HardwarePC & MobileProduct ReviewsTech News

Samsaung က smart home accessories တွေ မိတ်ဆက်။

0

ဒီနေ့ခေတ်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ ထမင်းပေါင်းအိုး၊ မီးသီး၊ လုံခြုံရေး ကင်မရာတွေကလည်း မရှိဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်လာပါတယ်။ တရုတ် company ဖြစ်တဲ့ xiaomi က​ လျှပ်စစ်အိမ်သုံးပစ္စည်းတွေကအစ ထုတ်လာပြီး တစ်ကမ္ဘာလုံးက smart home accessories စျေးကွက်ကို သိမ်းထားပါတယ်။ Smsaung ကလည်း အားကျမခံ အိမ်သုံးsmart accessories တွေကို မိတ်ဆက်လိုက်ပါတယ်။

လုံခြုံရေ့းအတွက်သုံးတဲ့ SmartThings Cam ကိို $89.99, wifi smart plug ကို $17.99, smart မီးသီးကိုတော့ $9.99 နဲ့ မိတ်ဆက်လိုက်ပါတယ်။ Samsaung smart accessories တွေကို အသုံးပြုဖို့အတွက် smart things hub တစ်ခုလိုအပ်ပါတယ်။ Cam နဲ့ Smart Plug ကို အသုံးပြုဖို့အတွက်တော့ smart things hub မလိုအပ်ပါဘူး။ Smart Bulb ကို အသုံးပြုဖို့အတွက်က smart things hub လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မီးအရောင် အမှိန်အလင်းနဲ့ အခြားfunction တွေကို အသုံးပြုဖို့အတွက် connection လိုအပ်တာကြောင့် ဖြစ်ပါတယ်။

Smart Cam ရဲ့ စျေးနှုန်းက Amazon ကထုတ်တဲ့ Nest Cam ထက်စျေးသက်သာပြီး Full HD camera ရပါတယ်။ Night Vision, Person detection နဲ့ ၁၄၅ဒီဂရီ လှည့်နိုင်တာကြောင့် သင့်အိမ်လုံခြုံရေးအတွက် စိတ်ချရပါတယ်။ ဗီဒီရိုတွေကို သိမ်းဆည်းနိုင်ဖို့အတွက်တော့ cloud feature လိုအပ်ပါတယ်။ Samsaung Cloud system ကို subscribe လုပ်မယ်ဆိုရင်တော့ တစ်လကို ၈​ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။ ဗီဒီရိုတွေကိုတော့ သင်နှစ်သက်ရာဖုန်းနဲ့ TV တွေမှာ ပြန်ကြည့်ရှုနိုင်ပါတယ်။

Samsaung Company က​ အခြားလျှပ်စစ်ပစ္စည်း companies တွေအတွက် ပစ္စည်းတွေထုတ်ပေးတဲ့ third parties company အဖြစ်လည်း နာမည်ကြီးပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်တိုင် ပစ္စည်းတွေထုတ်လာပြီး smart accessories လောကထဲပါ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် xiaomi လို budget gadgets ပစ္စည်းတွေနဲ့တော့ မယှဉ်နိုင်သေးပါဘူး။ ျ

Win Thet Oo
Think Different! Do what you love! Love what you do!

iPad သက်တမ်းတစ်လျှောက်မှာ စျေးအသက်သာဆုံးနဲ့ ရနိုင်မယ့် iPad Pro နဲ့ အခြား gadgets များ

Previous article

Google Drive ကို offline သုံးနိုင်အောင် Google က စမ်းသပ်မှုပြုလုပ်။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware