FinanceInternet

Shop.com.mm မှ ပစ္စည်းတွေကို ရောင်းပြီး ကော်မရှင်ရယူမယ်

0
Shop.com.mm မှ ပစ္စည်းတွေကို ရောင်းပြီး ကော်မရှင်ရယူမယ်
Shop.com.mm မှ ပစ္စည်းတွေကို ရောင်းပြီး ကော်မရှင်ရယူမယ်

Shop.com.mm မှ ပစ္စည်းတွေကို ရောင်းပြီး ကော်မရှင်ရယူမယ်

S Force သည် Sales Force ၏ အတိုကောက်ဖြစ်ပြီး လွတ်လပ်စွာရောင်းနိုင်ပြီး ဝင်ငွေရယူနိုင်သော အစီအစဉ်တစ်ခုဖြစ်သည်။ S Force ၏ အဓိကရည်ရွယ်ချက်သည် ကျောင်းသားများနှင့် အချိန်ပိုင်းဝန်ထမ်းများကို လုပ်ငန်းအတွေ့အကြုံနှင့် အပိုဝင်ငွေပေးရန်ဖြစ်သည်။ လွန်ခဲ့သောလအနည်းငယ်ခန့်က ၎င်းအစီအစဉ်ကို Shop.com.mm မှ စတင်လုပ်ဆောင်ခဲ့ပြီး ယခုတွင် ရန်ကုန်၊ မန္တလေးနှင့် အခြားသောနယ်များ၌ S-Force ကို အသုံးပြုသူများ ပိုမိုကျယ်ပြန့်လာပြီ ဖြစ်သည်။

S Force သည် လူတိုင်းအပိုဝင်ငွေ ရှာနိုင်ရန်အတွက် အခွင့်အရေးကိုဖန်တီးခြင်းဖြစ်ပြီး နည်းလမ်းသစ်ဖြင့် ဝင်ငွေရှာနိုင်ရန် ဖြစ်ပါသည်။ ကျွနိုပ်တို့ S-Force သည် ရွေးချယ်ထားသောကျောင်းသားများကို အော်ဒါတင်နိုင်ရန်အတွက် ကိုယ်ပိုင်အကောင့်များကို ပြုလုပ်ပေးပါသည်။ ထိုအကောင့်များဖြင့် Shop.com.mm တွင် အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ကြသည်။ Shop.com.mm ၏ လုပ်ဆောင်ပုံအားလုံးကို သင်တန်းပို့ချမှုခံယူပြီးသူများအနေဖြင့် Mobile ဖုန်းဖြင့်သော်လည်းကောင်း၊ ကွန်ပျူတာ၊ လက်ပ်တော့ အစရှိသည်တို့ဖြင့်သော်လည်းကောင်း လွတ်လပ်စွာရောင်းချနိုင်ပါသည်။

Shop ကိုယ်စားလှယ်များသည် Shop.com.mm မှ ရရှိသည့် ပစ္စည်းအားလုံးကို မိမိတို့၏ ဝယ်ယူသူများအစား အော်ဒါတင်ပေးရမည်ဖြစ်ပြီး ရောင်းရသည့် ပစ္စည်းတစ်ခုချင်းအပေါ်တွင် ကော်မရှင်ခံစားခွင့် ရှိပါသည်။ S-Force သည် Shop Ambassadors များကို လုပ်ခလစာအဖြစ် ကော်မရှင်နှင့် လုပ်ရည်ကိုင်ရည်အပေါ်မူတည်ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာကို ကမ်းလှမ်းသွားပါမည် ကိုယ်စားလှယ်များသည် မိမိ၏ ကိုယ်ပိုင်အကောင့်ဖြင့် အော်ဒါတင်ရုံသာဖြစ်ပြီး Shop.com.mm မှ ကော်မရှင်များကို တွက်ချက်ပေးမည်ဖြစ်ပါသည်။ တွက်ချက်ပေးပြီးပါကအကြောင်းကြားမည်ဖြစ်ပြီး ရုံးသို့ ငွေလာထုတ်နိုင်သည် သို့မဟုတ် ဘဏ်သို့ ငွေလွှဲပေးပါသည်။ Sales training များကိုလည်း အခမဲ့သင်တန်းပေးမည်ဖြစ်ပြီး Rocket Internet နှင့် Shop.com.mm မှ Certificate ကို ပေးသွားမည်ဖြစ်ပါသည်။ Shop.com.mm မှသတင်းထုတ်ပြန်ချက် အကျ ိုးကျေးဇူးများ ယှဉ်ပြ ိုင်မှုများသော ယနေ့ခေတ်ကြီးတွင် အလုပ်ကောင်းတစ်ခုရရန် အရည်အသွေးမြှင့်တင်ပေးသည့် သင်တန်းပို့ချမှုများကို အမှန်တကယ်ပင် လိုအပ်ပါသည်။ ယခုအခွင့်အလမ်းတွင် ကျောင်းသားများ အနေဖြင့်လည်း တန်ဖိုးမဖြတ်နိုင်သော ကျွမ်းကျင်မှုများကို သင်ယူနိုင်ရုံသာမက ထင်ရှားကျော်ကြားသော ကုမ္ပဏ မှ certificate ကိုလည်း ရရှိမည်ဖြစ်ပါသည်။

လက်မလွှတ်သင့်သော အခွင့်အရေးဖြစ်သည့်အပြင် သင်တို့၏ CV များတွင်လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံများကို ဖြည့်စွက်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း သစ်များစွာကိုရရှိ နိုင်ပါသည်။ ကျွနိုပ်တို့၏ အရောင်းကိုယ်စားလှယ်များသည် E-commerce နှင့်ပါတ်သက်သောလုပ်ငန်းများတွင်ကြိုးစားအားထုတ်ခြင်းဖြင့်အကျ ိုးကျေးဇူးများကို ခံစားရပါမည်။ အချုပ်အားဖြင့်ဆိုသော် ကိုယ်စားလှယ်အဖြစ်လျှောက်ထားသူများသည် sales training များ၊ အခြေခံလစာအဖြစ်ကော်မရှင်များရရှိခြင်းနှင့် Shop ၏ Offline Activities များတွင်ပါဝင်ခြင်းဖြင့် ဝင်ငွေများ ရယူနိုင်ခြင်း စသည့်အကျ ိုးကျေးဇူးများကို ခံစားရပါမည်။ ၎င်းနည်းလမ်းများနှင့်အတူ တကယ့်လက်တွေ့ အလုပ်အတွေ့အကြုံများကို ရရှိ စေမည့်အပြင် တန်ဖိုးရှိသည့် အရည်အချင်းများကိုလည်း ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ အသင်းဝင်ကြေးပေးစရာမလို ၊ risk လည်းယူစရာမလို ၊ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်မည့်အပြင် အလွန်ကောင်းမွန်သည့်အကျ ိုးခံစားခွင့်များရရှိမှာ ဖြစ်ပါသည်။

Shop.com.mm မှ သတင်းထုတ်ပြန်ချက် အကျိုးကျေးဇူးများ ယှဉ်ပြိုင်မှုများသော ယနေ့ခေတ်ကြီးတွင် အလုပ်ကောင်းတစ်ခုရရန် အရည်အသွေးမြှင့်တင်ပေးသည့် သင်တန်းပို့ချမှုများကို အမှန်တကယ်ပင် လိုအပ်ပါသည်။ ယခုအခွင့်အလမ်းတွင် ကျောင်းသားများ အနေဖြင့်လည်း တန်ဖိုးမဖြတ်နိုင်သော ကျွမ်းကျင်မှုများကို သင်ယူနိုင်ရုံသာမက ထင်ရှားကျော်ကြားသော ကုမ္ပဏီ မှ certificate ကိုလည်း ရရှိမည်ဖြစ်ပါသည်။ လက်မလွှတ်သင့်သော အခွင့်အရေးဖြစ်သည့်အပြင် သင်တို့၏ CV များတွင်လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံများကို ဖြည့်စွက်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း သစ်များစွာကိုရရှိ နိုင်ပါသည်။ ကျွနိုပ်တို့၏ အရောင်းကိုယ်စားလှယ်များသည် E-commerce နှင့်ပါတ်သက်သောလုပ်ငန်းများတွင်ကြိုးစားအားထုတ်ခြင်းဖြင့်အကျိုးကျေးဇူးများကို ခံစားရပါမည်။

အချုပ်အားဖြင့်ဆိုသော် ကိုယ်စားလှယ်အဖြစ်လျှောက်ထားသူများသည် sales training များ၊ အခြေခံလစာအဖြစ်ကော်မရှင်များရရှိခြင်းနှင့် Shop ၏ Offline Activities များတွင်ပါဝင်ခြင်းဖြင့် ဝင်ငွေများ ရယူနိုင်ခြင်း စသည့်အကျ ိုးကျေးဇူးများကို ခံစားရပါမည်။ ၎င်းနည်းလမ်းများနှင့်အတူ တကယ့်လက်တွေ့ အလုပ်အတွေ့အကြုံများကို ရရှိ စေမည့်အပြင် တန်ဖိုးရှိသည့် အရည်အချင်းများကိုလည်း ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ အသင်းဝင်ကြေးပေးစရာမလို ၊ risk လည်းယူစရာမလို ၊ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်မည့်အပြင် အလွန်ကောင်းမွန်သည့်အကျ ိုးခံစားခွင့်များရရှိမှာ ဖြစ်ပါသည်။

S Force နှင့်ပါတ်သက်သည့်အသေးစိတ် အချက်အလက်များကို 09784230709 နှင့် [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Shop.com.mm ရဲ့ S-Force ကိုလေ့လာချင်တယ်ဆိုရင် ဒီမှာနှိပ်ပါ။ သို့မဟုတ် ဒီမှာ PDF ကို ရယူပါ

Shop.com.mm ရဲ့ S-Force ကိုပြုလုပ်ချင်တယ်ဆိုရင် ဒီမှာနှိပ်ပါ

ပြီးပါကဖော်ပြပါ ပုံစံကိုဖြည့်သွင်းပါ။

ပထမအမည်၊ ဒုတိယအမည် တို့ကိုဖြည့်သွင်းပါ။

အီးမေးလ်လိပ်စာ ထည့်သွင်းပါ။ (အီးမေးလ်လိပ်စာကိုနှစ်ခါဖြည့်သွင်းရပါမည်)

မိမိတည်ရှိတဲ့ တိုင်းဒေသကြီး သို့မဟုတ် မိမိတည်ရှိတဲ့ပြည်နယ်ကိုဖြည့်သွင်းပါ။

မိမိတည်ရှိတဲ့မြို့ကိုဖြည့်သွင်းပါ။

နောက်ဆုံးတွင် မိမိရဲ့ အသုံးပြုနေတဲ့ ဖုန်းနံပါတ်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။

ပုံစံများဖြည့်သွင်းပြီးသွားတဲ့အခါ အတည်ပြုမည်  ကိုနှိပ်ပါ။

အတည်ပြုမည်ကိုနှိပ်ပြီးပါကဖြည့်သွင်းထားသော အီးမေးလ် သို့မဟုတ် ဖုန်းသို့ အတည်ပြုကြောင်း အကြောင်းကြားစာပေးပို့မည်ဖြစ်ပါတယ်။

မေးလ်ထဲတွင် စီးပွားရေးအခွင့်အလမ်းဆွေးနွေးပွဲသို့ သင့်အားဖိတ်ခေါ်စာကို ရရှိမည်ဖြစ်တယ်။ ဆွေးနွေးပွဲပြီးဆုံးပါက သင်၏ပထမဆုံးသင်တန်းအတွက် Shop.com.mm မှ ဖိတ်ခေါ်မည်ဖြစ်ပါတယ်။ သင့်အတွက် လုပ်ငန်းလုပ်ရန်လိုအပ်မည့်အရာအားလုံးကို Shop.com.mm မှ ဖြည့်ဆည်းပေးမည်ဖြစ်သည်။

Samsung Galaxy Note 7 ဘတ်ထရီထုတ်သည့်စက်ရုံ မီးလောင်မှုဖြစ်

Previous article

အွန်လိုင်းအသုံးပြုပြီး Website တွေက ငွေဘယ်လိုရှာလို့ ရနိုင်မလဲ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Finance