InternetPC & MobileSecurity

မှိုလိုပေါက်လာတဲ့ အတင်းအဖျင်း Website များနှင့် Internet Banking အတွက် အန္တရာယ်

0
မှိုလိုပေါက်လာတဲ့ အတင်းအဖျင်း Website များနှင့် Internet Banking အတွက် အန္တရာယ်

Zawgyi Version

ရပ်ကွက်ထဲမှာ တစ်အိမ်တက် တစ်အိမ်ဆင်း အတင်းပြောတဲ့ လူမျိုးတွေကို လူတိုင်းသိမှာပါ။ အဲလိုပဲ အင်တာနက်ပေါ်မှာလဲ အဲလို ဝဘ်ဆိုက်မျိုးတွေ မှိုလိုပေါက်လို့လာနေပါတယ်။

နောက်တစ်ခုက အဲလို Website တွေမှာ အန္တရာယ်ရှိတဲ့ ကြော်ငြာတွေ ထည့်သွင်းထားတတ်ကြပါတယ်။ အဲဒီ ကြော်ငြာ Script တွေကနေ တဆင့် Attacker တွေက မိမိ PC, Mobile device တွေကို malicious code တွေ၊ Virus ၊ Malware တွေ ဖြန့်လေ့ ရှိပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ Login ပြုလုပ်ထားတဲ့ အချက်အလက်တွေ သိမ်းထားတဲ့ Cookie တွေကို ရယူသွားနိုင်ပါတယ်။ Internet Banking အသုံးပြုသူတွေ အနေနဲ့ ပိုပြီး သတိထားဖို့လိုအပ်ပါတယ်။

ပြီးတော့ အဲဒီက သတင်းတွေက လူစိတ်ဝင်စားဖို့ သက်သက်ရေးတင်နေတဲ့ သတင်းတွေများပြီး တိကျမှန်ကန်မှု နည်းပါးပါတယ်။

ဒါကြောင့် အဲဒီလို ဝဘ်ဆိုက်တွေကို ဝင်ကြည့်မယ်ဆိုရင် သတိထားဖို့ လိုအပ်ပါတယ်။ PC, Mobile device တွေမှာ ဝဘ်ဆိုက်တွေကို စောင့်ကြည့်ပေးနိုင်တဲ့ Antivirus ကို ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

အဲဒီလို Antivirus တွေ ထည့်သွင်းထားခြင်းဖြင့် ဝဘ်ဆိုက်က Malicious code တွေကို စစ်ပေးပြီး အန္တရာယ် ရှိတဲ့ ဝဘ်ဆိုက်တွေဆိုရင်တော့ ကြည့်ရှုလို့ မရအောင် Block ပြုလုပ်ပေးပါတယ်။ ခုခေတ် Antivirus တော်တော်များများက အဲဒီ စနစ်တွေ ပါရှိပြီး ဖြစ်ပါတယ်။ Antivirus ထည့်သွင်းထားပြီး မပြီးသေးပါဘူး။ Database update ကို အမြဲလုပ်ပေးဖို့ လိုအပ်ပါတယ်။

Unicode Version






Sony Xperia XA1 Dual Review By MS Mobile Store

Previous article

MICROSOFT ရဲ့ WINDOWS 10 S အကြောင်း သိထားသင့်သမျှ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet