You are here
Home > PC & Mobile > Android > Samsung Galaxy S9

Samsung Galaxy S9

Samsung Galaxy S9

Price

1,090,000 MMK

အားသာချက်

Screen Resolution မြင့်မားတဲ့အတွက် မြင်ကွင်းပိုင်းမှာ ကြည်လင် ကောင်းမွန်မှုရှိခြင်း၊ ကင်မရာရဲ့ စွမ်းဆောင်ရည် မြင့်မားကောင်းမွန်ခြင်း၊ ဖုန်းမှာ လုံခြုံရေး အသုံးပြု စနစ်တွေ စုံလင်စွာပါဝင်ခြင်း၊ ရေစိုဒဏ်ခံနိုင် ခြင်း အစရှိတဲ့ အချက်တွေက ဒီဖုန်းရဲ့ အဓိက အားသာချက်တွေလို့ဆို နိုင်ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ မှတ်ဉာဏ်ပိုင်းနဲ့ CPU, GPU ပိုင်း တွေမှာ မြင့်မားကောင်းမွန်တဲ့ အချက်ကလည်း ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေလို့ ဆိုရမှာပါ။ Bixby စနစ်နဲ့ အားသွင်းနှုန်းမြန်ဆန်တဲ့ First Battery Charging စနစ်တွေလည်း ပါဝင်ပါတယ်။

အားနည်းချက်

Dual Sim ဖုန်းအမျိုးအစားဖြစ်ပေမယ့် SD Card အသုံးပြုမယ်ဆိုရင် တော့ Sim Card တစ်ကတ်ပဲ အသုံးပြုနိုင်မှာပါ။ ဒီဖုန်းမှာ FM Radio စနစ်လည်း ပါဝင်တာမတွေ့ရပါဘူး။ FM Radio စနစ်က USA & Canada only လို့ဖော်ပြထားပါတယ်။ Face Recognition စနစ်ပါဝင်ပေမယ့် ဒီစနစ်က သိပ်ပြီး တိကျမှု မရှိသေးတာတွေ့ရပါတယ်။

ဒီဇိုင်း

Galaxy S9 ဟာဒီဇိုင်းပိုင်းမှာ လှပသေတဲ့ဖုန်းဖြစ်ပါတယ်။ ရှေ့မျက် နှာပြင် အပြည့်ပုံစံမျိုးဖြစ်ပြီး မျက်နှာပြင်ရဲ့ ဘေးဘက်အနားတွေက လည်း EDGE Screen ပုံစံမျိုး ထောင့်ကွေးလေးတွေ ပြုလုပ်ထားတာဖြစ် ပါတယ်။ ရှေ့ဘက်မြင်ကွင်းကို Gorilla Glass 5 နဲ့ ပြုလုပ်ပေးထားပြီး ရေစိုခံခြင်းအဆင့် ကလည်း IP68 ရှိပါတယ်။ ရှေ့မျက်နှာပြင်အောက် ခြေမှာ Home Button ကို 3D Touch စနစ်နဲ့ပြုလုပ်ပေးထားပြီး Finger prtint Sensor ကိုတော့ ကျောဘက်ကာဗာပေါ်မှာ ကင်မရာနဲ့အတူ အထက်အောက် တပ်ဆင်ပေးထားပါတယ်။ Sim Slot က ဖုန်းရဲ့အပေါ် ထိပ်ဘက်ပိုင်းမှာတပ်ဆင်ထားပါတယ်။ ညာဖက်မှာတော့ ပါဝါ Button တစ်ခုတည်းပဲ ရှိပြီး ဘယ်ဖက် ဘေးဘောင်မှာတော့ အသံအတိုးအကျယ် ခလုတ်နဲ့ Bixby အတွက် ကီးတစ်ခုကို တပ်ဆင် ပေးထားပါတယ်။ ပုံစံ ဒီဇိုင်းလှပပြီး ကိုင်တွယ်အသုံးပြုရတာ လက်နဲ့ အံဝင်ခွင်ရှိနေပေမယ့် အလေးချိန် အနည်းငယ်ရှိတယ်လို့ ခံစားရစေပါတယ်။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၅.၈ လက်မရှိတဲ့ Super AMOLEDScreen ကိုအသုံးပြုထားပြီး Resolution ကတော့ 1440 x 2960 pixels, 18:9 ratio ရှိပါတယ်။

နည်းပညာ

ကင်မရာပိုင်းမှာ Super Slomotion စနစ်အပြင် AR EMOJI ဆိုတဲ့ စနစ်ပါဝင်လာတာတွေ့ရပါတယ်။ AR EMOJI ဆိုတဲ့ စနစ်ကတော့ဖုန်း အသုံးပြုတဲ့သူက ဓာတ်ပုံတစ်ပုံကို ကိုယ်တိုင် ရိုက်ပြီး EMOJI ပုံစံ GIF နဲ့ စတေကာလေးတွေ ပြုလုပ်နိုင်ပါတယ်။ ဒီဖုန်းက Screen Resolution အရမ်းမြင့်တဲ့ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ ဘက်ထရီအသုံးပြုနှုန်းကိုလျှော့ ချ နိုင်ဖို့အတွက် Screen Resolution ကိုလည်း ကိုယ့်စိတ်ကြိုက်ချိန်ညှိပြီး သုံးနိုင်ဖို့ ပြုလုပ်ပေးထားတာတွေ့ရပါတယ်။ Chat App တွေကိုအ ကောင့်နှစ်ခုစီ ခွဲသုံးနိုင်မယ့် Dual Messenger, App နှစ်ခု တစ်ပြိုင် တည်းသုံးနိုင်မယ့် Multi Windows, Always On Display စနစ်တွေအ ပါအဝင် အခြားနည်းပညာပိုင်းအသုံးပြု စနစ်တွေ အများအပြားပါဝင်တာတွေ့ရမှာပါ။

သုံးသပ်ချက်

ဒီဖုန်းဟာ နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ဖုန်းရဲ့ လုံခြံုရေးအသုံးပြုစနစ်အတွက် Fingerprint စနစ်၊ Iris Scanner, Face Recognition အစရှိတဲ့စနစ်တွေ အစုံအလင်ပါဝင်ပေမယ့်လည်း Face Recognition ကိုတော့ ဒီဖုန်းမှာအ သုံးပြုမယ်ဆိုရင် ကိုယ်ပိုင်အချိန်တွေလောက်မှာပဲ အသုံးပြုပြီး ကျန်တဲ့ အချိန်တွေမှာ ပိတ်ထားသင့်ပါတယ်။ ကင်မရာပိုင်း၊ CPU ပိုင်း၊ GPU ပိုင်းတွေမှာကောင်းမွန်တဲ့ဖုန်းဖြစ်ပြီး ဖုန်းရဲ့ Settings ပိုင်းမှာလည်းအသုံး ပြုနိုင်တဲ့စနစ်တွေ စုံစုံလင်လင်ပါဝင်တာတွေ့ရမှာပါ။ ဖုန်းမှာသုံးထား တဲ့ ဘက်ထရီက ဖုန်း Screen Resolution နဲ့ယှဉ်လိုက်ရင် နည်းနေတယ် လို့ ထင်ရပေမယ့်လည်း ဖုန်းကို Standby အခြေအနေနဲ့ Always On Display ဖွင့်ထားရင်တောင် နှစ်ရက် သုံးရက်လောက် ထားနိုင်ပါတယ်။ တန်ဖိုးမြင့်ဖုန်းဖြစ်တဲ့အတွက် စျေးကတော့ မြင့်မားနေမှာဖြစ်ပြီး ဖုန်းရဲ့ Screen မြင်ကွင်းပိုင်း၊ ပုံစံဒီဇိုင်းပိုင်းနဲ့ Feature ပိုင်းတွေက သုံးချင်စရာပါပဲ။

  • Network – GSM – 2G/ 3G/ 4G
  • SIM – Dual SIM (Nano Sim Dual Standby)
  • OS – Android 8.0
  • CPU – Octa-core (4×2.7 GHz & 4×1.8 GHz)
  • GPU – Mali-G72 MP18
  • Memory – Internal 64GB, 4GB RAM , Micro SD 400GB
  • Camera – 12 MP (f/1.5-2.4, 26mm, 1/2.5″, 1.4 µm, Dual Pixel PDAF), phase detection autofocus, OIS, LED flash, Geo-tagging, simultaneous 4K video and 9MP image recording, touch focus, face/smile detection, Auto HDR, dual-video rec, 8
  • MP (f/1.7, 25mm)
  • Wi-Fi – 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot
  • Bluetooth – 5.0, A2DP, LE, aptX
  • Battery – Li-Ion 3000 mAh Battery

Samsung Galaxy S9 star rate

သူတို့အမြင့်

ကိုစိုင်းထွဋ်ဇော် (စမ်းသပ်အသုံးပြုသူ)

တန်ဖိုးမြင့်ဖုန်းဆိုတော့လည်း ဖုန်းမှာတော့ အချက်အလက်တွေ ကတော့ သိပ်ပြီးပြောစရာမရှိပါဘူး။ ကင်မရာပိုင်းကလည်းကောင်း ပါတယ်။ ဒါပေမယ့် နောက်ဘက်ကင်မရာတွေ နှစ်လုံး ထည့်လာကြ တဲ့အချိန်မှာ ဒီဖုန်းက တစ်လုံးတည်းပဲ သုံးနေသေးတာကိုတော့ နည်းနည်းအံ့သြမိတယ်။ Screen ကတော့ တော်တော်လေးကောင်းတာ တွေ့ရတယ်။ Screen Resolution ကိုစိတ်ကြိုက်ချိန်ပြီး သုံးလို့ရအောင် လုပ်ပေးထားတဲ့ ပုံစံကလည်း ကောင်းပါတယ်။ မြင်ကွင်းပိုင်းကတော့ အကောင်းဆုံးလို့ ပြောလို့ရတယ်။ ဒီဇိုင်းနဲ့ ပုံစံကလည်း တော်တော်လေး ကောင်းပါတယ်။ အဓိကကတော့ နောက်ဘက်ကင်မရာ တစ်လုံးတည်းပါပြီး စျေးနှုန်းက မြင့်နေတယ်လို့တော့ မြင်မိတယ်။

ကိုအာကာစိုး (စမ်းသပ်အသုံးပြုသူ)

မျက်နှာပြင်အပြည့်ပုံစံနဲ့ ရှေ့ဘက်မြင်ကွင်းပိုင်းက တော်တော်လေးကောင်းတာ တွေ့ရတယ်။ Screen Resolution ကတော်တော် လေးမြင့်တော့ မြင်ကွင်းကြည့်ရတာ ကြည်လင်နေတယ်။ ကင်မရာ ကလည်းတော်တော်လေး ကောင်းပါတယ်။ နောက်ပိုင်းထွက် ဖုန်းတွေလိုမျိုး ကင်မရာနှစ်လုံးနဲ့ Dual ကင်မရာ ပုံစံထွက်လာရင် ဒီထပ်ပိုပြီး ကောင်းမယ်လို့ ခံစားရတယ်။ ပြီးတော့ ကင်မရာနှစ်လုံး ပါလာရင် သူ့ရဲ့စျေးကိုလည်း များတယ်လို့ ပြောဖို့နည်းနည်း ခက်သွားနိုင်တယ်။ ခုတော့ စျေးကနည်းနည်းမြင့်သလို မြင်တယ်။ ဖုန်းထဲမှာပါတဲ့ Feature တွေက စုံတယ်လို့ ဆိုပေမယ့်လည်း အရမ်းထူးခြားသွားတာတော့ သိပ်မတွေ့မိဘူး။ ကင်မရာမှာ ပါလာတဲ့ AREMOJI ဆိုတဲ့ စနစ်ကိုတော့ သဘောကျတယ်။

မအေမီ (စမ်းသပ်အသုံးပြုသူ)

ကင်မရာမှာပါတဲ့ AREMOJI ကို အရမ်းသဘောကျတယ်။ ကိုယ့် ပုံနဲ့ Gif ဖိုင်လေးတွေ Gif message လေးတွေ လုပ်လို့ရတာကို သဘောကျတယ်။ ကင်မရာက ဓာတ်ပုံရိုက်တဲ့ အချိန်မှာလည်းပုံထွက် တော်တော်လေး ကောင်းပါတယ်။ Screen ကလည်းအရမ်း ကောင်းတော့ ဓာတ်ပုံတွေကြည့်ရတာ၊ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစား ရတာ အရမ်းကောင်းပါတယ်။ ဖုန်းကို သုံးရတာလည်း ပေါ့ပေါ့ပါးပါး နဲ့ မြန်မြန်ဆန်ဆန်ရှိတယ်။ ဒီဇိုင်းကလည်း လှတယ်။

-ကိုသက်

အင်တာနက်ဂျာနယ် မှ ကူးယူ ဖော်ပြသည်

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top