ရောက်ရှိနေသည့်နေရာ
Home > DIY > Raspberry Pi နှင့် ဖန်တီး အသုံးပြုနိုင်မည့် နည်းပညာ ပစ္စည်း (၂၃) မျိုး

Raspberry Pi နှင့် ဖန်တီး အသုံးပြုနိုင်မည့် နည်းပညာ ပစ္စည်း (၂၃) မျိုး

Raspberry Pi ကို ကျောင်းများတွင် အခြေခံ ကွန်ပျူတာသိပ္ပံ သင်ကြားနိုင်ရန်အတွက် Raspberry Pi Foundation က ၂၀၁၂ ခုနှစ်တွင် ရည်ရွယ်ထုတ်လုပ်ခဲ့သည့် တန်ဖိုးနည်း အသေးစား ကွန်ပျူတာတစ်မျိုး ဖြစ်သည်။ မူလ Raspberry Pi ကို Broadcom BCM2835 system on a chip (SoC) တွင် အခြေခံထားပြီး ARM1176JZF-S 700MHz processor, VideoCore IV GPU နှင့် 256MB RAM ဖြင့် တင်ပို့ရောင်းချခဲ့သည်။ နောက်ပိုင်းထုတ်လုပ်သည့် Model B နှင့် Model B+ တွင် 512MB အထိ အဆင့်မြှင့်တင်ပေးခဲ့သည်။ အဆိုပါ Raspberry Pi ကို ရောင်းချမှုနှုန်းသည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အလုံးရေ ၄.၅ သန်းရှိခဲ့သည်။ ထို့ကြောင့် လူကြိုက်များသည့် ထုတ်ကုန်တစ်ခု ဖြစ်သော Raspberry Pi ကို အသုံးပြုပြီး ဖန်တီးနိုင်မည့် နည်းပညာ ပစ္စည်း (၂၃) မျိုးကို ဖော်ပြလိုက်ပါသည်။

1. Mod My Pi

Mod My Pi သည် အရောင်အသွေးစုံလင်သည့် case များဖြစ်သည်။ ၎င်းတွင် art injection moulding နည်းပညာများကို အသုံးပြုထားသည်။ ဈေးနှုန်းကလည်း ကြီးမြင့်ခြင်း မရှိပေ။

2. ကိုယ်ပိုင် Pi case တစ်ခု ပြုလုပ်ခြင်း

PDF ဖိုင်ကို print ထုတ်ပြီး ၎င်းတွင် ပြသထားသည့် ပုံစံအတိုင်း ဖြတ်/ညှပ်/ကပ် ပြုလုပ်ကာ ကိုယ်ပိုင် Pi case တစ်ခု ဖန်တီးနိုင်သည်။

3. ဧည့်ခန်းသုံး PC

Pi ကို case တစ်ခုမှာ ထည့်သွင်းပြီးပြီဆိုရင် ၎င်းကို တီဗီနှင့် ချိတ်ဆက်ပြီး OpenELEC နှင့်အတူ အသေးစား မီဒီယာ အတွေ့အကြုံကို ခံစားနိုင်သည်။ OpenELEC installation အတွက် ဒီမှာ ကြည့်ပါ။

4. အသေးစား Web browser

Raspberry Pi ကို တီဗီနှင့် ချိတ်ဆက်ထားပြီဆိုရင် အကောင်းဆုံး browser တစ်ခုကို ထည့်သွင်းရန် လိုအပ်သည်။ Chromium ကိုထည့်သွင်းရန်အတွက် Terminal ကိုဖွင့်ပြီး ‘sudo apt- get install chromium-browser’ ကို ရိုက်ကာ Enter ကိုနှိပ်ခြင်း ဖြင့် ပြုလုပ်နိုင်သည်။

5. ZX Spectrum Pi

ZX Spectrum emulator ကို Pi ပေါ်တွင် အသုံးပြုရန်အတွက် Terminal တွင် ‘sudo apt-get install fuse-emulator-common’ ဟု ရိုက်ပြီး Enter ကိုနှိပ်ပါ။ ပြီးလျှင် download နှင့် install အတွက် ‘y’ ကိုနှိပ်ပြီး အတည်ပြုပါ။

Fuse ကို ထည့်သွင်းပြီးလျှင် prompt ကို ပြန်သွားပြီး ‘sudo apt-get install spectrum-roms fuse-emulator-utils’ ဟု ရိုက်၍ Enter နှိပ်ပါ။ ပြီးလျှင် prompt သို့ပြန်သွားပြီး ‘sudo amixer cset numid=3 2’ ဟု ရိုက်၍ Enter နှိပ်ပါ။

6. Retro Pi

Spectrum နှင့် ဂိမ်းကစားရုံဖြင့် မတင်းတိမ်ပါက RetroPie Project ဖြင့် SNES, Mega Drive စသည့် ဂိမ်းစက်အဟောင်း တစ်ခုအနေဖြင့် ဖန်တီးနိုင်သည်။ ပြုလုပ်ပုံကို ဒီမှာ လေ့လာနိုင်သည်။

7. Arcade Pi

Arcade ဂိမ်းစက်တစ်ခု ဖန်တီးလိုသူများ အနေဖြင့်လည်း RPi သုံးစွဲသူ၏ လမ်းညွှန်ချက်အတိုင်း ပြုလုပ်ကာ ဖန်တီးနိုင်သည်။ လမ်းညွှန်ချက်ကို ဒီနေရာတွင် လေ့လာနိုင်သည်။

8. Windows 3.0 ကို Pi ပေါ်တွင် သုံးခြင်း

QEMU မှတစ်ဆင့် DOS 6.22 နှင့် Windows 3.0 ကို အသုံးပြုလိုသူများ အနေဖြင့် Kirsle သို့သွားပြီး VirtualBox (VDI) image ကို extract လုပ်ပါ။ ပြီးလျှင် VirtualBox ကို အသုံးပြုပြီး VDI ကို raw IMG သို့ convert လုပ်ရန်အတွက် ‘vboxmanage clonehd “image.vdi” “image.img” –format RAW’ ကို ရိုက်ပါ။ ‘image’ နေရာတွင် အသုံးပြုသူ၏ image အမည်ကို ထည့်သွင်းပါ။

ပြီးလျှင် QEMU ကို install လုပ်ရန်အတွက် ‘sudo apt-get install qemu’ ကို ရိုက်ပါ။ ထို့နောက် raw image ကို QEMU qcow image အဖြစ်ပြောင်းရန် ‘qemu- img convert -f raw image.img -O qcow2 image.qcow’ ကို ရိုက်ထည့်ပါ။ နောက်ဆုံးအနေဖြင့် image ကို run ရန်အတွက် ‘qemu image.qcow’ ကို ရိုက်ထည့်ပါ။

9. Robotics

အွန်လိုင်းမဂ္ဂဇင်း RPi MagPi က Pi နှင့် အလုပ်လုပ်နိုင်မည့် စက်ရုပ်လက်တစ်ခု ပြုလုပ်ပုံကို ဖော်ပြခဲ့သည်။ ၎င်းကို ဒီနေရာတွင် လေ့လာနိုင်သည်။

10. Robotics 2

အကယ်၍ စက်ရုပ်များကို ဖန်တီးပြုလုပ်လိုပါက Magpi ၏ လမ်းညွှန်ချက်အတိုင်း ပြုလုပ်နိုင်သည်။ လမ်းညွှန်ချက်ကို ဒီနေရာတွင် လေ့လာနိုင်သည်။

11. Learn to program

RPi သည် language အများအပြားကို ရွေးချယ်နိုင်သည့် ကောင်းမွန်သော programming platform တစ်ခုကို ပြုလုပ်နိုင်သည်။ ပြုလုပ်ပုံကို ဒီနေရာတွင် လေ့လာနိုင်သည်။

12. Scratch the Pi

Scratch သည် အလွယ်တကူ အသုံးပြုနိုင်သည့် programming language တစ်ခုဖြစ်သောကြောင့် ကလေးငယ်များအား အလွယ်တကူလေ့လာစေနိုင်ပြီး ကောင်းမွန်သည့် programming project များကိုလည်း ဖန်တီးနိုင်သည်။ အသုံးပြုလိုသူများ ဒီနေရာတွင် လေ့လာနိုင်သည်။

13. Spectrum BASIC for RPi

Spectrum ဂိမ်းများကို emulator မှတစ်ဆင့် ကစားနိုင်သလို SpecBAS ကို အသုံးပြု၍လည်း ကစားနိုင်သည်။

14. Firefox OS on Pi

Raspberry Pi ပေါ်တွင် Firefox OS ကို ထည့်သွင်းအသုံးပြုနိုင်သည်။ အသုံးပြုလိုပါက ဒီနေရာတွင် လေ့လာနိုင်သည်။

15. RISC OS for Pi

RISC OS ကိုလည်း RPi ပေါ်တွင် အသုံးပြုနိုင်သည်။ Download နှင့် လမ်းညွှန်ချက် အပြည့်အစုံကို ဒီနေရာတွင် လေ့လာနိုင်သည်။

16. ဘီယာဗူးနှင့် လုပ်ထားသည့် ကီးဘုတ်

Robofun အဖွဲ့သည် Raspberry Pi တစ်ခုတွင် ဘီယာဗူးများကို Arduino board နှင့် ချိတ်ဆက်ကာ ကီးဘုတ်တစ်ခုအသွင် ဖန်တီးခဲ့သည်။ ၎င်းတို့၏ တီထွင်မှုကို အောက်ပါ ဗီဒီယိုတွင် ကြည့်နိုင်သည်။

17. BitTorrent Server

Rapsberry Pi ကို အသုံးပြုပြီး ဈေးသက်သာသည့် Torrent server တစ်ခုအသွင် ဖန်တီးနိုင်သည်။ လမ်းညွှန်ချက် အပြည့်အစုံကို ဒီနေရာတွင် လေ့လာနိုင်သည်။

18. RPi cloud server

Raspberry Pi ဖြင့် ကိုယ်ပိုင် cloud server ကို ဖန်တီးနိုင်သည်။ ကိုယ်ပိုင် cloud server ဖန်တီးခြင်းကို ဒီနေရာတွင် လေ့လာနိုင်သည်။

19. RPi UAV

Raspberry Pi ဖြင့် အဝေးထိန်းလေယာဉ် (UAV) များကိုလည်း ဖန်တီးနိုင်သည်။

20. RPi Weather Station

Raspberry Pi ကို Maplin ၏ USB Wireless Touch Weather Station တစ်ခုနှင့် အသုံးပြုပြီး မိုးလေဝသဌာနတစ်ခု အနေဖြင့် အသုံးပြုနိုင်သည်။ ပြုလုပ်ပုံကို ဒီနေရာတွင် လေ့လာနိုင်သည်။

21. ၁၀ လက်မ RPi Touchscreen

၁၀ လက်မအရွယ် capacitive touchscreen နှင့် HDMI-LVDS converter ကို အသုံးပြုပြီး touchscreen Raspberry Pi ကို ဖန်တီးနိုင်သည်။ ပြုလုပ်ပုံကို အောက်ပါ YouTube ဗီဒီယိုတွင် လေ့လာနိုင်သည်။

22. Minecraft

နာမည်ကျော် ဂိမ်းတစ်ခုဖြစ်သည့် Minecraft ကို Raspberry Pi တွင် ကစားနိုင်သည်။ အခမဲ့ ကစားနိုင်သည့် အဆိုပါဂိမ်းအတွက် လမ်းညွှန်ချက်ကို ဒီနေရာတွင် လေ့လာနိုင်သည်။

23. Raspberry Pi Cluster

Raspberry Pi ဖြင့် စူပါကွန်ပျူတာတစ်ခု ဖန်တီးနိုင်သည်။ ဆောက်သမ်တန် တက္ကသိုလ်၏ RPi စူပါကွန်ပျူတာတစ်ခု ပြုလုပ်နည်းကို ဒီနေရာတွင် လေ့လာနိုင်သည်။

Ref: CNET

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Leave a Reply

Top
%d bloggers like this: