ Home key ကိုသာ နှိပ်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားတဲ့အခါ Screen က အလိုအလျှောက် ပိတ်သွားမှာ ဖြစ်ပါတယ်။

[Unicode]

Screen Lock Timer




Screen Lock Timer Download

Google Play Store | APKPure






Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top